BREAKING NEWS

လီဗာပူးနဲ့ရိုးမား ချန်ပီယံလိဂ် ဆီမီး ဖိုင်နယ် အဆင့် ကို တက်ရောက်

မနေ့က ကစားခဲ့ကြတဲ့  ချန်ပီယံလိဂ်ညမှာတော့ လီးဗာပူးအသင်းနဲ့ ရိုးမားအသင်းတွေဟာ ချန်ပီယံလိဂ် ဆီမီး ဖိုင်နယ် အဆင့် ကို တက်ရောက်သွားပြီ ဖြစ်ပါတယ်။

အီတီဟတ် မှာ ဆုံ တဲ့ ပရီးမီးယားလိဂ် ထိပ်သီးနှစ်သင်း တွေ့ဆုံ ပွဲမှာတော့ လီဗာပူး က ၂ ဂိုး ၁ ဂိုး နဲ့ မန်စီးတီး ကို နိုင်ပါတယ်။ နှစ်ကျော့ပေါင်း ရလဒ် ၅ ဂိုး ၁ ဂိုး နဲ့ လီဗာပူး က ဆီမီး ဖိုင်နယ်အဆင့်ကို တက်ရောက်သွားတာပါ။

ပွဲ အစ ၂ မိနစ်မှာ မန်စီးတီး က ပထမ ဂိုး ကို စတင် သွင်းယူ ခဲ့တာ ဖြစ်ပေမယ့် လီဗာ ပူး က ၅၆ မိနစ် နဲ့ ၇၇ မိနစ်တွေမှာ ဆာလ နဲ့ ဖာမီနို တို့ က ချေပ ဂိုး နဲ့ အနိုင် ဂိုးတွေ ကို သွင်းယူ ပေးခဲ့ကြတာ ဖြစ်ပါတယ်။

အခြား ပွဲစဉ် ဖြစ်တဲ့ ရိုးမား နဲ့ ဘာစီလိုနာ ပွဲစဉ်မှာလည်း ဘာစီလိုနာ တို့ သုံးဂိုးပြတ် နဲ့ မရှုမလှ အရေး နိမ့် ခဲ့ပါတယ်။ ရိုးမား အတွက် ဒီရော့ဆီ၊ ဂျန်ကို နဲ့ မာနိုလက်စ် တို့ က သွင်းယူ ပေးခဲ့တာပါ။ ပထမ အကျော့ မှာ အဝေး ဂိုး ရရှိ ခဲ့တဲ့ ရိုးမား အသင်းဟာ ချန်ပီယံလိဂ် ဆီမီး ဖိုင်နယ် အဆင့် ကို တက်ရောက် သွားပါပြီ။နှစ်ကျော့ပေါင်း ၄ – ၄ ဂိုး ဖြစ်ခဲ့ပေမယ့် အဝေးဂိုး စည်းမျည်း အရ ရိုးမား နောက်တဆင့် ကို တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။

#Pissaya_Sport





Leave a Reply

Your email address will not be published. Required fields are marked *