BREAKING NEWS

ဘုရင့်နောင်ကုန်စည်ဈေးကွက်အတွင်း ဖြစ်ပေါ်နေတဲ့ ကုန်စည်ဈေးနှုန်းများ

ဘုရင့်နောင်ကုန်စည်ဈေးကွက်အတွင်းမှာ ဖြစ်ပေါ်နေတဲ့ ဒီကနေ့ရဲ့ ကုန်စည်ဈေးနှုန်းများအရ ပဲဈေး ကွက်အတွင်း မတ်ပဲ FAQ/RC (2017) တစ်တန်ကို ၅၄၉၀၀၀ ရှိနေပြီး တစ်ပတ်အတွင်း ၂၀၀၀ ဈေး မြင့်တက်လာဖြစ်ပါတယ်။

မတ်ပဲ SQ/RC (2017) တစ်တန်ကို ၆၉၉၀၀၀ ရှိနေပြီး  ၁၀၀၀ ဈေးနိမ့်လာတာပဲဖြစ်ပါတယ်။ ပဲစဉ်းငုံနီ RC(2017) ကတော့ တစ်တန်ကို ၄၃၁၀၀၀ ဈေးရှိနေပြီး တစ်ပတ်အတွင်း ၉၀၀၀ မြင့်တက် လာတာပဲဖြစ်ပါတယ်။

ပဲဈေးကွက်အတွင်း မတ်ပဲဈေးနှုန်းများမှာ အတက်အကျ များနေပြီး ပဲစဉ်းငုံ ဈေးနှုန်းများမှာ မြင့်တက်လာတာပဲဖြစ်ပါတယ်။ ပြည်ပဝယ်ယူမှုအဖြစ် ဘင်္ဂလားဒေ့ရှ်၊ နီပေါဘက်ကို တင်ပို့ဖို့အတွက် ဝယ်ယူမှုပိုများလာပြီး ပြည်တွင်းလက်ကျန်လျော့နည်းလာတာဖြစ်တဲ့အတွက်ပဲစဉ်းငုံ ဈေးနှုန်းများမှာ မြင့်တက်လာခြင်းဖြစ်တယ်လို့ မြန်မာနိုင်ငံ ပဲမျိုးစုံနှင့်နှမ်းကုန်သည်များအသင်းမှ အတွင်းရေးမှူး ဦးမင်းကိုဦးက ပြောပါတယ်။

ကြက်သွန်နီဈေးနှုန်းများမှာ ၂၀၀ ဝန်းကျင်ကျဆင်းနေပြီး ကြက်သွန်ဖြူ ကြူကုတ်(ရှယ်)၊ (လတ်) တို့မှာ ကျပ် ၅၀ သာမြင့်တက်ခဲ့ပြီး လွိုင်ကော်ထူး(၂) ၊ တောင်ကြီးထူး(၃၊၄၊၅) နဲ့ အောင်ပန်း ထူး (၂၊၃၊၄၊၅) တို့မှာ တစ်ပတ်အတွင်း ဈေးနှုန်းပြောင်းလဲခြင်းမရှိတာလည်း ဖြစ်ပါတယ်။

ကြက်သွန်နီဈေးနှုန်းများမှာ ဇန်နဝါရီလအတွင်းက ထက်ဝက်ကျော်ကျဆင်းလာခဲ့သော်လည်း ယခုလ အတွင်း ဈေးနှုန်းများမှာ အတက်အကျ များနေပြီး နွေကြက်သွန်သစ်ကြောင့် ဈေးနှုန်းများ အကျပိုင်းကို ဦးတည်မှာဖြစ်တယ်လို့ မြန်မာနိုင်ငံကြက်သွန်ဖြူ၊ ကြက်သွန်နီနှင့် စားဖိုဆောင်သီးနှံ စိုက်ပျိုးထုတ်လုပ်  တင်ပို့ရောင်းချသူများ အသင်းမှ သိရပါတယ်။

 

#Trade_News

#Pissaya_Info ဝေဖြိုးနိုင်





Leave a Reply

Your email address will not be published. Required fields are marked *