စပါးနှင့်ဆန်များတွင် အစိုဓါတ် ကို တိုင်းတာစစ်ဆေးရာ၌ ပိုမိုကောင်းမွန်တိကျသည့် စနစ်တခု မြန်မာနိုင်ငံတွင် ပေါ်ပေါက် လာရေးနားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး

မြန်မာနိုင်ငံ၏ ဆန်စပါးကဏ္ဍာဖွံ့ဖြိုးတိုးတက်ရေးအတွက် Post Harvest Technology လုပ်ငန်းစဉ်များတွင် အဓိက အရေးပါသည့်လုပ်ငန်းစဉ် တစ်ရပ်ဖြစ်သော စပါးနှင့်ဆန်များတွင် အစိုဓါတ် ကို တိုင်းတာစစ်ဆေးရာ၌ ပိုမိုကောင်းမွန်တိကျသည့် စနစ်တခု မြန်မာနိုင်ငံတွင် ပေါ်ပေါက် လာရေး မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နဲ့ JICA အစီအစဉ်နဲ့ ပူး ပေါင်းဆောင်ရွက်နေတဲ့ Kett Electric Laboratory (Kett) ကုမ္ပဏီတို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့တယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရပါတယ်။

လက်မှတ်ရေးထိုးပွဲကိုတော့ ဒီကနေ့နံနက်ပိုင်းက မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ရုံးမှာ ကျင်းပပြုလုပ် ခဲ့တာလည်း ဖြစ်ပါတယ်။

ဆန်နဲ့စပါး အစိုဓာတ်ပါဝင်မှုကို တိုင်းတာစစ်ဆေးတဲ့အခါမှာ တိကျစွာသိရှိရဖို့ဟာ အရေးကြီးတဲ့ အခန်းကဏ္ဍထဲမှာ ပါဝင်နေတာ ကြောင့် ပူးပေါင်းဆောင်ရွက်ဖို့အတွက် လက်မှတ်ရေးထိုးရ တာဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအ သင်းချုပ်ရဲ့  ရုံးအဖွဲ့မှူး ဦးမြင့်လွင်က ပြောပါတယ်။

“ဆန်နဲ့ စပါးကြားမှာ အစိုဓာတ်ပါဝင်မှုကို တိကျစွာသိရှိရဖို့နဲ့ သိုလှောင်တဲ့အချိန်မှာ သတ်မှတ်ချက် အတိုင်းသိုလှောင်နိုင်ဖို့အတွက်ကို ဆွေးနွေးခဲ့ကြတာပါ။ အစိုဓာတ်တိုင်းတာစစ်ဆေးတဲ့ဟာတွေက နိုင် ငံတကာက ဝင်ရောက်နေတယ်။ ဘယ်ဟာက ဘယ်လောက်တိကျသလဲဆိုတာလည်းသိပ်မသိရဘူး။ တစ်ခုနဲ့တစ်ခုရဲ့ အရည်အသွေးလည်းမတူကြဘူး။ မှားယွင်းစွာသိုလှောင်ကြိတ်ခွဲတဲ့ဟာ နစ်နာဆုံးရှုံးမှု တွေရှိလာတယ်။ ဒါဟာအရေးကြီးတဲ့အတွက် အစိုဓာတ်ကိုမှန်ကန်စွာတိုင်းတာဖို့အတွက် သူတို့နဲ့ ပူး ပေါင်းဆောင်ရွက်ဖို့အတွက်ကို လက်မှတ်ရေးထိုးခဲ့တာပါ”

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ဒုတိယဥက္ကဌများ၊ တွဲဖက်အထွေထွေအတွင်းရေးမှူးများ၊ တွဲဖက် ဘဏ္ဍာရေးမှူးများနဲ့ ဂျပန်နိုင်ငံ Kett Electric Laboratory (Kett)မှ General Manager Norihiro YOSHIDA နှင့် အဖွဲ့တို့မှ တက်ရောက်ရေးထိုးခဲ့ကြတာလည်းဖြစ်ပြီး ၂၀၁၈-၂၀၁၉ ကာလအတွင်း လုပ်ဆောင်သွားမှာလည်းဖြစ်ပါတယ်။

#Agro_News

#Pissaya_Info ဝေဖြိုးနိုင်





Leave a Reply

Your email address will not be published. Required fields are marked *