ဖိအားက ရုန်းထွက်လာတဲ့ အာဆင်နယ်

ယူရိုပါလိဂ်ပြိုင်ပွဲရဲ့ ရှုံးထွက်အဆင့် ပထမအကျော့ပွဲတွေမှာ အာဆင်နယ်ဟာ ဥရောပ အစဉ်အလာကြီးတဲ့ အေစီမီလန်ကို အဝေးကွင်းမှာ ၂ဂိုးပြတ်နဲ့ အနိုင်ရလိုက်ပါတယ်။ဒီနိုင်ပွဲကြောင့် အာဆင်နယ်အသင်း ဖိအားတွေကနေ ရုန်းထွက်လာနိုင်ခဲ့ပါတယ်။

ပထမပိုင်းမှာ  ကစားပုံကောင်းမွန်တဲ့ အာဆင်နယ်အသင်းဟာ ဂိုးသွင်းခွင့်တွေရရှိခဲ့ပေမယ့် အေစီမီလန် ဂိုးသမား ကာကွယ်နိုင်ခဲ့တာကလည်း အိမ်ရှင်အသင်းကို ဒီထက် ဂိုးမပြတ်စေတာလည်း ဖြစ်ပါတယ်။

ပထမပိုင်း ၁၅မိနစ်မှာ အိုဇေးလ် ပေးတာကနေ မစ်ခီတာရီးယန်းက ကန်သွင်းလို့ အာဆင်နယ် ဦးဆောင်ဂိုး စရခဲ့ပါတယ်။ဦးဆောင်ဂိုးရပြီး ဆက်တိုက်ဖိအားပေးကစားခဲ့ပေမယ့် မစ်ခီတာရီးယန်းနဲ့ ၀ဲလ်ဘတ်တို့ အသုံးမချနိုင်ခဲ့လို့ဂိုးမရခဲ့ပါဘူး။

့ ပထမပိုင်းပြီးခါနီး အချိန်ပို ၄မိနစ်မှာ အိုဇေလ်ပေးကတာကနေ ရမ်ဆေးလ်က နောက်ထပ် တစ်ဂိုးသွင်းလို့ အာဆင်နယ် ပထမပိုင်းမှာ ၂ဂိုးအသာရပြီး ဦးဆောင်အနိုင်ရခဲ့ပါတယ်။

ဒီနိုင်ပွဲကြောင့်  အဝေးဂိုး ၂ဂိုးရခဲ့တဲ့   အာဆင်နယ်ဟာ ကွာတားဖိုင်နယ် အဆင့်ကို တက်ရောက်နိုင်ဖို့ အခွင့်အရေး များသွားခဲ့ပါတယ်။

#Pissaya_Sport





Leave a Reply

Your email address will not be published. Required fields are marked *