BREAKING NEWS

ဇာတ်ကားအများကြီးထက် ကားကောင်းကောင်းတစ်ကားကို ပိုရိုက်ချင်တယ်ဆိုတဲ့ အောင်ရဲလင်း

ဇာတ်ကားတွေအများ ကြီးရိုက်တာထက် ဇာတ်ကားကောင်း တစ်ကားကို ပိုရိုက်ချင်တယ်ဆိုတဲ့ အောင်ရဲလင်းက  ရုပ်ရှင်ကားတွေကို စိစစ်ပြီး ရိုက်ကူးသွား မယ်လို့ သိရပါတယ်။

“ကားရိုက်တာတွေက နောက်ပိုင်းမှာ အများကြီး ပြောင်းလဲဖို့ ကြိုးစားနေပါတယ်၊ ကျွန်တော်နောက်ပိုင်းမှာ ကားတွေအများကြီး မရိုက်ဖြစ်ဘူး၊  ဘာလို့လဲ ဆို ကျွန်တော်ကိုယ်တိုင်ကားတွေကို စိစစ်ပြီး ရိုက်သွားမှာပါ၊ ကျွန်တော်ကြိုက်တဲ့ ဇာတ်ရုပ်တွေပေါ့၊ အဓိကကတော့ ဇာတ် လမ်းထဲမှာ ကိုယ်တိုင်စီးမျောလို့ရမယ့် ဇာတ်ရုပ်မျိုးတွေကို အဓိကထားပြီး ရိုက်သွားမှာပါ၊ ရုပ်ရှင်ကားကြီးကိုတော့ selection လုပ်ပြီး ရိုက်မယ်၊အရမ်းစိတ်ထဲမှာ ဖီလင်လာတဲ့ ကားမျိုးပဲ ရိုက်ချင် တယ်၊ ဗီဒီယိုကတော့ ဇာတ်လမ်းကြိုက်ရင် ရိုက်ဖြစ်ပါမယ်၊ ရုပ်ရှင်ကားကြီးကတော့ ရုပ် ရှင်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ သွားရတော့ တာဝန်ကြီးတယ်လေ၊ ရုပ်ရှင်ကား ကို ရိုက်တဲ့ကားတိုင်း တစ်ကားဆိုဆိုသ လောက်ကောင်းချင်တယ်လေ၊ ဆိုတော့ သေချာစိစစ်ပြီးမှ ရိုက်သွားမှာပါ”လို့ အောင်ရဲလင်းက ပြောပါတယ်။

အောင်ရဲလင်းက ငယ်ကျွန် ရုပ်ရှင် ဇာတ်ကားနဲ့ အနမ်းဝိုင်ရုပ်ရှင်ဇာတ်ကား နှစ်ကားမှာလည်း ကာရိုက်တာ မတူတဲ့ ဇာတ်ရုပ်တွေနဲ့ သရုပ်ဆောင်ထားတယ်။

“ကျွန်တော်နှစ်ကားလုံး အားရပါ တယ်၊ တစ်မျိုး နဲ့ တစ်မျိုးက ဘာသာချင်း မတူဘူးပေါ့ နော်၊ ငယ်ကျွန်ကကျတော့ တကယ့်ဟဲဗီးဒရာမာ၊ အနမ်းဝိုင်ကကျ တော့ ရိုမန့်စစ် စစ်ဆိုတော့ ကျွန်တော်ထင်တာကတော့ အနမ်းဝိုင်က လူငယ်တွေ သဘောကျစေ မယ့်ကားဖြစ်တယ်၊ ငယ်ကျွန်ကကျတော့ လူကြီးတွေလဲ သဘောကျမယ်၊ လူငယ်တွေလဲ ကြည့်ကြမယ်လို့ ထင်တယ်”လို့ အောင်ရဲလင်းက ဆိုပါတယ်။

အောင်ရဲလင်းက လာမယ့် ၃၀ ရက်နေ့ မှာ ဒါရိုက်တာသားကြီးနဲ့ လူကြီးဆိုတဲ့ ဗီဒီယို ဇာတ်ကားရိုက်ကူးဖို့ရှိပြီး မေလအတွင်းမှာတော့ ရုပ်ရှင်ကားကြီးတစ်ကား ရိုက်ကူးဖို့ ရှိတယ်လို့ သိရပါတယ်။

source_kumudra

 





Leave a Reply

Your email address will not be published. Required fields are marked *