အချိန်ပိုသွင်းဂိုးနဲ့ ချယ်လ်ဆီး ဆီးမီးတက်

မနေ့က ကစားခဲ့တဲ့ အက်ဖ်အေကပ်ရဲ့ ကွာတားဖိုင်နယ် နောက်ဆုံးပွဲမှာတော့  ချယ်လ်ဆီးက အဝေးကွင်းမှာ လက်စတာစီးတီးကို ၂-၁ဂိုးနဲ့ အနိုင်ရလိုက်ပါတယ်။

ချယ်လ်ဆီးအသင်းဟာ လက်စတာကို ခက်ခက်ခဲခဲ ကစားပြီး အနိုင်ရခဲ့တာပါ။

ချယ်လ်ဆီးမှာ မိုရော့တာ ပွဲထွက် ကစားခွင့်ရခဲ့ပြီး ပထမပိုင်းမှာ ၄၂မိနစ်မှာ ဦးဆောင်ဂိုး သွင်းခဲ့ပါတယ်။ လက်စတာကတော့ ဒုတိယပိုင်းမှာ အကောင်းဆုံး ကစားခဲ့ပြီး ၇၆မိနစ်မှာ မားရက်ဇ်ပေးတဲ့ ဘောလုံးကနေ လက်စတာ ကန်သွင်းချက် ကို ချယ်လ်ဆီးဂိုးသမား ကာကွယ်နိုင်ခဲ့ပေမယ့် ပြန်ထွက်လာတဲ့ ဘောလုံးကတစ် ဆင့် ဂျေမီ ဗာဒီက သွင်းခဲ့လို့ ၁ဂိုးစီ သရေကျခဲ့ပါတယ်။

့ မိနစ် ၉၀အတွင်းအနိုင်အရှုံး မပေါ်ဘဲ သရေကျလို့ အချိန်ပို ဆက်ကစားခဲ့ရပါတယ်။ အချိန်ပိုမှာတော့ ချယ်လ်ဆီး နည်းပြ ကွန်တေရဲ့ လူစားလဲမှန်ကန်ခဲ့ပြီး လူစားဝင်လာတဲ့ ပက်ဒရိုက ၁၀၅မိနစ်မှာ ကန်တေပေးတဲ့ ဘောလုံးကနေ ခေါင်းတိုက် သွင်းခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီနောက် ချယ်လ်ဆီးက ခံစစ်ပိတ်ကစားခဲ့လို့ အနိုင်ဂိုးကိုထိန်းပြီး ဆီးမီးဖိုင်နယ်ကို နှစ်နှစ်ဆက် တက်နိုင်ခဲ့ပါတယ်။

#Pissaya_Sport





Leave a Reply

Your email address will not be published. Required fields are marked *