BREAKING NEWS

လတ်လတ်ဆက်ဆက် နာနတ်သီးကို ဘယ်လိုရွေးဝယ်မလဲ

ဆလင်ဒါပုံ အသီးဖြစ်သည် အညှာတွင် အရွက် အစိမ်းရင့်ရှိပြီး အခွံတွင်မျက်စိများပါသည်။

နုစဉ်၌အခွံစိမ်း၍ ရင့်လာလျှင် အ၀ါရောင်ပြောင်းလာ၏။

အတွင်းရှိ အ၀ါရောင်အသားသည် အရည်ရွှမ်းကာ ချိုချဉ်အရသာ ရှိသည်။

နာနတ်သီးဝယ်လျှင် မှည့်သော နာနတ်သီး အ၀ါရောင်အခွံကို ရွေးဝယ်ပါ။

တစ်လုံးလုံးကို ရေဆေးပါ။ ထိပ်ကို ဖြတ်ပါ။ အခြေကို ဖြတ်ပါ။ အခွံနှင့် မျက်သီးများကို ဖြတ်ပစ်ပါ။

အူတိုင်ကို ဖယ်ပြီး အသားများကို အပိုင်းကလေးများလှီးပါ။ နာနတ်သီးတွင် ဖရပ်တို့စ်များစွာပါဝင်သည်။ ခန္ဓာကိုယ်တစ်ခုလုံးက စုပ်ယူနိုင်သည်။
ဗီတာမင် C၊ သစ်သီးအက်ဆစ်၊ သတ္တုဓာတ်များနှင့် ဘရိုမီလိန်း အင်ဇိုင်းတို့ပါဝင်ပြီး အစာချေစနစ်ကို အားပေးသည်။ အစာလမ်းကြောင်း လုပ်ငန်းကိုလည်း ကူညီပေးပြီး ရေငတ်ပြေစေကာ လည်ချောင်းနာခြင်းကို သက်သာစေသည်။

Pissaya Info





Leave a Reply

Your email address will not be published. Required fields are marked *