BREAKING NEWS

ကင်ဆာရောဂါခံစားနေရတဲ့ မိခင်ကို အနီးကပ်ပြုစုပေးနေတဲ့ သွန်းဆက်

သရုပ်ဆောင် သွန်းဆက်ရဲ့  မိခင်ဟာ ကင်ဆာရောဂါ ခံစားနေရတာကြောင့် ဘန်ကောက်မှာ ဆေးကုသခံနေရတာကို တွေ့ရပါတယ်။

သရုပ်ဆောင် သွန်းဆက်ဟာ မိခင်ကို အနီးကပ်ပြုစုပေးနေတာကို တွေ့ရပြီး သူမရဲ့ မိခင်ခွဲစိတ်ခန်းဝင်ခါနီးမှာလည်း မိခင်အတွက် ဘုရား၊ တရား ပြုလုပ်နေ တာကို သူမရဲ့  ဖေ့စ်ဘွတ်စာမျက်နှာမှာ အခုလို တင်ထားပါတယ်။

“အမေ ခွဲစိတ်ခန်း ထဲဝင်နေပီဆိုတော့ ကိုယ်ရွတ်တတ်သလောက် ဂါထာတွေ ” မေတ္တသုတ် ” ” ဗောဇ္ဈင်္ဂသုတ် ” ” ပုဗ္ဗဏှသုတ်” မေတ္တသုတ်” ” ဓာရဏပရိတော် ” ပဌာန်းတရားတော်အကျယ် ” မေတ္တာပို့ ” ခွဲခန်းရှေ့မှာရော ရွတ်ဖော်ပူဇော်ခဲ့ပါတယ် ၊
သမာဒေဝနတ်ကောင်းနတ်မြတ်များ စောင့်ရှောက်ကြပါစေ မိဘဆိုတော့ နေလို့မရဖူး… ရင်တွေတခုလုံးပူလိုက်တာဆိုတာလေ ” လို့ ရေးသားခဲ့ပါတယ်။

မတ်လ(၇) ရက်နေ့ ညနေပိုင်းက ခွဲစိတ်ကုသမှု ခံယူခဲ့ပြီး ခွဲစိတ်ခန်းထဲကတော့ ပြန်ထွက်လာပြီဖြစ်တယ် လို့ သွန်းဆက်က သူမရဲ့ ဖေ့စ်ဘွတ်မှာ အခုလို ရေးသားထားပါတယ်။

“မေမေ ထမင်း စစားလို့ရပါပီ ဒီနေ့နဲနဲပဲစားတယ် နောက်ရက်တွေဆို အများကြီးစားနိုင်ပါစေနော် 🙏 🙏 ” လို့ ရေးသားထားးပါတယ်။
သူမကို ချစ်တဲ့ပရိသတ်တွေကလည်း သူမရဲ့ မိခင်ကျန်းမာရေးအတွက် မြန်မြန်နေကောင်းပါစေလို့ ဆုတောင်းပေးထားကြတာကိုလည်းတွေ့ရပါတယ်။

မိခင်ရဲ့ ကျန်းမာရေးအခြေအနေကြောင့် သရုပ်ဆောင် သွန်းဆက်ဟာ အနုပညာအလုပ်တွေကို ခဏနားထားပြီး ယခုလက်ရှိ ဘန်ကောက် Siriraj Piyamaharajkarun Hospital မှာ မိခင်ကို အနီးကပ်ပြုစုစောင့်ရှောက်ပေးနေပါတယ်။

Theint (Pissaya)

 Photo Credit – သွန်းဆက်ဖေ့စ်ဘွတ်




Leave a Reply

Your email address will not be published. Required fields are marked *