BREAKING NEWS

ဒီ⁠နှစ်အတွက် အကယ်ဒမီဆုကို ⁠အောင်ပွဲခံ⁠နိုင်သူများစာရင်း

၂၀၁၇ ခုနှစ်အတွက် အကယ်ဒမီဆုပေးပွဲကို မတ်လ(၂၃)ရက်နေ့ ညနေ(၃)နာရီကစပြီး မင်းဓမ္မလမ်းပေါ်ရှိ Myanmar Event Park မှာ ကျင်းပပြုလုပ် ခဲ့ပါတယ်။

အဆိုပါပွဲအခန်းအနားကို မြန်မာ့နိုင်ငံ၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းဆုကြည် တက်ရောက် မိန့်ခွန်းပြောကြားခဲ့ပါတယ်။

ဒီနှစ်မှာတောဲ့ မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲကို မြန်မာ့ရုပ်ရှင်လောကသားများ တော်တော်များများတက်ရောက်အားပေးခဲ့ကြပါတယ်။

၂၀၁၇ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ အောင်မြင်စွာဆွက်ခူးနိုင်သူတွေကတော့

တစ်သက်တာ ရုပ်ရှင်ထူးချွန်ဆု ကိုတော့ စည်သူဘိုကလေးတင့်အောင်

အကောင်းဆုံးဇာတ်ကားဆုကိုတော့ နေခြည်မှာရွှေရည်လောင်း ရုပ်ရှင်ဇာတ်ကား

အကောင်းဆုံး ဒါရိုက်တာဆုကိုတော့ စင်ရော်မောင်မောင် (ထာဝရအမေ ဇာတ်ကား)

အကောင်းဆုံး ဇာတ်ညွှန်းဆု ကိုတော့ ဝိုင်း (ရင်ဘတ်ထဲကဓား ဇာတ်ကား)

အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကိုတော့ နေတိုး (တာတေကြီး ဇာတ်ကား)

အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆု ကိုတော့ အိန္ဒြာကျော်ဇင် (ရင်ဘတ်ထဲကဓား ဇာတ်ကား)

အကောင်းးဆုံး အမျိုးသားဇာတ်ပို့ဆုကိုတော့ မြင့်မြတ် (အမှောင်တွေရွာချတဲ့မိုးတိမ် ဇာတ်ကား)

အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကိုတော့ ပိုင်ဖြိုးသု (ဘီလူးမ၊ သရဲမနှင့် မိန်းမပျို ဇာတ်ကား)

အကောင်းဆုံး ရုပ်ရှင်အသံဆု ကိုတော့ သိန်းအောင် (ထာဝရအမေ ဇာတ်ကား)

အကောင်းဆုံး ရုပ်ရှင်တည်းဖြတ်ဆုကိုတော့ အိုဝင် (ထာဝရအမေ ဇာတ်ကား)

အကောင်းဆုံး ရုပ်ရှင်ဓာတ်ပုံဆု ကိုတော့ ကျောက်ဖြူ (ပဒေသာ)၊ ကိုနေဝင်း (ဘီလူးမ၊ သရဲမနှင့် မိန်းမပျို ဇာတ်ကား) တို့က အသီးသီး ရရှိခဲ့ကြပါတယ်။

ဒီနှစ်အကယ်ဒမီ ထူးချွန်ဆုပေးပွဲမှာ ပရိသတ်တွေရဲ့  စိတ်ထဲက ခန့်မှန်ထားသူတွေနဲ့ အများဆုံး ထပ်တူကြတာကို တွေ့ရပါတယ်။

Pissaya News

Photo Credit – (ဓာတ်ပုံ − နစ်ကီ)




Leave a Reply

Your email address will not be published. Required fields are marked *