BREAKING NEWS

အာဆင်နယ် ကွာတားတက်

အီတလီ စီးရီးအေ နာမည်ကြီး အေစီမီလန်အသင်းကို နှစ်ကျော့ပေါင်းရလဒ် ၅ -၁ ဂိုးနဲ့ အနိုင်ရပြီး အာဆင်နယ်အသင်းဟာ ယူရိုပါလိဂ် ကွာတားဖိုင်နယ်ကို တက်ရောက်သွားပြီ ဖြစ်ပါတယ်။

မနေ့က ကစားခဲ့တဲ့ ပွဲမှာ အေစီမီလန်အသင်းဟာ ကစားပုံကောင်းခဲ့ပေမယ့် တိုက်စစ်မှူးတွေ အခွင့်ရေးကို ကောင်းကောင်း အသုံးမချနိုင်ခဲ့လို့ ဂိုးမရခဲ့ပါဘူး။

အာဆင်နယ်ကတော့ ဦးဆောင်ဂိုးမပေးရခင်အထိ  ပုံမှန် ခြေစွမ်းသာရှိခဲ့ပြီးမှ နောက်ပိုင်းမှာ အကောင်းဆုံး ကစားနိုင်ခဲ့လို့ နိုင်ခဲ့တာ ဖြစ်ပါတယ်။

ပထမပိုင်း ၃၅မိနစ်မှာ ချာနာလိုလူက လှလှပပ ကန်သွင်းပြီး အေစီမီလန် အတွက် ဦးဆောင်ဂိုးရယူခဲ့ပါတယ်။ ဂိုးပေးလိုက်ရတဲ့ အာဆင်နယ်က ချက်ချင်း တိုက်စစ်ကစားခဲ့ပြီး ပင်နယ်တီ ပြန်ရခဲ့တဲ့အတွက်  ပထမပိုင်းမှာ တစ်ဖက် တစ်ဂိုးစီ ဖြစ်နေခဲ့ပါတယ်။

၇၁မိနစ်မှာ အာဆင်နယ် ကွင်းလယ်လူ ဂရားနစ် ဂျက်ကာက ဧရိယာ အပြင်ဖက်ကနေ အပြင်းကန်သွင်းခဲ့ပါတယ်။ အဲ့ဒီဂိုးရပြီးနောက်ပိုင်းမှာ အာဆင်နယ်ဟာ အသာစီးနဲ့ ကစားခဲ့ပြီး ၈၆မိနစ်မှာ ၀ဲလ်ဘတ်ကပဲ နောက်ထပ် တစ်ဂိုးသွင်းလို့ ၃-၁ဂိုးနဲ့ နိုင်ခဲ့ပါတယ်။ ဒါကြောင့် အာဆင်နယ်ဟာ နှစ်ကျော့ပေါင်း ၅-၁ဂိုးနဲ့ ကွာတားဖိုင်နယ်ကို တက်ရောက် နိုင်ခဲ့ပါတယ်။

#Pissaya_Sport





Leave a Reply

Your email address will not be published. Required fields are marked *