မိသားစုဝင်တစ်⁠ယောက် တိုးလာ⁠တော့မှာမို့ ⁠ပျော်⁠နေတဲ့ ⁠မေထွဋ်⁠ခေါင်

ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင် မေထွဋ်ခေါင်က နောက်ထပ် မိသားစုဝင်လေးတစ်ယောက် တိုးတော့မှာမို့ ပျော်လို့နေပါတယ်။ အခုလက်ရှိတွင် သူမမှာ ဒုတိယကိုယ်ဝန်ကိုလွယ်ထားနေရပြီလို့ သိရပါတယ်။

အဲ့ဒါနဲ့ ပတ်သက်ပြီးတော့ သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ လွန်ခဲ့တဲ့ ယခုလို ရေးပြီး တင်ထားလေးတွေ့ရပါတယ်။

“ခုတော့ မိသားစု ၃ ယောက်တည်း ကစားနေတာပေါ့နော်    2018 နှစ်မကုန်ခင် မိသားစုဝင် အသစ်လေးထပ်တိုးလာတော့မှာ။

နောက်ဆိုရင် မိသားစု ၄ ယောက် ကစားရတော့မယ်။ မီးမီးလေး နန်းစံသူက မမကြီးဖြစ်တော့မယ်။

ဖေဖေကြီး ဦးဆီဇာလည်း ခေးနှစ်ယောက်အဖေကြီး ဖြစ်ပီပေါ့။” ဆိုပြီး ပြောထားတာ ဖြစ်ပါတယ်။

မေလ(၂၉)ရက်နေ့ ၂၀၁၆ခုနှစ်က ဆီဇာညီညီနဲ့ မေထွဋ်ခေါင် တို့ရဲ့ဟာ နှစ်ယောက်တစ်ဘဝ တည်ထောင်ခဲ့တာ ဖြစ်ပြီး သမီးလေးကတော့ ၂၀၁၆ခုနှစ် အောက်တိုဘာလက သူတို့နှစ်ဦးရဲ့ ဘဝထဲကို ရောက်ရှိလာတာ ဖြစ်ပါတယ်။ သူတို့နှစ်ဦးက သမီးလေးနာမည်ကို မေနန်းစံလို့ ပေးထားတယ်လို့ သိရပါတယ်။

Photo Credit –  မေထွဋ်ခေါင်

 





Leave a Reply

Your email address will not be published. Required fields are marked *