BREAKING NEWS

၅.၄.၂၀၁၈ မှ ၁၁.၄.၂၀၁၈ အထိ တစ်ပတ်စာ ၇ရက်သားသမီး ⁠ဟောစာတမ်း

တနင်္ဂနွေ

ဒီကာလအတွင်း ပွဲစားအလုပ်များ ၊ ကျူ ရှင်အလုပ်များ စတဲ့လေနဲ့ ရင်းနှီးလုပ်ရတဲ့ အလုပ်များ အထူးအကျိုးပေးပါတယ်။ ရေလမ်းခရီးတွေလဲ သွားရဖို့ အကြောင်းဖန်လာတတ်ပါတယ်။ မည်သည်အလုပ်မဆို လျှို့ဝှက်စွာလုပ်ကိုင်ခြင်းဖြင့် အကျိုးဖြစ်ထွန်းမဲ့ကာလပါပဲ။ မိမိအကြံအစည်စိတ်ကူးတွေကို ဘယ်သူကိုမှထုတ်မပြောသင့်ပါဘူး။ ရွှေထွက်တတ်တဲ့ကာလပါပဲ။ ရပ်ဝေးကမိတ်ဆွေအပေါင်းအသင်းတွေရဲ့ အကူအညီပေးတာမျိုး ကြုံရလိမ့်မယ်။ အရွယ်ရောက်ပြီးတဲ့ သားသမီးတွေအဝေးသွားအလုပ်လုပ်တာမျိုး ကြုံရလိမ့်မယ်။ ကျန်းမာရေးတော့ ဂရုစိုက်စေချင်ပါတယ်။ ဝမ်းဗိုက်နဲ့ ပက် သက် သော ရောဂါတွေဖြစ်လွယ်ပါတယ်။ ပညာရေးကို အထူးဝီရိယထားကြိုးစားသင့်တဲ့ကာလပါ။ ပညာရေးအပေါ် စိတ်နှစ်ထားစေချင်ပါတယ်။ အချစ်ရေးကံခေနေတယ်လို့ပြောလို့ရပါတယ်။ ချစ်သူရဲ့ဥပေက္ခာပြုထားခြင်း ခံရတတ်ပါတယ်။

အကျိုးပေးဂဏန်း ၄/၅/၁
အထူးဟော အလုပ်တော့ များပါလိမ့်မယ်
ယတြာ အုန်းသီးပါသောမုန့်တစ်မျိုးမျိုး ဘုရားကပ်လှူပါ။

တနင်္လာ

ကံကောင်းခြင်း ကံဆိုးခြင်းတွေ တစ်လှည့်စီကြုံတွေ့ရတတ်ပါတယ်။ စိုင်ကော်လို့ ခြုံပေါ်ရောက်တဲ့ ကံမျိုးလဲ ကြုံရတတ်ပါတယ်။ ဒီကာလအတွင်းမှာ အလုပ်သစ်စတင်ခြင်း၊ အိမ်ပြောင်းခြင်း၊ ဆိုင်သစ်ဖွင့်ခြင်းတွေ ခဏဆိုင်းငံ့ထားစေချင်ပါတယ်။ ငွေကြေးကဏ္ဍကတော့ ဝင်သလောက် အဖတ် မတင် ပြန်ထွက်သွားတတ်ပါတယ်။ အသုံးနဲ့ အဖြုန်းနားလည်သင့်တဲ့ ကာလပါ။ ကျန်းမာရေးကတော့ အညံ့အဆိုးနည်းပါတယ်။ အရေးပြားနဲ့ ပက်သက်သော ရောဂါဝေဒနာများ ခံစားရနိုင်ပါတယ်။ ပညာရေးထွန်းပေါက်မဲ့ ကာလပါ။ ဆရာသမားတွေရဲ့ နည်းပေးလမ်းပြမှုတွေရရှိနိုင်မှာပါ။ အချစ်ရေး ကတော့ အကောင်းဘက်မှာရှိပါတယ်။ ဒါပေမဲ့ ချစ်သူရဲ့ သဝန်တိုချုပ်ချယ်မှုတွေကြောင့် စိတ်ညစ် စိတ်ရှုပ်ရတတ်ပါတယ်။
အိမ်ထောင်သည် များ အိမ်ထောင်ရေး အိမ်တွင်းရေးသောကများရတတ်ပါတယ်။

အကျိုးပေးဂဏန်း ၆/၈/၉
အထူးဟော စိတ်ပင်ပန်းရတတ်ပါတယ်။
ယတြာ သစ်သီး ၆မျိုး ဘုရားကပ်လှူပါ။

အင်္ဂါ

ဒီကာလအတွင်း ဇာတာရှင်ဟာစပ်စုလိုစိတ်၊သိလိုစိတ်ပြင်းထန်နေတတ်ပါတယ်။ အရာရာငါသိငါတတ်လုပ်လိုစိတ်လဲ ဒီကာလမှာဖြစ်နေတတ် ပါတယ်။ ဖြန့်ဖြူးရေး ဖြန့်ချီရေးအလုပ်များ ၊ကိုယ်စားလှယ်အလုပ်များ စတဲ့ လက်ကားစီးပွားရေးများအထူးအကျိုးပေးပါတယ်။ ရစရာရှိတဲ့ ငွေကြေးများ ၊ ဆုံးပြီးလို့ထင်ထားတဲ့ ငွေကြေးများ လက်ဝယ်ပြန်ရရှိမဲ့ အချိန်ကာလပါပဲ။ နေရာအပြောင်းအလဲ ၊ ဌာနအပြောင်းအလဲတွေလဲတွေ့ရကြုံရတတ်ပါတယ်။ သားသမီးကြောင့် ပူပန်ကြောင့်ကြရမဲ့ အချိန်ကာလပါပဲ။ဘာသာရေးနဲ့ ပက်သက်သော အသုံးအဆောင်ပစ္စည်းများလဲ ဒီကာလမှာလက်ဆောင်ရ တတ်ပါ တယ်။ အိမ်ထောင်ရေးအိမ်တွင်းရေး သာယာချမ်းမြေ့ပါလိမ့်မယ်။ ပညာရေးအထူးကံကောင်းပါလိမ့်မယ်၊၊ သင်ပြပေမဲ့ ဆရာကောင်းသမားကောင်းတွေ လဲ တွေ့ရကြုံရတတ်ပါတယ်။ ချစ်သူနဲ့ ပျော်စရာအချိန်တွေအဖြစ် ဖန်တီးနိုင်မှာပါ။

အကျိုးပေးဂဏန်း ၃/၆/၇
အထူးဟော ကံမြင့်မားနေပါလိမ့်မယ်။
ယတြာ စိတ်ကျန်းမာရေးအားနည်းသူကို အာဟာရဒါန လှူဒါန်းလိုက်ပါ။

ဗုဒ္ဓဟူး

ဖြေးဖြေးမှန်မှန် တိုးတတ်မဲ့ကာလပါပဲ။ ဘယ်ကိစ္စမဆိုခေါင်းအေးအေးထားပြီးလုပ်ကိုင်စေချင်ပါတယ်။တဇွတ်ထိုးလုပ်ချင်တဲ့ စိတ်တွေ ၊မစဉ်းစားဘဲ လုပ်ချင်တဲ့စိတ်တွေပြင်းထန်နေတဲ့ကာလအပိုင်းအခြားပါ။အလုပ်စီးပွား တိုးတတ်နိုင်ပေမဲ့ လုပ်ငန်းကြီးကျယ်စွာ ချဲ့ထွင်မှုများ ၊ ငွေကြေးရင်းနှီးမြုပ်နှံမှုများ မလုပ်သင့်သေးပါဘူး။ ကျန်းမာရေးညံ့ဖျင်းတာမျိုး မရှိပေမဲ့ Expire Date ဖြစ်နေတဲ့ အစားအသောက်တွေ မသိဘဲ စားမိတာမျိုးကြောင့် ဒုက္ခများရတတ် ပါတယ်။ အိမ်ထောင်သည်အမျိုးသားများ မိန်းမကိစ္စအရှုပ်အထွေးကြုံရနိုင်တဲ့အတွက် ဆင်ခြင်ဖို့လိုပါတယ်။ အချစ်ကဏ္ဍမှာတော့ ချစ်သူက ဒုတိယလူပေါ် လာ တာမျိုး ကြုံရတတ်ပါတယ်။ ရပ်ဝေးက ဆွေမျိုးတွေရဲ့ သာရေးနာရေး ကိစ္စတွေပေါ်ပေါက်လာတတ်တာကြောင့် ခရီးသွားရတတ်ပါတယ်။ ပညာရေးကတော့ အားနည်းချက်တွေရှိနေဆဲပါ။ မိမိကိုယ်တိုင်ပညာရေးအပေါ် စိတ်ပါမှုအားနည်းနေတတ်ပါတယ်။

အကျိုးပေးဂဏန်း ၄/၈/၃
အထူးဟော ကံသင့်ပါတယ်၊
ယတြာ လက်ဖက်ရည် ၄ခွက် ဘုရားကပ်လှူပေးပါ။

ကြာသပတေး

ဒီကာလအတွင်း အထိုင်စီးပွားရေးများအထူးအကျိုးပေးပါတယ်။ ကိုယ်ပိုင်ဈေးဆိုင် ဖွင့်ထားသူများ ဖောက်သည်သစ်များရလာတတ်ပါတယ်။ ခရီးတိုလေးတွေ လဲ ခဏခဏသွားလာရတတ်ပါတယ်။ နည်းနည်းတော့ လူပင်ပန်းရတာမျိုးတော့ ရှိပါလိမ့်မယ်။ အိပ်ရေးပျက်ခံပြီးအလုပ်မလုပ်ပါနဲ့ ။ ပင်ပန်းရာကစလို့ ကျန်းမာရေးထိခိုက်တာမျိုး ဖြစ်ရကြုံရတတ်လို့ပါပဲ။ အစားမှားဆေးမှားတွေလဲ ဖြစ်တတ်ပါတယ်။ ငွေကြေးကံက အထွက်နည်းပါလိမ့် မယ်။ ငွေကြေးချေး ဌားခြင်းမျိုးတော့ မလုပ်ပါနဲ့အုံး။ အာမခံပေးခြင်း ကတိလွယ်လွယ်ပေးခြင်းများရှောင်လိုက်ပါ။ အချစ်ရေး ကံကတော့ သင့် တယ် လိုပဲ ပြောရမှာပါ။ ကိုယ်က ချစ်သူအပေါ် အမိန့်ဆန်ဆန် စကားတွေမပြောမိဖို့တော့ လိုပါတယ်။ အိမ်ထောင်သည်အမျိုးသားများ ဇနီးနဲ့ စကားများရခြင်းမျိုးကြုံရတတ်ပါတယ်။ ပညာရေးကတော့ မိမိရဲ့ ကြိုးစားမှုအပေါ်မှာပဲ မူတည်ပါတယ်။ သတိထားမိတာက မိမိကိုယ်တိုင်လဲ အထူးဝီရိယထား စာကြိုးစားနေမိတတ်ပါတယ်

အကျိုးပေးဂဏန်း ၃/၄/ဝ
အထူးဟော ကံညံ့နေချိန်ပါပဲ။
ယတြာ နီးစပ်ရာစေတီပုထိုးမှာ ညလုံးပေါက်လျှပ်စစ်မီးပူဇော်ပါ။

သောကြာ

စိတ်ချမ်းမြေ့ရတတ်ပါတယ်။ ဘာသာတရားအပေါ် ပိုမိုသက်ဝင်ယုံကြည်နေမိတဲ့ကာလပါ။ ပရဟိတအလုပ်များ ထူးထူးခြားခြားလုပ်ဖြစ်နေ တတ်ပါ တယ်။ ငွေကြေးကံလဲကောင်းတတ်ပါတယ်။ကျန်းမာရေးကတော့ တရှောင်ရှောင်ဖြစ်လွယ်ပါတယ်။ အဆိုးကြီးမဟုတ်ပေမဲ့ ကျန်းမာရေးကိုတော့ ဂရုစိုက်စေချင်ပါတယ်။ ရပ်ဝေးကသတင်းကောင်းတွေလဲ ကြားရတတ်ပါတယ်။ဝေးကွဲနေတဲ့ချစ်သူများ ပြန်လည်ဆုံစည်းရမဲ့ကာလပါပဲ။ စီးပွားရေးတိုး တတ်အောင်မြင်မှာပါ။ ဘာသာခြား လူမျိုးခြားတွေနဲ့ ပက်သက်ဆက်နွယ်သောအလုပ်များ အထူးအကျိုးပေးပါလိမ့်မယ်။ အိမ်သစ်ဆောက်ခြင်း လုပ်ငန်းသစ် စတင်ခြင်းတွေအထူးကောင်းမွန်မဲ့ကာလပါပဲ။ ပညာရေးကံကလဲ ထူးခြားစွာတိုးတတ်အောင်မြင်မှာပါ။ အင်တာဗျူးကိစ္စများ စာမေးပွဲကိစ္စများအဆင်ပြေ မှာပါ။

အကျိုးပေးဂဏန်း ၆/၇/၂
အထူးဟော အကြံအစည်တွေပျက်ရတတ်ပါတယ်။
ယတြာ ဘုရားရှစ်ခိုးပြီးတိုင်း ဘုရားရှင်ကို ယပ်တော်သွင်းပါ။

စနေ

ဒီကာလအတွင်း အလုပ်စီးပွား အထူးတိုးတတ်ပါလိမ့်မယ်။ မိမိလိုအင်ဆန္ဒတွေပြည့်မြောက်ပါလိမ့်မယ်။ ကောင်းသောခရီးတွေလဲသွားရဖို့ အကြောင်း ဖန်လာပါလိမ့်မယ်။ ငွေကြေးလာဘ်လာဘတွေလဲပေါများပါလိမ့်မယ်။အားနည်းချက်က မိတ်ဆွေတု၊မိတ်ဆွေယောင်တွေ အနားမှာရှိနေတတ်တယ်။ မိမိအောင်မြင်မှုကို မနာလိုသူ မရှု့စိမ်တဲ့သူတွေကိုလဲ သတိထားသင့်ပါတယ်။ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ တိုးတတ်အောင်မြင်မဲ့ အချိန်ပါ။ ခရီး သွားလုပ်ငန်းများ ၊ကုန်သွယ်မှုလုပ်ငန်းများ ဒီကာလမှာအကျိုးဖြစ်ထွန်းပါလိမ့်မယ်။ ဇိမ်ခံပစ္စည်းများ၊ အသံနှင့်ဆိုင်သောပစ္စည်းများ ဝင်လာတတ်ပါတယ်။ အချစ်ရေးကံမညံ့ပေမဲ့ ချစ်သူနဲ့ အနေဝေးရလိမ့်မယ်။ ကျန်းမာရေးအားနည်းချက်မရှိပေ မဲ့ accident ဆိုတာမျိုး ဂရုစိုက်ပါ။ ပညာရေးကံမြင့်မားနေမဲ့ မိမိကိုယ်တိုင်က တွက်စာအားနည်းနေတာမျိုးကြုံရတတ်ပါ
တယ်။

အကျိုးပေးဂဏန်း ၇/၀/၎
အထူးဟော စီးပွား တိုးတတ်အောင်မြင်ပါလိမ့်မယ်
ယတြာ ငါးစာကျွေးပါ။

Source – ငြိမ်းအေးလူ (ဗေဒင်သုတေသီ)





Leave a Reply

Your email address will not be published. Required fields are marked *