BREAKING NEWS

ဆီဗီလာကို ရှုံးပြီး ချန်ပီယံလိဂ်ကနေ မန်ယူထွက်ရ

အင်္ဂလန် မန်ချက်စတာ ယူနိုက်တက်က အိမ်ကွင်းမှာ ဆီဗီလာအသင်းကို ၂ ဂိုး၁ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ အတွက် ချန်ပီယံလိဂ်ကနေ ထွက်လိုက်ရပါတယ်။

ပထမပိုင်းမှာ ၂ ဖက်စလုံး ဘောလုံးပိုင်ဆိုင်မှု ၅၀ ရာခိုင်နှုန်းစီရှိခဲ့သလို အပြန်အလှန် ထိုးဖောက် ကစားခဲ့ကြပေမယ့် တဖက်နဲ့ တဖက် ဂိုးမသွင်းနိုင်လို့ ဂိုးမရှိ သရေ ကျခဲ့ပါတယ်။

ဒုတိယပိုင်း ၇၄မိနစ်မှာ တော့ဆီဗီလာ ကစားသမား Ben Yedderက အဖွင့်ဂိုးကို သွင်းယူခဲ့သလို ၇၈ မိနစ်မှာ ဒုတိယဂိုးကို သွင်းယူပြီး ၂ ဂိုးဂိုးမရှိနဲ့ ဦးဆောင်ခဲ့ပါတယ်။

ဒုတိယပိုင်း ၈၄ မိနစ်မှာ မန်ယူက Lukaku က ချေပဂိုးတဂိုး သွင်းယူခဲ့ပါတယ်။ ပထမအကျော့မှာ ဒီနှစ်သင်း ဂိုးမရှိ သရေကျခဲ့တာကြောင့် ၂ ပွဲပေါင်း ၂ ဂိုး ၁ဂိုးနဲ့ ဆီဗီလာ က အနိုင်ရရှိခဲ့ပြီး ချန်ပီယံလိဂ်ကွားတားဖိုင်နယ်ကို တက်ရောက်သွားပြီဖြစ်ပါတယ်။

#Pissaya_Sport





Leave a Reply

Your email address will not be published. Required fields are marked *