BREAKING NEWS









Source – စိုက်ပျိုးရေးဦးစီးဌာန

Unicode ဖြင့်ဖတ်ရန်

အာလူးကို ဘယ်လိုအချိန်မှာ တူး⁠ဖော်ရင်အ⁠ကောင်းဆုံးလဲ။

=======================================

အာလူးကို သြဂုတ်လမှ စက်တင်ဘာလအတွင်းတွင်လည်းကောင်း ဆောင်းအာလူးကို ဧပြီ မှ မေလအတွင်းတွင်လည်းကောင်း တူးဖော်ကြသည်။

စိုက်ပြီး (၃) လခွဲခန့်ကြာလျှင် အာလူးပင်များခြောက်သွေ့နှုန်း ကျသွားပါသည်။ ထိုအချိန် တွင် အာလူးတူးဖော်ရန် အကောင်းဆုံးအချိန် ဖြစ်ပါသည်။

အာလူးကို အခွံပါးပါးနှင့် (အာလူး) အသစ်လိုချင်လျှင် ပန်းပွင့်စချိန်တွင် တူးဖော်ရသည်။

သို့ရာတွင် တာရှည်သိုလှောင်ရန်ဖြစ်ပါက အပင်သေပြီးမှ တူးဖော်လျှင် အာလူးရင့်ပြီး အခွံခိုင်မာပြီဖြစ်သည်။

ရာသီဥတုက နွေးပြီး ခြောက်သွေ့နေလျှင် အပင်သေပြီး နောက် အာလူးကို မတူးဖော်သေးဘဲ မြေတွင် ၂ ပတ်ခန့် ရင့်ကျက်အောင် လုပ်ရသည်။

ပေါက်ပြားဖြင့်ပေါက်၍လည်းကောင်း၊ အကြောင်းလိုက် ထယ်ထိုး၍လည်းကောင်း တူးဖော်ပြီး လက်ဖြင့် ကောက်ယူရသည်။ တူးဖော်ချိန်စောပါက ကိုင်တွယ်သယ်ယူရာတွင် ပုပ်တတ်သည်။ ရင့်မှ တူးဖော်လျှင်အထွက်ကောင်း၍ အထားခံသည်။

မြေမာလျှင် အာလူးဥဖော်ရာ တွင်ဥများကိုထိခိုက်ဒဏ်ရာများ ရစေတတ်ပါသည်။ မြေအခြေအနေနှင့် မျိးအခြေအနေပေါ်မူတည်၍ အထွက်နှုန်းမှာ မျိုးနှုန်းပမာဏ၏ (၅ ဆ မှ ၁၀ ဆ) အထိ ထွက်ရှိနိုင်သဖြင့် အထွက်မှာ (၃၀၀၀ မှ ၇၀၀၀) ပိဿထိ ထွက်ရှိနိုင်ပါသည်။

Source – စိုက်ပျိုးရေးဦးစီးဌာ





Leave a Reply

Your email address will not be published. Required fields are marked *