BREAKING NEWS

စက်မှုလယ်ယာဦးစီးဌာနမှ တောင်သူများအတွက် လယ်ယာသုံးစက်ကရိယာများ ၀န်ဆောင်မှုပေးနေ

စိုက်ပျိုးတောင်သူများလိုအပ်တဲ့ ထွန်ယက်ခြင်း၊ စိုက်ပျိုးခြင်း၊ ရိတ်သိမ်းခြွေလှေ့ခြင်း စတဲ့လုပ်ငန်းများ ကို ဝန်ဆောင်မှုများပေးနေတယ်လို့ စက်မှုလယ် ယာဦးစီးဌာန(နေပြည်တော်) မှ သိရပါတယ်။

ပြည်နယ်နဲ့တိုင်းများမှာရှိတဲ့ ထွန်စက်စခန်းများကနေ ဝန်ဆောင်မှုပေးနေသော်လည်း တစ်နိုင်ငံလုံး အတိုင်းအတာအရ စက်ပစ္စည်းများနဲ့ ဝန်ထမ်း အင်အားလိုအပ်ချက်များလည်း ရှိနေဆဲလို့ စက်မှုလယ် ယာဦးစီးဌာန(နေပြည်တော်)ရဲ့  ညွန်ကြားရေးမှူး ဦးကိုကိုမောင်က ပြောပါတယ်။

“ဝန်ဆောင်မှုပေးတာက ထွန်စက်အနေနဲ့ ၁၄၇၃ စီး၊ ရိတ်သိမ်းခြွေလှေ့စက် ၃၁၉ စီး၊ ကောက်စိုက် စက်က ၄၈ စီးနဲ့ အဌားဝန်ဆောင်မှုပေးနေတယ်။ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီ တိုင်းဘက်မှာတော့ ပိုလုပ်ရတာများတယ်။ တောင်သူတွေကလည်း စိတ်ဝင်စားမှုများလာတယ်။ ထွန် စက်စခန်းက တစ်နိုင်ငံလုံးအတိုင်းအတာအရ ၁၁၈ စခန်းရှိတော့ စက်အင်အားရော၊ ဝန်ထမ်းအင်အား ရောကတော့ လိုအပ်ချက်ရှိနေတာပေါ့”

အခုလိုလိုအပ်ချက်များအတွက် စက်မှုလယ်ယာစနစ်နဲ့ တောင်သူများ အဆင်ပြေချောမွေ့စွာ လုပ်ကိုင် နိုင်ရန်အတွက် လယ်ယာသုံးစက်ကိရိယာများ ဦးစားပေးဖြည့်တင်းသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိ တယ်လို့ စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က မနေ့က ပြည်သူ့ လွှတ်တော် အစည်းအဝေးမှာ ပြောကြားထားတာပါတယ်။

စက်မှုလယ်ယာဦးစီးဌာနအနေနဲ့ ၃၁.၁.၁၈ ထိ စာရင်းများအရ မြေယာထွန်ယက်စိုက်ပျိုးမှု ၁၀၃၈၂၃၈ ဧက၊ ရိတ်သိမ်းခြွေလှေ့မှု ၆၅၉၆၁ ဧက၊ ကောက်စိုက် စက်နဲ့ စိုက်ပျိုးမှု ၁၅၅၄ ဧက ရှိကြောင်းလည်း အဆိုပါ ဌာနမှ သိရပါတယ်။

#Agro_News

#Pissaya_Info ဝေဖြိုးနိုင်





Leave a Reply

Your email address will not be published. Required fields are marked *