BREAKING NEWS

အာလူးစိုက္ပ်ိဳးနည္း

နိဒါန္း

ကမာၻ႔ႏိုင္ငံအမ်ားစုတြင္ အာလူးသီးႏွံသည္ အာဟာရတန္ဘိုးျမင့္ေသာေၾကာင့္ အဓိကအစားအစာအျဖင့္ စားသံုးလွ်က္ရွိေသာ သီးႏွံ   ျဖစ္ပါသည္။ စိုက္ပ်ိဳးသည့္ဧရိယာအေနျဖင့္ ပဥၥမအဆင့္တြင္ရွိၿပီး ထုတ္လုပ္မႈတန္ဘိုးအရ စတုတၳအဆင့္တြင္ ရွိပါသည္။ ျမန္မာႏိုင္ငံ တြင္ စစ္မျဖစ္ခင္ကအာလူးစိုက္ပ်ိဳးမႈရွိခဲ့ၿပီး အိႏၵိယႏိုင္ငံမွတဆင့္ ၀င္ေရာက္လာသည္ဟု သိရွိရပါသည္။ စစ္မျဖစ္မီအခ်ိန္တြင္ အာလူး တန္ခ်ိန္(၃၀၀၀၀) အား အိႏၵိယႏိုင္ငံသို႔ အမ်ားဆံုးတင္ပို႔ခဲ့ၿပီး၊ ၁၉၅၄ ခုႏွစ္တြင္ တန္ခ်ိန္ (၂၆၀၀) သာတင္ပို႔ႏိုင္ခဲ့သည္။ ၎ကာလမ်ားတြင္ စိုက္ဧက (၁၃၀၀၀) သာရွိခဲ့ၿပီး တစ္ဧကအထြက္ႏႈန္း (၂-၃) တန္ထြက္ရွိခဲ့ပါသည္။ ၁၉၉၈-၉၉ ခုႏွစ္တြင္ အာလူးစိုက္ဧက (၅၇၈၈၀) ဧက စိုက္ပ်ိဳးခဲ့ၿပီး တတစ္ဧက (၃.၈) တန္ႏႈန္းျဖင့္ တန္ခ်ိန္ေပါင္း (၂) သိန္းေက်ာ္ ထုတ္လုပ္ႏိုင္ခဲ့ပါသည္။ ျပည္တြင္သံုးစြဲမႈမွာလည္း တန္ခ်ိန္ (၂)သိန္းရွိပါသည္။ ရွမ္းျပည္နယ္တြင္ အာလူးစိုက္ဧကအမ်ားစု၏ (၇၅) ရာခိုင္ႏႈန္း ေက်ာ္စိုက္ပ်ိဳးထြက္ရွိၿပီး စိုက္ပ်ိဳးသူအတြက္ အက်ိဳးအျမတ္ရွိသည့္ သီးႏွံမ်ားျဖစ္သည့္အျပင္ အာဟာရဓာတ္တန္ဘိုးပါ ျမင့္မားသျဖင့္ ျမန္မာႏိုင္ငံအတြင္း စိုက္ပ်ိဳးျဖစ္ထြန္းႏိုင္ေသာ   ေဒသမ်ားတြင္ တိုးခ်ဲ႕စိုက္ပ်ိဳးလ်က္ရွိပါသည္။

မူရင္းေဒသ

ေတာင္အေမရိကတိုက္၏ ပီရူးႏိုင္ငံသည္ အာလူးသီးႏွံ၏ မူရင္းေဒသျဖစ္ပါသည္။ ေတာင္အေမရိကတိုက္မွ ဥေရာပတိုက္ သို႔(၁၆) ရာစုႏွစ္တြင္ စတင္ေရာက္ရွိလာပါသည္။

ျမန္မာႏိုင္ငံတြင္ အမ်ားဆံုးစိုက္ပ်ိဳးေသာေဒသမ်ား

အာလူးကို ရွမ္းျပည္နယ္တြင္ အမ်ားဆံုးစိုက္ပ်ိဳးၿပီး၊ ရခိုင္ျပည္နယ္၊ မေကြးတိုင္း၊ မႏၱေလးတိုင္း၊ ဧရာ၀တီတိုင္း( ဟသၤတ)တို႔တြင္ စိုက္ပ်ိဳးၾကပါသည္။

ရာသီဥတု

အာလူးသီးႏွံသည္ေအး၍ သမရာသီဥတုကို ႀကိဳက္ႏွစ္သက္ပါသည္။ မိုးေရခ်ိန္လက္မ (၄၀ မွ ၈၀) အတြင္း ရြာသြန္းေသာ ေဒသမ်ားတြင္   ျဖစ္ထါန္းပါသည္။ ဆည္ေရ၊ ေခ်ာင္းေရ၊ ေျမာင္းေရရရွိသည့္ ိ ေဒသမ်ားတြင္ ေဆာင္းရာသီတြင္ စိုက္ပ်ိဳးၾကပါသည္။ အာလူးစိုက္ပ်ိဳး   ျဖစ္ထြန္းသည့္ အသင့္ေတာ္ဆံုးအပူခ်ိန္ မွ (၁၆-၂၇) ဒီဂရီစင္တီဂရိတ္ျဖစ္၍ (၂၈) စင္တီဂရီစင္တီဂရိတ္ ထက္ေက်ာ္လြန္ပါက အပင္ႀကီးထြားမႈ ေႏွးေကြးသြားပါသည္။ အာလူးဥဆင္းမႈႏွင့္ ဥႀကီးထြားမႈအတြက္ ေန႔၊ ညအပူခ်ိန္ကြာျခားမႈ အနည္းဆံုး (၁၅) ဒီဂရီစင္တီဂရိတ္ ရွိရန္လိုအပ္ပါသည္။ အာလူးပင္၏ သက္တမ္းမွာ ပံုမွန္အားျဖင့္ (၃) လခြဲမွ (၄) လအတြင္း ရွိၿပီး၊ ေန႔တာရွည္ပါက သက္တမ္းအနည္းငယ္ပိုရွည္၍ ေန႔တာတိုပါက သက္တမ္းအနည္းငယ္တိုပါသည္။

ေျမအမ်ိဳးအစား

အာလူးသီးႏွံကို ေျမနီ၊ ႏုန္းတင္ေျမ၊ ခဲေျမနက္ေျမမ်ိဳးတြင္ ေကာင္းစြာစိုက္ပ်ိဳးႏိုင္ပါသည္။ ေျမေစးေျမမ်ိဳးတြင္ အာလူးစိုက္ပ်ိဳးရန္ မသင့္ပါ။ အာလူးစိုက္ပ်ိဳးရန္ အသင့္ေတာ္ဆံုးေျမ၏ pH မွာ (၅.၅ မွ ၆.၅၀ အတြင္းျဖစ္ပါသည္။ ေျမအခ်ဥ္ဓာတ္နိမ့္ပါက အသင့္ေတာ္ဆံုးေျမ pH ရရွိေစရန္မွာ ထံုးထည့္ေပးရန္ လိုအပ္ကါသည္။

လက္ရွိစိုက္ပ်ိဳးခ်ိန္မ်ား

ရွမ္းျပည္နယ္တြင္ မိုးအာလူးကို ယာေျမမ်ားတြင္ မတ္လ၊ ဧၿပီလတြင္ စိုက္ပ်ိဳးၿပီး ၾသ(ုတ္၊ စက္တင္ဘာလမ်ားတြင္ တူးေဖာ္ၾကပါသည္။ စကအာလူးအျဖစ္ ယာေျမမ်ားတြြင္ ဇူလိုင္၊ ၾသဂုတ္လတြင္ စိုက္ပ်ိဳးၿပီး ႏို၀င္ဘာလႏွင့္ ဒီဇင္ဘာလတြင္ တူးေဖာ္ၾကပါသည္။   ေဆာင္းရာသီတြင္ ေရရရွိေသာ ေနရာမ်ားတြင္ ဇန္န၀ါရီလႏွင့္ေဖေဖာ္၀ါရီလတြင္ စိုက္ပ်ိဳးၿပီး ဧၿပီလႏွင့္ေမလမ်ားတြင္ တူးေဖာ္ႏိုင္ပါ သည္။ေျမျပန္႕ေဒသမ်ားျဖစ္သည့္ မႏၱေလးတိုင္း၊ မေကြးတိုင္း (ဆင္ျဖဴကၽြန္း) ေဒသမ်ားတြင္ ကၽြန္းေျမႏွင့္သဲေခ်ာင္းမ်ားတြင္   ေအာက္တိုဘာလႏွင့္ ႏို၀င္ဘာလမ်ားတြင္ စိုက္ပ်ိဳးၿပီး ဇန္န၀ါရီလႏွင့္ ေဖေဖာ္၀ါရီလမ်ားတြင္ တူးေဖာ္ၾကပါသည္။

လက္ရွိစိုက္ပ်ိဳးလ်က္ရွိေသာမ်ိဳးမ်ား

အမ်ားဆံုးစိုက္ပ်ိဳးေသာမ်ိဳးမွာ စစ္ဗိုလ္မ်ိဳး ျဖစ္ၿပီး အာလူး၊ ဥပံုသ႑န္မွာ ဘဲဥပံုႏွင့္ လံုး၀ိုင္းပံုရွိ၍ စိုက္ပ်ိဳးသည့္ေဒသမ်ားအေပၚမူတည္၍ ဖားမ်ိဳး၊ အ၀ိုင္းမ်ိဳးဟု ေခၚေ၀ၚၾကပါသည္။ မဟာမိတ္မ်ိဳး (Ally) အာလူးပံုသ႑န္မွာ လံုးရွည္ပံုရွိၿပီး၊ ပင္ေလာင္းၿမိဳ႕နယ္တြင္ စိုက္ပ်ိဳးၾက ပါသည္။ ေဒသမ်ိဳးျဖစ္သည့္ ျမက္ဆန္နီမ်ိဳး (သိုမဟုတ္) ရွမ္းမ်ိဳးသည္ အာလူးဥအရြယ္အစားေသးၿပီး လံုး၀ိုင္းပံုသ႑န္၇ွိၿပီး စိုက္ပ်ိဳးမႈ မွာလည္း နည္းပါးပါသည္။

မ်ိဳးတင္သြင္းစမ္းသပ္ျခင္း

၁၉၉၄-၉၅ ခုႏွစ္တြင္ စင္ကာပူႏိုင္ငံမွ အပင္တစ္သွ်ဳးေမြးျမဴနည္းျဖင့္ ရရွိပါသည့္ LKP-1, LKP-2, LKP-3 ႏွင့္ LKP-4 မ်ိဳးမ်ားႏွင့္ ၁၉၉၆-၉၇ ခုႏွစ္တြင္ နယ္သာလန္ႏိုင္ငံမွ Latona မ်ိဳးႏွင့္ ပါကစၥတန္ႏိုင္ငံမွ မ်ိဳး (၇) မ်ိဳးျဖစ္ သည့္ Asterix, Caesar, Monalisar , Baraka , Glorrisant, Cantate ႏွင့္ Symfonia မ်ိုးမ်ားကို တင္သြင္းစမ္းသပ္ခဲ့ပါသည္။

ေျမျပဳျပင္ျခင္း

ထယ္ေရး(၈) လက္မအနက္ရရန္ ထယ္၉၂၀ ႀကိမ္ထိုးေပးရသည္။ ထို႔ေနာက္ ထြန္ (၄) စပ္အထိထြန္ေမႊေပးၿပီး ေပါင္းျမက္ကင္းစင္   ေအာင္ ေကက္ပစ္ရပါမည္။ ေနာက္ဆံုးတြင္ ၾကမ္းတံုးရိုက္၍ ေျမသိပ္ထားရသည္။

မ်ိဳးေစ့ႏႈန္း

အာလူးမ်ိဳးတြင္ မ်ိဳးစုနားေနခ်ိန္ (Tuber Dormancy) (၂-၃) လခန္႔ရွိပါသည္။ ထို႔ေၾကာင့္ ခ်က္ခ်င္းတူးေဖာ္ၿပီး အာလူးမ်ိဳးဥမ်ားတြင္ မ်ိုးအျဖစ္ ခ်က္ခ်င္းစိုက္ပ်ိဳး၍မရပါ။ တူးေဖာ္ၿပီး အာလူးမ်ိဳးမ်ားကို (၂-၃) လခန္႔ အေမွာင္ခန္းတြင္ စနစ္တက်သိုေလွာင္ရန္ လိုအပ္ပါသည္။ မ်ိဳးဥအရြယ္အစားမွာ လံုးလတ္အရြယ္အစားရ်ိရန္လို ၿပီး စိုက္ပ်ိဳးခ်ိန္ မတိုင္မီ တစ္ပတ္အလိုတင္ မ်ိဳးဥမ်ားကို အနည္းဆံုးမ်က္ေစ့(၂) ခုခန္႔ပါေအာင္ ခြဲစိတ္၍ စိုက္ပ်ိဳးပါက မ်ိဳးလိုအပ္ခ်က္ ပိႆာေလ်ာ့နည္းသြားပါမည္။ တစ္ဧကအတြက္ မ်ိဳးလိုအပ္ခ်က္မွာ

မိုး အာလူး(ယာေျမ) – ၅၀၀ ပိႆာ

ေရ အာလူး           – ၆၀၀ ပိႆာ

ေဆာင္း အာလူး      – ၇၀၀ ပိႆာ

ေျမၾသဇာသံုးစြဲျခင္း

(က) သဘာ၀ေျမၾသဇာ – ႏြားလွည္း (၂၀-၃၀) စီး

(ခ) ဓာတ္ေျမၾသဇာ

(၁) ယူရီးယား   – ၂၂၄ ေပါင္

(၂) တီစူပါ       – ၃၃၆ ေပါင္

(၃) ပိုတက္ရွိ    – ၂၂၄ ေပါင္

စိုက္ပ်ိဳးျခင္း

အားလူးစိုက္ပ်ိဳးျခင္းကို ရွမ္းျပည္နယ္တြင္ ေရသြင္းစိုက္ပ်ိဳးနည္းႏွင့္ ကုန္းစိုက္ပ်ိဳးနည္းဟူ၍ နည္း(၂၀ နည္းျဖင့္ စိုက္ပ်ိဳးေလ့ရွိၾကပါသည္။ ဧရာ၀တီတိုင္း၊ မႏၱေလးတိုင္း၊ မေကြးတိုင္းတို႔တြင္ ကၽြန္းေျမမ်ားတြင္ စိုက္ပ်ိဳးနည္းႏွင့္ သဲေခ်ာင္းမ်ားတြင္ စိုက္ပ်ိဳးနည္းတို႔ျဖင့္ စိုက္ပ်ိဳးေလ့ ရွိပါသည္။ အပုပ္အနာကင္းေသာမ်ိဳး၊ မ်က္စိတိမ္၍ မ်က္စိနည္းေသာမ်ိဳးကို ေရြးခ်ယ္ရမည္။ အာလူးကို အလံုးလိုက္ေသာ္လည္းေကာင္း၊ ခြဲစိတ္၍လည္းေကာင္း စိုက္ပ်ိဳးၾကပါသည္။ မ်ိဳးအာလူးကို Aereton (6) စိမ္ၿပီးမွ စိုက္ပ်ိဳးရပါမည္။ တန္ၾကား၉၂.၅) ၊ပင္ၾကား (၆.၉) လက္မျခား၍ စိုက္ပ်ိဳးပါက (၁) ဧကတြင္ အပင္ဦးေရ (၁၅၀၀၀) မွ (၃၅၀၀၀) ထိ ၀င္ဆန္႔ပါသည္။

ေရသြင္းစိုက္ပ်ိဳးနည္း

ေရသြင္းစိုက္ပ်ိဳးနည္းကို ကေလာၿမိဳ႕နယ္၊ ဟဲဟိုးခ်ိုဳင့္၀ွမ္းတြင္သာ စိုက္ပ်ိဳးေလ့ရွိၾကပါသည္။ ေရေပးသြင္း၍ ေရအာလူး( ေဆာင္းအာလူး) အျဖစ္ ဇန္န၀ါရီလ၊ ေဖေဖာ္၀ါရီတြင္သာ စိုက္ပ်ိဳးၾကပါသည္။

ကုန္းစိုက္ပ်ိဳးျခင္း

ကုန္းေစာင္းဆင္ေျခေလ်ာ ေျမနီသဲ၀ွမ္းမ်ိဳးတြင္ စိုက္ပ်ိဳးေလ့ရွိပါသည္။ ရွမ္းျပည္ေတာင္ပိုင္း၊ ပင္ေလာင္း၊ ကေလာ၊ ပင္းတယ ၊ ရြာငံၿမိဳ႔နယ္ မ်ားတြင္ မိုးအားလူးအျဖစ္ (မတ္လ၊ ဧၿပီလ) မ်ားတြင္ စိုက္ပ်ိဳးၾကပါသည္။

ကၽြန္းႏွင့္ သဲေခ်ာင္းစိုက္ပ်ိုးျခင္း

ျမစ္၀ကၽြန္းေပၚေဒသမ်ားတြင္ ျမစ္ေရႀကီး၍ ျမစ္ေရက်သြားခ်ိန္တြင္ ႏုန္းတင္ေျမႏုမ်ားတြင္ ကိုင္းအာလူးအျဖစ္ စိုက္ပ်ိဳးေလ့ရွိပါသည္။ ကိုင္းအာလူးကို ေအာက္တိုဘာ၊ ႏို၀င္ဘာလမ်ားတြင္ စိုက္ပ်ိဳးၾကပါသည္။

အပင္ျပဳစုျခင္း

ဟဲဟိုင္းခ်ိဳင့္၀ွမ္းတြင္ စိုက္ပ်ိဳးေလ့ရွိသည့္ ေရအာလူး( ေဆာင္းအာလူး) စိုက္ပ်ိဳးရာတြင္ စိုက္ၿပီး (၄၅) ရက္သားတြင္ (၁) ႀကိမ္၊ ရက္သား (၆၀) တြင္ (၁) ႀကိမ္၊ အပင္သက္တမ္းတစ္ေလွ်ာက္တြင္ မျဖစ္မေန (၂)ႀကိမ္ ေရသြင္းေပးရပါမည္။ ေရမသြင္းမီၾကားေပါင္းလိုက္ျခင္းႏွင့္ ယူရီးယားဓာတ္ေျမၾသဇယ ေကၽြးျခင္း၊ ပိုးသတ္ေဆးဖ်န္းျခင္းတို႔ကို တစ္ၿပိဳင္နက္ေဆာင္ရြက္ၿပီး ေဘာင္တင္ေပးရပါမည္။

ကုန္းအာလူးကို ေတာင္ေစာင္းဆင္ေျခေလ်ာမ်ားတြင္ မိုးေရကိုအားထား၍ စိုက္ပ်ိုးျခင္းျဖစ္သျဖင့္ ေရသြင္းျခင္းလုပ္ငန္းကို အထူး   ေဆာင္ရြက္ၿပီး ေဘာင္တင္ေပးရပါမည္။

ကုန္အာလူးကို ေတာင္ေစာင္းဆင္ေျခေလ်ာမ်ားတြင္ မိုးေရကိုအားထား၍ စိုက္ပ်ိဳးျခင္းျဖစ္ပါသျဖင့္ ေရသြင္းျခင္းလုပ္ငန္းကို အထူး   ေဆာင္ရြက္စရာမလိုပါ။ စိုက္ၿပီး ရက္ (၃၀) သားခန္႔တြင္ ေပါင္းလိုက္ေပးရပါမည္။ တစ္လ(၂) ႀကိမ္ခန္႔ ေပါင္းလိုက္ေပးႏိုင္လွ်င္ ပိုေကာင္းပါသည္။ ေပါင္းလိုက္ျခင္းႏွင့္ ေဘာင္တင္ျခင္းကို တစ္ၿပိဳင္နက္တည္း ေဆာင္ရြက္ေပးရပါမည္။

ကိုင္းအာလူးကို ျမစ္၀ကၽြန္းေပၚေဒသ ျမစ္ကမ္းပါးေသာင္ျပင္မ်ားတြင္ ျမစ္ေရက်ခ်ိန္တြင္ ႏႈန္းတင္ေျမနုမ်ားတြင္ စိုက္ပ်ိဳးၾကသျဖင့္   ေျမၾသဇာအျဖစ္ ယူရီးယားကို အနည္းငယ္သာ ၾကဲပက္ေပးရန္ လိုၿပီး စိုက္ၿပီး (၄၅) ရက္တြင္ တစ္ႀကိမ္၊ ရက္ (၆၀) တြင္ တစ္ႀကိမ္ ၾကဲပက္ေပးရပါမည္။ ေရသြင္းျခင္းလုပ္ငန္း လံုး၀ေဆာင္ရြက္ေပးျခင္းမရွိပါ။

ေရသြင္းျခင္း

မိုးရာသီတြင္စိုက္ပ်ိဳးေသာ အာလူးမ်ားကို ေရသြင္းေပးရန္ မလိုအပ္ပါ။ ဆည္ေရ၊ ေခ်ာင္းေရ ေျမာင္းေရရရွိသည့္ ေဒသမ်ားတြင္   ေဆာင္းရာသီတြင္ စိုက္ပ်ိဳးပါက ေျမအမ်ိဳးအစားႏွင့္ အပင္သက္တမ္းေပၚမူတည္ၿပီး၊ ေရသြင္းသည့္ အႀကိမ္ (၃)ႀကိမ္မွ (၅) ႀကိမ္အထိ   ေရေပးသြင္းရန္ လိုအပ္ပါသည္။ အာလူးစိုက္ခ်ိန္တြင္ ေအာက္ျမန္မာျပည္ေဒသမ်ားတြင္ အပင္ေပါက္ရရွိေစရန္ စိုက္ၿပီး တစ္ပတ္အတြင္း မျဖစ္မေနေရေပးသြင္းသင့္ပါသည္။ အပင္ေပါက္စံုသည္အထိ ေျမတြင္းအစိုဓာတ္ မျပတ္ေစရန္ဂရုစိုက္ရန္ လိုအပ္ပါသည္။ ေရေပးသြင္း သည့္အခါ အာလူးစိုက္ေဘာင္မ်ားၾကားတြင္ ၾကာရွည္စြာေရ၀ပ္ျခင္း၊ ေရစိမ့္ျခင္းမ်ားမရွိေစရန္ ဂရုစိုက္ရပါမည္။ ေရ၀ပ္၊ ေရစိမ့္ျခင္းမ်ား ရွိပါက အာလူးမ်ိဳးဥမ်ား ပုပ္၍ ပ်က္စီးသြားႏိုင္ပါသည္။

ပိုးမႊားေရာဂါကာကြယ္ျခင္း

အာလူးစိုက္ခင္းမ်ားတြင္ အဓိကက်ေရာက္သည့္ ပိုးမႊားမွာ 28-Spotted Beetle ေခၚ(၂၈) ေျပာက္က်ိုင္း က်ေရာက္ပာသည္။ မိုးရာသီတြင္ မိုးနည္းၿပီးေျခာက္ေသြ႕ေသာကာလမ်ားႏွင့္ ေဆာင္းရာသီတြင္ ေျခာက္ေသြ႔ေသာကာလမ်ားတြင္ က်ေရာက္တတ္ပာသည္။ ၎ပိုးကို ကာကြယ္ရန္အတြက္ Decis ႏွင့္ Alsan ပိုးသတ္ေဆးမ်ားျဖင့္ ကာကြယ္ႏိုင္ပာသည္။

အာလူးစိုက္ခင္းတြင္ အဓိကက်ေရာက္တတ္သည့္ ေရာဂါမွာ၊ Early Blight, Late Boight ႏွင့္ Bacterial wilt ေခၚ ပင္ညႈိးေရာဂါမ်ား   ျဖစ္ပါသည္။ Late Blight ေရာဂါသည္ မိႈေၾကာင့္ျဖစ္ၿပီး မိုးရာသီတြင္ ေလထုတြင္ စိုထိုင္းစမ်ားပါက၊ ေရာဂါျဖစ္ပြားမႈ ျမန္ဆန္ၿပီး အာလူးခင္းမ်ား ပ်က္စီးသည့္အထိ က်ေရာက္တတ္ပါသည္။ ၎ေရာဂါကို ကာကြယ္ရန္ Ridomil M.Z  မႈိသတ္ေဆးကို  ေရာဂါက်   ေရာက္ႏိုင္သည့္ အေျခအေနေပၚမူတည္ၿပီး ပက္ဖ်န္းကာကြယ္ရန္ တစ္ဧကလွ်င္ (၃-၅) ကီလိုဂရမ္ႏႈန္းလိုအပ္ပါသည္။ Early Blight ေရာဂါသည္ ရာသီဥတုေျခာက္ေသြ႔ၿပီး အနည္းငယ္ စြတ္စိုသည့္ ကာလမ်ားတြင္ က်ေရာက္တတ္ပာသည္။ ၎ေရာဂါကို ကာကြယ္ရန္ Daconil မႈိသတ္ေဆး (၃) ကီလိုဂရမ္ႏႈန္း အပင္ငယ္စဥ္ကပင္ ႀကိဳတင္ကာကြယ္ပက္ဖ်န္းရန္ လိုအပ္ပါသည္။ Bacterial wilt (အာလူးပင္ညႈိးေရာဂါ) သည္ Bacteria ေၾကာင့္ျဖစ္ၿပီး ၎ေရာဂါကို ကာကြယ္ရန္ အတြက္ အာလူးစိုက္ေျမအား (၂-၃)  ေျမလွပ္ ထားေပးျခင္းႏွင့္ အာလူးႏွင့္မ်ိဳးရင္းတူသည့္မ်ိဳးမ်ား (ဥပမာ – ခရမ္းခ်ဥ္၊ငရုတ္၊ ခရမ္း) တို႔ႏွင့္ သီးထပ္စိုက္ပ်ိဳးမႈမွ ေရွာင္ၾကဥ္ရမည္  ျဖစ္ပါ သည္။

အာလူးမ်ား စားသံုးရန္ႏွင့္မ်ိဳးအတြက္ သိုေလွာင္ထားရွိစဥ္ အဓိကဖ်က္ဆီးသည့္ပိုးမွာ Tuber Moth ေခၚ အာလူးဥတိုး ဖလံဆိုး၀ါးစြာ က်ေရာက္တတ္ပါသည္။ အလင္းေရာင္ရသည့္ အခန္းမ်ားတြင္ ပိုမိုျဖစ္ပြားေၾကာင္း ေတြ႔ရွိရပါသည္။ မ်ိဳးအျဖစ္ထားသည့္ အာလူးမ်ိဳးမ်ား တြင္ မ်က္စိမ်ားကို ထိုးေဖာက္ ဖ်က္စီးျခင္းမွ ကာကြယ္ရန္ Sevin ေဆးမႈန္႔ျဖင့္ ပက္ဖ်န္းကာကြယ္ရန္ လိုအပ္ပါသည္။ စားသံုးရန္အတြက္ သိုေလွာင္ပါက အေမွာင္ခန္းတြင္ သိုေလွာင္ထားရန္ လိုအပ္ပါသည္။

တူးေဖာ္ျခင္းႏွင့္အထြက္

(က) အာလူးကို ၾသဂုတ္လမွ စက္တင္ဘာလအတြင္းတြင္လည္းေကာင္း

(ခ) ေဆာင္းအာလူးကို ဧၿပီ မွ ေမလအတြင္းတြင္လည္းေကာင္း တူးေဖာ္ၾကသည္။

စိုက္ၿပီး (၃) လခြဲခန္႔ၾကာလွ်င္ အာလူးပင္မ်ားေျခာက္ေသြ႕ႏႈန္း က်သြားပါသည္။ ထိုအခ်ိန္တံင္ အာလူးတူးေဖာ္ရန္ အေကာင္းဆံုးအခ်ိန္   ျဖစ္ပါသည္။ ေပါက္ျပားျဖင့္ေပါက္၍လည္းေကာင္း၊ အေၾကာင္းလိုက္ ထယ္ထိုး၍လည္းေကာင္း တူးေဖာ္ၿပီး လက္ျဖင့္ ေကာက္ယူရ သည္။ တူးေဖာ္ခ်ိန္ေစာပါက ကိုင္တြယ္သယ္ယူရာတြင္ ပုပ္တတ္သည္။ ရင့္မွ တူးေဖာ္လွ်င္အထြက္ေကာင္း၍ အထားခံသည္။ ေျမမာလွ်င္ အာလူးဥေဖာ္ရာ တြင္ဥမ်ားကိုထိခိုက္ဒဏ္ရာမ်ား ရေစတတ္ပါသည္။ ေျမအေျခအေနႏွင့္ မ်ိးအေျခအေနေပၚမူတည္၍ အထြက္ႏႈန္းမွာ မ်ိဳးႏႈန္းပမာဏ၏ (၅ ဆ မွ ၁၀ ဆ) အထိ ထြက္ရွိႏိုင္သျဖင့္ အထြက္မွာ (၃၀၀၀ မွ ၇၀၀၀) ပိႆထိ ထြက္ရွိႏိုင္ပါသည္။

စနစ္တက် ထားသိုထုပ္ပိုးျပဳျပင္ျခင္း

တူူးေဖာ္ၿပီးသည့္ အာလူးမ်ားကို ေလ၀င္၊ေလထြက္ေကာင္းၿပီး ေျခာက္ေသြ႕ေသာအခန္းမ်ားတြင္ ထားသိုႏိုင္ပါသည္။ ထာသိုျခင္းမျပဳမီ အာလူးပုပ္မ်ားေရြးခ်ယ္ျခင္း၊ ဒဏ္ရာရအာလူးဥမ်ားကို ဖယ္ထုတ္ၿပီး သတ္မွတ္ထားသည့္ အရြယ္အစားအလိုက္ အမ်ိဳးအစားခြဲျခား၍ သိုေလွာင္ႏိုင္ပါသည္။ သိုေလွာင္စဥ္ အစိုဓာတ္ျပန္႔ျခင္းမရွိေစရန္ ဂရုစိုက္ရပါမည္။ စားသံုးမႈအတြက္ အေမွာင္ခန္းတြင္ ထားသိုသင့္ သည္။ အေလင္းေရာင္ရရွိပါက အာလူးဥခြံအေရာင္စိမ္းလာၿပီး စားသံုးမႈအဆင့္အတန္း (Eating Quality) က်ဆင္းသြားပါသည္။ အေအးခန္းမ်ားတြင္ အပူခ်ိန္ (၅-၁၀) ဒီဂရီစင္တီဂရိတ္ ႏွင့္ စိုထိုင္းစ (၆၀-၇၀%) တြင္ ထားသိုပါက အာလူးမ်ိဳးဥမ်ား အေညွာင့္ေပါက္ျခင္း မွ ကာကြယ္သည့္အျပင္ စားသံုးမႈအဆင့္အတန္း(Eating Quality) ကို (၅) လႏွင့္အထက္ ထိန္းသိမ္းထားရွိႏိုင္ပါသည္။ အာလူးမ်ားကို   ေလလံုသည့္အိတ္မ်ားႏွင့္ တင္ပို႔ေရာင္ခ်ျခင္းမျပဳသင့္ပါ။ ေလ၀င္ေလထြက္ေကာင္းသည့္ ပလပ္စတစ္အိတ္က်ဲမ်ားျဖင့္ တင္ပို႔ေရာင္းခ်ႏိုင္ ပါသည္။

Source by – ဟင္းသီးဟင္းရြက္စိုက္ပ်ိဳးနည္း

အာလူးစိုက်ပျိုးနည်း

===============

နိဒါန်း

ကမ္ဘာ့နိုင်ငံအများစုတွင် အာလူးသီးနှံသည် အာဟာရတန်ဘိုးမြင့်သောကြောင့် အဓိကအစားအစာအဖြင့် စားသုံးလျှက်ရှိသော သီးနှံ ဖြစ်ပါသည်။ စိုက်ပျိုးသည့်ဧရိယာအနေဖြင့် ပဉ္စမအဆင့်တွင်ရှိပြီး ထုတ်လုပ်မှုတန်ဘိုးအရ စတုတ္ထအဆင့်တွင် ရှိပါသည်။ မြန်မာနိုင်ငံ တွင် စစ်မဖြစ်ခင်ကအာလူးစိုက်ပျိုးမှုရှိခဲ့ပြီး အိန္ဒိယနိုင်ငံမှတဆင့် ဝင်ရောက်လာသည်ဟု သိရှိရပါသည်။ စစ်မဖြစ်မီအချိန်တွင် အာလူး တန်ချိန်(၃၀၀၀၀) အား အိန္ဒိယနိုင်ငံသို့ အများဆုံးတင်ပို့ခဲ့ပြီး၊ ၁၉၅၄ ခုနှစ်တွင် တန်ချိန် (၂၆၀၀) သာတင်ပို့နိုင်ခဲ့သည်။ ၎င်းကာလများတွင် စိုက်ဧက (၁၃၀၀၀) သာရှိခဲ့ပြီး တစ်ဧကအထွက်နှုန်း (၂-၃) တန်ထွက်ရှိခဲ့ပါသည်။ ၁၉၉၈-၉၉ ခုနှစ်တွင် အာလူးစိုက်ဧက (၅၇၈၈၀) ဧက စိုက်ပျိုးခဲ့ပြီး တတစ်ဧက (၃.၈) တန်နှုန်းဖြင့် တန်ချိန်ပေါင်း (၂) သိန်းကျော် ထုတ်လုပ်နိုင်ခဲ့ပါသည်။ ပြည်တွင်သုံးစွဲမှုမှာလည်း တန်ချိန် (၂)သိန်းရှိပါသည်။ ရှမ်းပြည်နယ်တွင် အာလူးစိုက်ဧကအများစု၏ (၇၅) ရာခိုင်နှုန်း ကျော်စိုက်ပျိုးထွက်ရှိပြီး စိုက်ပျိုးသူအတွက် အကျိုးအမြတ်ရှိသည့် သီးနှံများဖြစ်သည့်အပြင် အာဟာရဓာတ်တန်ဘိုးပါ မြင့်မားသဖြင့် မြန်မာနိုင်ငံအတွင်း စိုက်ပျိုးဖြစ်ထွန်းနိုင်သော ဒေသများတွင် တိုးချဲ့စိုက်ပျိုးလျက်ရှိပါသည်။

မူရင်းဒေသ

တောင်အမေရိကတိုက်၏ ပီရူးနိုင်ငံသည် အာလူးသီးနှံ၏ မူရင်းဒေသဖြစ်ပါသည်။ တောင်အမေရိကတိုက်မှ ဥရောပတိုက် သို့(၁၆) ရာစုနှစ်တွင် စတင်ရောက်ရှိလာပါသည်။

မြန်မာနိုင်ငံတွင် အများဆုံးစိုက်ပျိုးသောဒေသများ

အာလူးကို ရှမ်းပြည်နယ်တွင် အများဆုံးစိုက်ပျိုးပြီး၊ ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း( ဟင်္သတ)တို့တွင် စိုက်ပျိုးကြပါသည်။

ရာသီဥတု

အာလူးသီးနှံသည်အေး၍ သမရာသီဥတုကို ကြိုက်နှစ်သက်ပါသည်။ မိုးရေချိန်လက်မ (၄၀ မှ ၈၀) အတွင်း ရွာသွန်းသော ဒေသများတွင် ဖြစ်ထါန်းပါသည်။ ဆည်ရေ၊ ချောင်းရေ၊ မြောင်းရေရရှိသည့် ိ ဒေသများတွင် ဆောင်းရာသီတွင် စိုက်ပျိုးကြပါသည်။ အာလူးစိုက်ပျိုး ဖြစ်ထွန်းသည့် အသင့်တော်ဆုံးအပူချိန် မှ (၁၆-၂၇) ဒီဂရီစင်တီဂရိတ်ဖြစ်၍ (၂၈) စင်တီဂရီစင်တီဂရိတ် ထက်ကျော်လွန်ပါက အပင်ကြီးထွားမှု နှေးကွေးသွားပါသည်။ အာလူးဥဆင်းမှုနှင့် ဥကြီးထွားမှုအတွက် နေ့၊ ညအပူချိန်ကွာခြားမှု အနည်းဆုံး (၁၅) ဒီဂရီစင်တီဂရိတ် ရှိရန်လိုအပ်ပါသည်။ အာလူးပင်၏ သက်တမ်းမှာ ပုံမှန်အားဖြင့် (၃) လခွဲမှ (၄) လအတွင်း ရှိပြီး၊ နေ့တာရှည်ပါက သက်တမ်းအနည်းငယ်ပိုရှည်၍ နေ့တာတိုပါက သက်တမ်းအနည်းငယ်တိုပါသည်။

မြေအမျိုးအစား

အာလူးသီးနှံကို မြေနီ၊ နုန်းတင်မြေ၊ ခဲမြေနက်မြေမျိုးတွင် ကောင်းစွာစိုက်ပျိုးနိုင်ပါသည်။ မြေစေးမြေမျိုးတွင် အာလူးစိုက်ပျိုးရန် မသင့်ပါ။ အာလူးစိုက်ပျိုးရန် အသင့်တော်ဆုံးမြေ၏ pH မှာ (၅.၅ မှ ၆.၅၀ အတွင်းဖြစ်ပါသည်။ မြေအချဉ်ဓာတ်နိမ့်ပါက အသင့်တော်ဆုံးမြေ pH ရရှိစေရန်မှာ ထုံးထည့်ပေးရန် လိုအပ်ကါသည်။

လက်ရှိစိုက်ပျိုးချိန်များ

ရှမ်းပြည်နယ်တွင် မိုးအာလူးကို ယာမြေများတွင် မတ်လ၊ ဧပြီလတွင် စိုက်ပျိုးပြီး သြ(ုတ်၊ စက်တင်ဘာလများတွင် တူးဖော်ကြပါသည်။ စကအာလူးအဖြစ် ယာမြေများတွင် ဇူလိုင်၊ သြဂုတ်လတွင် စိုက်ပျိုးပြီး နိုဝင်ဘာလနှင့် ဒီဇင်ဘာလတွင် တူးဖော်ကြပါသည်။ ဆောင်းရာသီတွင် ရေရရှိသော နေရာများတွင် ဇန်နဝါရီလနှင့်ဖေဖော်ဝါရီလတွင် စိုက်ပျိုးပြီး ဧပြီလနှင့်မေလများတွင် တူးဖော်နိုင်ပါ သည်။မြေပြန့်ဒေသများဖြစ်သည့် မန္တလေးတိုင်း၊ မကွေးတိုင်း (ဆင်ဖြူကျွန်း) ဒေသများတွင် ကျွန်းမြေနှင့်သဲချောင်းများတွင် အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင် စိုက်ပျိုးပြီး ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလများတွင် တူးဖော်ကြပါသည်။

လက်ရှိစိုက်ပျိုးလျက်ရှိသောမျိုးများ

အများဆုံးစိုက်ပျိုးသောမျိုးမှာ စစ်ဗိုလ်မျိုး ဖြစ်ပြီး အာလူး၊ ဥပုံသဏ္ဍန်မှာ ဘဲဥပုံနှင့် လုံးဝိုင်းပုံရှိ၍ စိုက်ပျိုးသည့်ဒေသများအပေါ်မူတည်၍ ဖားမျိုး၊ အဝိုင်းမျိုးဟု ခေါ်ဝေါ်ကြပါသည်။ မဟာမိတ်မျိုး (Ally) အာလူးပုံသဏ္ဍန်မှာ လုံးရှည်ပုံရှိပြီး၊ ပင်လောင်းမြို့နယ်တွင် စိုက်ပျိုးကြ ပါသည်။ ဒေသမျိုးဖြစ်သည့် မြက်ဆန်နီမျိုး (သိုမဟုတ်) ရှမ်းမျိုးသည် အာလူးဥအရွယ်အစားသေးပြီး လုံးဝိုင်းပုံသဏ္ဍန်၇ှိပြီး စိုက်ပျိုးမှု မှာလည်း နည်းပါးပါသည်။

မျိုးတင်သွင်းစမ်းသပ်ခြင်း

၁၉၉၄-၉၅ ခုနှစ်တွင် စင်ကာပူနိုင်ငံမှ အပင်တစ်သျှုးမွေးမြူနည်းဖြင့် ရရှိပါသည့် LKP-1, LKP-2, LKP-3 နှင့် LKP-4 မျိုးများနှင့် ၁၉၉၆-၉၇ ခုနှစ်တွင် နယ်သာလန်နိုင်ငံမှ Latona မျိုးနှင့် ပါကစ္စတန်နိုင်ငံမှ မျိုး (၇) မျိုးဖြစ် သည့် Asterix, Caesar, Monalisar , Baraka , Glorrisant, Cantate နှင့် Symfonia မျိုးများကို တင်သွင်းစမ်းသပ်ခဲ့ပါသည်။

မြေပြုပြင်ခြင်း

ထယ်ရေး(၈) လက်မအနက်ရရန် ထယ်၉၂၀ ကြိမ်ထိုးပေးရသည်။ ထို့နောက် ထွန် (၄) စပ်အထိထွန်မွှေပေးပြီး ပေါင်းမြက်ကင်းစင် အောင် ကေက်ပစ်ရပါမည်။ နောက်ဆုံးတွင် ကြမ်းတုံးရိုက်၍ မြေသိပ်ထားရသည်။

မျိုးစေ့နှုန်း

အာလူးမျိုးတွင် မျိုးစုနားနေချိန် (Tuber Dormancy) (၂-၃) လခန့်ရှိပါသည်။ ထို့ကြောင့် ချက်ချင်းတူးဖော်ပြီး အာလူးမျိုးဥများတွင် မျိုးအဖြစ် ချက်ချင်းစိုက်ပျိုး၍မရပါ။ တူးဖော်ပြီး အာလူးမျိုးများကို (၂-၃) လခန့် အမှောင်ခန်းတွင် စနစ်တကျသိုလှောင်ရန် လိုအပ်ပါသည်။ မျိုးဥအရွယ်အစားမှာ လုံးလတ်အရွယ်အစားရျိရန်လို ပြီး စိုက်ပျိုးချိန် မတိုင်မီ တစ်ပတ်အလိုတင် မျိုးဥများကို အနည်းဆုံးမျက်စေ့(၂) ခုခန့်ပါအောင် ခွဲစိတ်၍ စိုက်ပျိုးပါက မျိုးလိုအပ်ချက် ပိဿာလျော့နည်းသွားပါမည်။ တစ်ဧကအတွက် မျိုးလိုအပ်ချက်မှာ

မိုး အာလူး(ယာမြေ) – ၅၀၀ ပိဿာ

ရေ အာလူး – ၆၀၀ ပိဿာ

ဆောင်း အာလူး – ၇၀၀ ပိဿာ

မြေသြဇာသုံးစွဲခြင်း

(က) သဘာဝမြေသြဇာ – နွားလှည်း (၂၀-၃၀) စီး

(ခ) ဓာတ်မြေသြဇာ

(၁) ယူရီးယား – ၂၂၄ ပေါင်

(၂) တီစူပါ – ၃၃၆ ပေါင်

(၃) ပိုတက်ရှိ – ၂၂၄ ပေါင်

စိုက်ပျိုးခြင်း

အားလူးစိုက်ပျိုးခြင်းကို ရှမ်းပြည်နယ်တွင် ရေသွင်းစိုက်ပျိုးနည်းနှင့် ကုန်းစိုက်ပျိုးနည်းဟူ၍ နည်း(၂၀ နည်းဖြင့် စိုက်ပျိုးလေ့ရှိကြပါသည်။ ဧရာဝတီတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းတို့တွင် ကျွန်းမြေများတွင် စိုက်ပျိုးနည်းနှင့် သဲချောင်းများတွင် စိုက်ပျိုးနည်းတို့ဖြင့် စိုက်ပျိုးလေ့ ရှိပါသည်။ အပုပ်အနာကင်းသောမျိုး၊ မျက်စိတိမ်၍ မျက်စိနည်းသောမျိုးကို ရွေးချယ်ရမည်။ အာလူးကို အလုံးလိုက်သော်လည်းကောင်း၊ ခွဲစိတ်၍လည်းကောင်း စိုက်ပျိုးကြပါသည်။ မျိုးအာလူးကို Aereton (6) စိမ်ပြီးမှ စိုက်ပျိုးရပါမည်။ တန်ကြား၉၂.၅) ၊ပင်ကြား (၆.၉) လက်မခြား၍ စိုက်ပျိုးပါက (၁) ဧကတွင် အပင်ဦးရေ (၁၅၀၀၀) မှ (၃၅၀၀၀) ထိ ဝင်ဆန့်ပါသည်။

ရေသွင်းစိုက်ပျိုးနည်း

ရေသွင်းစိုက်ပျိုးနည်းကို ကလောမြို့နယ်၊ ဟဲဟိုးချိုုင့်ဝှမ်းတွင်သာ စိုက်ပျိုးလေ့ရှိကြပါသည်။ ရေပေးသွင်း၍ ရေအာလူး( ဆောင်းအာလူး) အဖြစ် ဇန်နဝါရီလ၊ ဖေဖော်ဝါရီတွင်သာ စိုက်ပျိုးကြပါသည်။

ကုန်းစိုက်ပျိုးခြင်း

ကုန်းစောင်းဆင်ခြေလျော မြေနီသဲဝှမ်းမျိုးတွင် စိုက်ပျိုးလေ့ရှိပါသည်။ ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်း၊ ကလော၊ ပင်းတယ ၊ ရွာငံမြို့နယ် များတွင် မိုးအားလူးအဖြစ် (မတ်လ၊ ဧပြီလ) များတွင် စိုက်ပျိုးကြပါသည်။

ကျွန်းနှင့် သဲချောင်းစိုက်ပျိုးခြင်း

မြစ်ဝကျွန်းပေါ်ဒေသများတွင် မြစ်ရေကြီး၍ မြစ်ရေကျသွားချိန်တွင် နုန်းတင်မြေနုများတွင် ကိုင်းအာလူးအဖြစ် စိုက်ပျိုးလေ့ရှိပါသည်။ ကိုင်းအာလူးကို အောက်တိုဘာ၊ နိုဝင်ဘာလများတွင် စိုက်ပျိုးကြပါသည်။

အပင်ပြုစုခြင်း

ဟဲဟိုင်းချိုင့်ဝှမ်းတွင် စိုက်ပျိုးလေ့ရှိသည့် ရေအာလူး( ဆောင်းအာလူး) စိုက်ပျိုးရာတွင် စိုက်ပြီး (၄၅) ရက်သားတွင် (၁) ကြိမ်၊ ရက်သား (၆၀) တွင် (၁) ကြိမ်၊ အပင်သက်တမ်းတစ်လျှောက်တွင် မဖြစ်မနေ (၂)ကြိမ် ရေသွင်းပေးရပါမည်။ ရေမသွင်းမီကြားပေါင်းလိုက်ခြင်းနှင့် ယူရီးယားဓာတ်မြေသြဇယ ကျွေးခြင်း၊ ပိုးသတ်ဆေးဖျန်းခြင်းတို့ကို တစ်ပြိုင်နက်ဆောင်ရွက်ပြီး ဘောင်တင်ပေးရပါမည်။

ကုန်းအာလူးကို တောင်စောင်းဆင်ခြေလျောများတွင် မိုးရေကိုအားထား၍ စိုက်ပျိုးခြင်းဖြစ်သဖြင့် ရေသွင်းခြင်းလုပ်ငန်းကို အထူး ဆောင်ရွက်ပြီး ဘောင်တင်ပေးရပါမည်။

ကုန်အာလူးကို တောင်စောင်းဆင်ခြေလျောများတွင် မိုးရေကိုအားထား၍ စိုက်ပျိုးခြင်းဖြစ်ပါသဖြင့် ရေသွင်းခြင်းလုပ်ငန်းကို အထူး ဆောင်ရွက်စရာမလိုပါ။ စိုက်ပြီး ရက် (၃၀) သားခန့်တွင် ပေါင်းလိုက်ပေးရပါမည်။ တစ်လ(၂) ကြိမ်ခန့် ပေါင်းလိုက်ပေးနိုင်လျှင် ပိုကောင်းပါသည်။ ပေါင်းလိုက်ခြင်းနှင့် ဘောင်တင်ခြင်းကို တစ်ပြိုင်နက်တည်း ဆောင်ရွက်ပေးရပါမည်။

ကိုင်းအာလူးကို မြစ်ဝကျွန်းပေါ်ဒေသ မြစ်ကမ်းပါးသောင်ပြင်များတွင် မြစ်ရေကျချိန်တွင် နှုန်းတင်မြေနုများတွင် စိုက်ပျိုးကြသဖြင့် မြေသြဇာအဖြစ် ယူရီးယားကို အနည်းငယ်သာ ကြဲပက်ပေးရန် လိုပြီး စိုက်ပြီး (၄၅) ရက်တွင် တစ်ကြိမ်၊ ရက် (၆၀) တွင် တစ်ကြိမ် ကြဲပက်ပေးရပါမည်။ ရေသွင်းခြင်းလုပ်ငန်း လုံးဝဆောင်ရွက်ပေးခြင်းမရှိပါ။

ရေသွင်းခြင်း

မိုးရာသီတွင်စိုက်ပျိုးသော အာလူးများကို ရေသွင်းပေးရန် မလိုအပ်ပါ။ ဆည်ရေ၊ ချောင်းရေ မြောင်းရေရရှိသည့် ဒေသများတွင် ဆောင်းရာသီတွင် စိုက်ပျိုးပါက မြေအမျိုးအစားနှင့် အပင်သက်တမ်းပေါ်မူတည်ပြီး၊ ရေသွင်းသည့် အကြိမ် (၃)ကြိမ်မှ (၅) ကြိမ်အထိ ရေပေးသွင်းရန် လိုအပ်ပါသည်။ အာလူးစိုက်ချိန်တွင် အောက်မြန်မာပြည်ဒေသများတွင် အပင်ပေါက်ရရှိစေရန် စိုက်ပြီး တစ်ပတ်အတွင်း မဖြစ်မနေရေပေးသွင်းသင့်ပါသည်။ အပင်ပေါက်စုံသည်အထိ မြေတွင်းအစိုဓာတ် မပြတ်စေရန်ဂရုစိုက်ရန် လိုအပ်ပါသည်။ ရေပေးသွင်း သည့်အခါ အာလူးစိုက်ဘောင်များကြားတွင် ကြာရှည်စွာရေဝပ်ခြင်း၊ ရေစိမ့်ခြင်းများမရှိစေရန် ဂရုစိုက်ရပါမည်။ ရေဝပ်၊ ရေစိမ့်ခြင်းများ ရှိပါက အာလူးမျိုးဥများ ပုပ်၍ ပျက်စီးသွားနိုင်ပါသည်။

ပိုးမွှားရောဂါကာကွယ်ခြင်း

အာလူးစိုက်ခင်းများတွင် အဓိကကျရောက်သည့် ပိုးမွှားမှာ 28-Spotted Beetle ခေါ်(၂၈) ပြောက်ကျိုင်း ကျရောက်ပာသည်။ မိုးရာသီတွင် မိုးနည်းပြီးခြောက်သွေ့သောကာလများနှင့် ဆောင်းရာသီတွင် ခြောက်သွေ့သောကာလများတွင် ကျရောက်တတ်ပာသည်။ ၎င်းပိုးကို ကာကွယ်ရန်အတွက် Decis နှင့် Alsan ပိုးသတ်ဆေးများဖြင့် ကာကွယ်နိုင်ပာသည်။

အာလူးစိုက်ခင်းတွင် အဓိကကျရောက်တတ်သည့် ရောဂါမှာ၊ Early Blight, Late Boight နှင့် Bacterial wilt ခေါ် ပင်ညှိုးရောဂါများ ဖြစ်ပါသည်။ Late Blight ရောဂါသည် မှိုကြောင့်ဖြစ်ပြီး မိုးရာသီတွင် လေထုတွင် စိုထိုင်းစများပါက၊ ရောဂါဖြစ်ပွားမှု မြန်ဆန်ပြီး အာလူးခင်းများ ပျက်စီးသည့်အထိ ကျရောက်တတ်ပါသည်။ ၎င်းရောဂါကို ကာကွယ်ရန် Ridomil M.Z မှိုသတ်ဆေးကို ရောဂါကျ ရောက်နိုင်သည့် အခြေအနေပေါ်မူတည်ပြီး ပက်ဖျန်းကာကွယ်ရန် တစ်ဧကလျှင် (၃-၅) ကီလိုဂရမ်နှုန်းလိုအပ်ပါသည်။ Early Blight ရောဂါသည် ရာသီဥတုခြောက်သွေ့ပြီး အနည်းငယ် စွတ်စိုသည့် ကာလများတွင် ကျရောက်တတ်ပာသည်။ ၎င်းရောဂါကို ကာကွယ်ရန် Daconil မှိုသတ်ဆေး (၃) ကီလိုဂရမ်နှုန်း အပင်ငယ်စဉ်ကပင် ကြိုတင်ကာကွယ်ပက်ဖျန်းရန် လိုအပ်ပါသည်။ Bacterial wilt (အာလူးပင်ညှိုးရောဂါ) သည် Bacteria ကြောင့်ဖြစ်ပြီး ၎င်းရောဂါကို ကာကွယ်ရန် အတွက် အာလူးစိုက်မြေအား (၂-၃) မြေလှပ် ထားပေးခြင်းနှင့် အာလူးနှင့်မျိုးရင်းတူသည့်မျိုးများ (ဥပမာ – ခရမ်းချဉ်၊ငရုတ်၊ ခရမ်း) တို့နှင့် သီးထပ်စိုက်ပျိုးမှုမှ ရှောင်ကြဉ်ရမည် ဖြစ်ပါ သည်။

အာလူးများ စားသုံးရန်နှင့်မျိုးအတွက် သိုလှောင်ထားရှိစဉ် အဓိကဖျက်ဆီးသည့်ပိုးမှာ Tuber Moth ခေါ် အာလူးဥတိုး ဖလံဆိုးဝါးစွာ ကျရောက်တတ်ပါသည်။ အလင်းရောင်ရသည့် အခန်းများတွင် ပိုမိုဖြစ်ပွားကြောင်း တွေ့ရှိရပါသည်။ မျိုးအဖြစ်ထားသည့် အာလူးမျိုးများ တွင် မျက်စိများကို ထိုးဖောက် ဖျက်စီးခြင်းမှ ကာကွယ်ရန် Sevin ဆေးမှုန့်ဖြင့် ပက်ဖျန်းကာကွယ်ရန် လိုအပ်ပါသည်။ စားသုံးရန်အတွက် သိုလှောင်ပါက အမှောင်ခန်းတွင် သိုလှောင်ထားရန် လိုအပ်ပါသည်။

တူးဖော်ခြင်းနှင့်အထွက်

(က) အာလူးကို သြဂုတ်လမှ စက်တင်ဘာလအတွင်းတွင်လည်းကောင်း

(ခ) ဆောင်းအာလူးကို ဧပြီ မှ မေလအတွင်းတွင်လည်းကောင်း တူးဖော်ကြသည်။

စိုက်ပြီး (၃) လခွဲခန့်ကြာလျှင် အာလူးပင်များခြောက်သွေ့နှုန်း ကျသွားပါသည်။ ထိုအချိန်တံင် အာလူးတူးဖော်ရန် အကောင်းဆုံးအချိန် ဖြစ်ပါသည်။ ပေါက်ပြားဖြင့်ပေါက်၍လည်းကောင်း၊ အကြောင်းလိုက် ထယ်ထိုး၍လည်းကောင်း တူးဖော်ပြီး လက်ဖြင့် ကောက်ယူရ သည်။ တူးဖော်ချိန်စောပါက ကိုင်တွယ်သယ်ယူရာတွင် ပုပ်တတ်သည်။ ရင့်မှ တူးဖော်လျှင်အထွက်ကောင်း၍ အထားခံသည်။ မြေမာလျှင် အာလူးဥဖော်ရာ တွင်ဥများကိုထိခိုက်ဒဏ်ရာများ ရစေတတ်ပါသည်။ မြေအခြေအနေနှင့် မျိးအခြေအနေပေါ်မူတည်၍ အထွက်နှုန်းမှာ မျိုးနှုန်းပမာဏ၏ (၅ ဆ မှ ၁၀ ဆ) အထိ ထွက်ရှိနိုင်သဖြင့် အထွက်မှာ (၃၀၀၀ မှ ၇၀၀၀) ပိဿထိ ထွက်ရှိနိုင်ပါသည်။

စနစ်တကျ ထားသိုထုပ်ပိုးပြုပြင်ခြင်း

တူူးဖော်ပြီးသည့် အာလူးများကို လေဝင်၊လေထွက်ကောင်းပြီး ခြောက်သွေ့သောအခန်းများတွင် ထားသိုနိုင်ပါသည်။ ထာသိုခြင်းမပြုမီ အာလူးပုပ်များရွေးချယ်ခြင်း၊ ဒဏ်ရာရအာလူးဥများကို ဖယ်ထုတ်ပြီး သတ်မှတ်ထားသည့် အရွယ်အစားအလိုက် အမျိုးအစားခွဲခြား၍ သိုလှောင်နိုင်ပါသည်။ သိုလှောင်စဉ် အစိုဓာတ်ပြန့်ခြင်းမရှိစေရန် ဂရုစိုက်ရပါမည်။ စားသုံးမှုအတွက် အမှောင်ခန်းတွင် ထားသိုသင့် သည်။ အလေင်းရောင်ရရှိပါက အာလူးဥခွံအရောင်စိမ်းလာပြီး စားသုံးမှုအဆင့်အတန်း (Eating Quality) ကျဆင်းသွားပါသည်။ အအေးခန်းများတွင် အပူချိန် (၅-၁၀) ဒီဂရီစင်တီဂရိတ် နှင့် စိုထိုင်းစ (၆၀-၇၀%) တွင် ထားသိုပါက အာလူးမျိုးဥများ အညှောင့်ပေါက်ခြင်း မှ ကာကွယ်သည့်အပြင် စားသုံးမှုအဆင့်အတန်း(Eating Quality) ကို (၅) လနှင့်အထက် ထိန်းသိမ်းထားရှိနိုင်ပါသည်။ အာလူးများကို လေလုံသည့်အိတ်များနှင့် တင်ပို့ရောင်ချခြင်းမပြုသင့်ပါ။ လေဝင်လေထွက်ကောင်းသည့် ပလပ်စတစ်အိတ်ကျဲများဖြင့် တင်ပို့ရောင်းချနိုင် ပါသည်။

Source by – ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်း





Leave a Reply

Your email address will not be published. Required fields are marked *