BREAKING NEWS

အရည်အသွေးပေါ်မှုတည်ပြီး နှမ်းဈေး အတက်အကျဖြစ်နေ

မန္တလေး နှမ်းဈေးကွက်အတွင်းမှာ အရည်အသွေးပေါ်မှုတည်ပြီး နှမ်းဈေးနှုန်းများ ပြောင်းလဲလျက်ရှိနေတယ်လို့ ပွဲစား၊ ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော်အသင်း (မန္တလေး) မှ သိရပါတယ်။

နှမ်းဈေးနှုန်းများမှာ အရည်အသွေးပေါ်မှုတည်ခြင်းကြောင့်သာ ဈေးနှုန်းမတည်ငြိမ်တာ ဖြစ်ပြီး ပုံမှန် အရောင်းအဝယ်ဖြစ်နေကြောင်း ပွဲစား၊ ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော် အသင်း (မန္တလေး) ရဲ့ ဒုတိယဥက္ကဌ ဦးညွန့်ဝေက ပြောပါတယ်။

“နှမ်းဈေးကတော့ ဒီတိုင်းလေးပဲသွားနေလိမ့်မယ်။ ကျတယ်၊ တက်တယ်ဆိုတာကလည်း အရည်အ သွေးပေါ်မှုတည်ပြီး ဈေး အနိမ့်၊ အမြင့်ပြောင်းလဲနေတာပါ။ နှမ်းသစ်ကလည်း လှိုင်လှိုင်မပေါ်သေးဘူး ။ နှမ်းဟောင်းကလည်း ရှိနေသေးတယ်။ တကယ်လို့ နှမ်းသစ်ပေါ်လာလည်း ဈေးက သိပ်ကျသွားမယ် မထင်ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ဝယ်လိုအားကလည်း ပုံမှန်ရှိနေတဲ့အတွက်ပါ။ ဒီအတိုင်းပဲ ဈေးနှုန်းက သွားဖို့များပါတယ်။ ဒီဈေးနှုန်းပတ်ချာလည်ပါပဲ”

အခုလက်ရှိ နှမ်းဈေးကွက်အတွင်း နှမ်းညို ၄၅ ပိဿာကို ၁၀၅၀၀၀၊ ၁၀၈၀၀၀၊ ဂျပန်နှမ်းဖြူ ၄၅ ပိဿာကို ၁၃၀၀၀၀၊ ၁၄၀၀၀၀၊ နှမ်းနက် ၄၅ ပိဿာကို ၁၀၀၀၀၀၊ ၁၀၅၀၀၀၊ ဆောင်းနှမ်း ၁၀၀၀၀၀၊ ၁၀၅၀၀၀၊ နှမ်းနက်(စမုံ) ၄၅ ပိဿာကို ၁၁၅၀၀၀၊ ၁၁၈၀၀၀ ဈေးနှုန်းရှိနေကြောင်း ပွဲစား၊ ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော်အသင်း (မန္တလေး) မှ သိရပါတယ်။

#Trade_News

#Pissaya_Info ဝေဖြိုးနိုင်





Leave a Reply

Your email address will not be published. Required fields are marked *