BREAKING NEWS

နယ်သာလန်ကို ဂိုးပြတ်ရှုံးတဲ့ ပေါ်တူဂီ

ဥရောပဖလား ချန်ပီယံ ပေါ်တူဂီအသင်းဟာ နယ်သာလန်အသင်းနဲ့ ကစားခဲ့တဲ့ပွဲမှာ ၃ ဂိုးပြတ်ရှုံးနိမ့်ခဲ့ရပါတယ်။

ဒီပေး၊ ဘာဘယ် နဲ့ ဗာဂျီဗန်ဒိုက်တို့ရဲ့ ပထမပိုင်းသွင်းဂိုးတွေနဲ့  ပေါ်တူဂီ အသင်းဟာ နယ်သာလန် ကို ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။အခုပွဲရှုံးနိမ့်မှုဟာ ကစားသမားတွေမှာ တာဝန်မရှိဘဲ သူမှာသာ တာဝန်ရှိကြောင်း ပေါ်တူဂီနည်းပြ ဖာနန် ဒိုဆန်းတို့စ်က ပြောပါတယ်။

အဲ့ဒီပွဲမှာ ပေါ်တူဂီ အသင်း ခေါင်းဆောင် ရော်နယ်ဒိုဟာ ဂိုးမသွင်းနိုင်ဘဲ ဒုတိယပိုင်းအစမှာ လူစားလဲခံခဲ့ရပါတယ်။

ပေါ်တူဂီဟာ ယခုနှစ် ကမ္ဘာ့ဖလားမှာ စပိန်၊ အီရန်၊ မော်ရို ကိုတို့နှင့် တစ်အုပ်စုတည်း ကျ ရောက်နေတာ ဖြစ်ပါတယ်။

#Pissaya_Sport





Leave a Reply

Your email address will not be published. Required fields are marked *