BREAKING NEWS

ဆီဗီလာနဲ့ပွဲမှာ ပေါ့ဂ်ဘာပါဝင်ဖို့ မသေချာ

ဒီကနေ့ည ဆီဗီလာနဲ့ ကစားမယ့် ချန်ပီယံလိဂ် (၁၆) သင်းအဆင့် ဒုတိယအကျော့ပွဲစဉ် မှာ ကွင်းလယ်ကစားသမား ပေါ့ဂ်ဘာပါဝင်ကစားနိုင်ဖို့ မသေ ချာသေးကြောင်း မန်ယူနည်းပြ မော်ရင်ဟိုက ပြောပါတယ်။

ဆီဗီလာနဲ့ ကစားစားမယ့် ပွဲမှာ ပေါ့ဂ်ဘာ ပါဝင်နိုင်ခြင်း ရှိမရှိ ဗြိတိန်မီဒီယာတွေက မေးမြန်ရာမှာ သူအနေနဲ့ မသိသေးကြောင်း မော်ရင်ဟိုက ပြောပါတယ်။

မန်ယူအသင်းရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေးကစားသမား ပေါ့ဂ်ဘာ ဟာ အခုနှစ်ရာသီမှာ ၎င်းရဲ့စွမ်း ဆောင်ရည်အတွက် ဝေဖန်ခံနေရ ပြီး ပြီးခဲ့တဲ့လက ဆီဗီလာနဲ့ ဂိုးမရှိသရေကျခဲ့တဲ့ ပထမအ ကျော့ပွဲစဉ်မှာ မော်ရင်ဟိုက ၎င်း ကို အရန်ခုံပို့ခဲ့တာလည်း ဖြစ်ပါတယ်။

#Pissaya_Sport

 

 





Leave a Reply

Your email address will not be published. Required fields are marked *