BREAKING NEWS

⁠မွေး⁠မြူ⁠ရေး⁠ခြံ⁠တွေမှာ ⁠ရောဂါထိန်းချုပ်⁠ခြင်း

၁။ မည်သည့်  (တရစ္ဆာန်သယ်ယာဉ်၊ အစာပို့ကား) မှ မွေးမြူရေးခြံအတွင်းသို့ ၀င်ခွင့်မပြုရ။ အကယ်၍ ခြံအတွင်း ၀င်ရောက်လိုလျှင် မ၀င်မီနှင့် ၀င်ပြီးသောအခါ ပိုးသတ်ဆေးဖြင့် ပက်ဖျန်းရမည်။

၂။ လူမှ တိရစ္ဆာန်သို့လည်းကောင်း၊ တိရစ္ဆာန်မှ လူသို့ လည်းကောင်း ရောဂါကူးစက်မှု မရှိစေရန် ပြင်ပလူများအားမွေးမြူရေးခြံအတွင်းသို့ မ၀င်စေရ။ ခြံအတွင်းသို့ ၀င်ရောက်လိုပါက ပိုးသတ်ဆေးဖျန်းခြင်းတို့ကို ပြုလုပ်ပြီး ခြံအတွင်း အသုံးပြုသော ဖိနပ်နဲ့ အ၀တ်အစားများကိုသာ အသုံးပြုရမည်။

၃။ မွေးမြူရေးလုပ်ငန်းသုံးပစ္စည်းများကို ခြံအတွင်းသို့ ယူဆောင်မလာမီ ပိုးသတ်ဆေးဖျန်းရမည်။

၎။ အကြောင်းရင်းမသိသော တိရစ္ဆာန်သေဆုံးခြင်းသို့မဟုတ် တိရစ္ဆာန်များ ဖျားနာခြင်း တွေ့ရှိပါက မွေးကုဦးစီးဌာနသို့ ချက်ချင်းအကြောင်းကြားရမည်။

၅။ ပုံမှန်သေဆုံးခြင်း မဟုတ်သော တိရစ္ဆာန်အသေများကို ဈေးသို့ရောင်းချခြင်း၊ အများသုံးရေကန်၊ ချောင်း၊ မြောင်း၊ မြစ်များထဲသို့ လွှင့်ပစ်ခြင်း မပြုရ။ မြေကြီးအနက် ၆ပေခန့်တွင် မြေမြှုပ်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်းတို့ကို သတ်မှတ်နေရာတွင် ပြုလုပ်ရမည်။ မွေးမြူရေးခြံ၊ မြေမြှုပ်သောနေရာ၊ မီးရှို့သောနေရာ နှင့် ပတ်ဝန်းကျင်တို့တွင် ပိုးသတ်ဆေးဖျန်းရမည်။

Source – မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန





Leave a Reply

Your email address will not be published. Required fields are marked *