BREAKING NEWS

ပရီးမီးယားလိဂ်ဂိုးသွင်းဘုရင်ဆု ရယူသွားလိုကြောင်း ဟာရီကိန်း ပြော

စပါးအသင်းရဲ့ တိုက်စစ်မှူး ဟာရီကိန်းဟာ ရာသီကုန်ဆုံးချိန်မှာ  ပရီးမီးယားလိဂ်ဂိုးသွင်းဘုရင်ဆု ရယူသွားလိုကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ဟာရီကိန်းဟာ ခြေချင်းဝတ်ဒဏ်ရာကြောင့် အနားယူနေရာမှ ပြီးခဲ့တဲ့ ချယ်လ်ဆီးအသင်းနဲ့ ကစားခဲ့တဲ့ ပွဲမှာ ပြန်လည်ကစားနိုင်ခဲ့ပြီး ရာသီကုန်တိုက်ပွဲများကို ဆင်နွှဲသွားရန် အသင့်ဖြစ်နေပြီလို့လည်း ပြောကြားလိုက်ပါတယ်။

ဒါအပြင် ပရီးမီးယားလိဂ်ဂိုးသွင်းဘုရင်ဆု အတွက်လည်း တိုက်ပွဲဝင်တာသွားမှာ ဖြစ်တယ်လို့ ဟာရီကိန်းက ပြောပါတယ်။

စပါးတိုက်စစ်မှုး ဟာရီကိန်းဟာ လက်ရှိ လီဗာပူးလ်တိုက်စစ်မှုး မိုဟာမက် ဆာလတ်ထက် ပရီးမီယားလိဂ် သွင်းဂိုး ၅ ဂိုးထိလျော့နည်းနေသေးတာလည်း ဖြစ်ပါတယ်။

#Pissaya_Sport





Leave a Reply

Your email address will not be published. Required fields are marked *