BREAKING NEWS

ဘုရင့်နောင်ကုန်စည်ဈေးကွက်အတွင်းမှာ ဖြစ်ပေါ်နေတဲ့ တစ်ပတ်အတွင်းဈေးနှုန်းများ

ဘုရင့်နောင်ကုန်စည်ဈေးကွက်အတွင်းမှာ ဖြစ်ပေါ်နေတဲ့ တစ်ပတ်အတွင်းဈေးနှုန်းအပြောင်းအလဲ များအရပဲဈေးကွက်အတွင်း မတ်ပဲ FAQ/RC (2017) တစ်တန်ကို ၅၅၅၀၀၀ ရှိနေပြီး တစ်ပတ်အတွင်း ၈၅၀၀ ဈေးမြင့် တက်လာတာပဲဖြစ်ပါတယ်။ မတ်ပဲ SQ/RC (2017) တစ်တန်ကို ၇၁၀၀၀၀ ရှိနေပြီး တစ်ပတ် အတွင်း ၈၅၀၀ ဈေးမြင့်တက်လာတာပဲဖြစ်ပါတယ်။

ပဲစဉ်းငုံနီ RC(2017) ကတော့ တစ်တန်ကို ၄၂၀၅၀၀ တစ်ပတ်အတွင်း ၁၉၅၀၀ မြင့်တက်လာတာ ပဲဖြစ်ပါတယ်။ ပဲဈေးကွက်မှာ လက်ရှိ ဖေဖော်ဝါရီနဲ့ မတ်လ အကြား ပြည်ပမှဝယ်ယူမှုများလာခဲ့ပြီး အိန္ဒိယက ကန့်သတ်ထားတာဟာ မတ်လကုန်မှာ ပြည့်မှီမှာဖြစ်တဲ့အတွက် တိတိကျကျမသိရသေးသော်လည်း ပုံမှန်ပြန်ဝယ်နိုင်တယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပြန်ဝယ်နေကြတဲ့အတွက် ဈေးနှုန်းများမှာ မြင့်တက် လာတာဖြစ်တယ်လို့ မြန်မာနိုင်ငံ ပဲမျိုးစုံနှင့်နှမ်းကုန်သည်များ အသင်းမှ အတွင်းရေးမှူး ဦးမင်းကိုဦးက ပြောပါတယ်။

ကြက်သွန်နီဈေးနှုန်းများမှာ တစ်ပတ်အတွင်း အပြောင်းအလဲမရှိဘဲ ကြက်သွန်ဖြူ ကြူကုတ်(ရှယ်)၊ (လတ်) နဲ့ လွိုင်ကော်ထူး(၂) ၊ တောင်ကြီးထူး(၃၊၄၊၅) နဲ့ အောင်ပန်းထူး(၂၊၃၊၄၊၅) တို့မှာ တစ်ပတ် အတွင်း ၂၀၀ ဝန်းကျင်ကျဆင်း နေတာလည်း ဖြစ်ပါတယ်။

ကြက်သွန်နီမှာ ဇန်နဝါရီလအတွင်း မူလဈေးထက် ထက်ဝက်ခန့်ကျ ဆင်းခဲ့ပြီး နွေကြက်သွန်ပေါ်လာ တာနဲ့အမျှ ဈေးနှုန်းမှာလည်းအကျပိုင်းကို ဦးတည်နေ တယ်လို့ မြန်မာနိုင်ငံ ကြက်သွန်နီ၊ ကြက်သွန်ဖြူ နှင့် စားဖိုဆောင်သီးနှံ စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ သိရပါတယ်။

#Trade_News

#Pissaya_Info ဝေဖြိုးနိုင်





Leave a Reply

Your email address will not be published. Required fields are marked *