BREAKING NEWS

လစ်လပ်ဝန်ကြီး ၂ ဦး နေရာခန့်အပ်ရန် အဆိုပြုချက် မကွေးတိုင်းဝန်ကြီးချုပ် ရုတ်သိမ်း

လစ်လပ်ဝန်ကြီး၂ ဦး ခန့်အပ်မည့်ကိစ္စအား အဆိုပြုထားသော မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို က ပြည်သူအသံ နားထောင်ပြီး ယင်းအဆို အား ပြန်လည်ရုတ်သိမ်းကြောင်း မကွေးတိုင်းဒေသကြီး လွှတ်တော် မှာ ယနေ့ ကြေညာခဲ့တာ ဖြစ်ပါတယ်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့တွင်လစ်လပ်နေတဲ့အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဌာနဝန်ကြီးနေရာနှင့်စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဌာန ဝန်ကြီးနေရာတို့အား တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က အဆိုပြုလာတဲ့ နှစ်ဦးမှာ  ဦးအေးငွေ၊ညွှန်ကြားရေးမှူး( ငြိမ်း၊ဆည်မြောင်း ) အသက်(၆၉)နှစ် နဲ့ ဦးအောင်ကျော်မိုး၊ အသက်(၆၇)နှစ် တွဲဖက်ပြည်နယ် ပညာရေးမှူး(ငြိမ်း) တို့ ဖြစ်ပါတယ်။

#Pissaya_Politic




Leave a Reply

Your email address will not be published. Required fields are marked *