BREAKING NEWS

JICA(Two Step Loan) ဖြင့် ချေးငွေ ထုတ်ချေးရာတွင် လုပ်ကွက်ငယ် လယ်သမားများအတွက်ပါ အကျိုးသက်ရောက်မှုရှိကြောင်း ဒုတိယ၀န်ကြီး ပြော

JICA Two Step Loan ချေးငွေမှာ (၁) ဧကမှစ၍ ဧကများစွာ လုပ်ကိုင်နေသော တောင်သူ လယ်သမားများသို့ ထုတ်ချေးပေးခြင်းဖြစ် သဖြင့် လုပ်ကွက်ငယ် တောင်သူလယ်သမားများ အပါအဝင် လယ်ယာ သုံးစက်ကိရိယာများဖြင့် ထွန်ယက်၊ ရိတ်သိမ်း၊ ခြွေလှေ့ခြင်း သာမက သက်သာသော နှုန်းထားဖြင့် အခြားတောင်သူများသို့လည်း ငှားရမ်းနိုင်ခြင်းအားဖြင့် အကျိုးသက်ရောက်မှုရှိကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေး ဒုတိယ၀န်ကြီး ဦးမောင်မောင်ဝင်းက ပြောပါတယ်။
 
ဒီကနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ကျောင်းကုန်း မဲဆန္ဒနယ်မှ ဦးသိန်းထွန်းက JICA(Two Step Loan) ဖြင့် လယ်ယာ လုပ်ငန်းကဏ္ဍ (Farming)နှင့် လယ်ယာ ကဏ္ဍကို အခြေခံသော စီးပွားရေးလုပ်ငန်းကဏ္ဍ(Agri-business) များအတွက် ချေးငွေ ထုတ်ချေးရာတွင် လုပ်ကွက်ငယ် တောင်သူ လယ်သမားများအတွက် အကျိုးသက်ရောက်မှု ရှိ၊ မရှိ မေးမြန်းမှုအပေါ် ဒုတိယ၀န်ကြီးက အထက်ပါအတိုင်း ဖြေကြားခဲ့တာ ဖြစ်ပါတယ်။
 
ဒုတိယ၀န်ကြီး ဦးမောင်မောင်ဝင်းက အခုအခါ မြန်မာနိုင်ငံ လယ်ယာစိုက်ပျိုးရေးမှာ လယ်ယာလုပ်သားရှားပါးလာမှုကြောင့်ရာသီအချိန်မီ စိုက်ပျိုး၊ ထွန်ယက်၊ ရိတ်သိမ်းခြင်းတို့အတွက် စက်မှု လယ်ယာစနစ်သို့ ကူးပြောင်းဆောင် ရွက်ရန် လိုအပ်လျက်ရှိကြောင်း ဒီကနေ့ ကျင်းပတဲ့ လွှတ်တော် အစည်းအဝေးမှာ ပြောပါတယ်။
 
JICA Two Step Loan ၏ ရည်ရွယ်ချက်မှာ လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ကူးပြောင်း၍ ကုန်ထုတ်လုပ်မှု စွမ်းအားမြင့်မားတိုးတက်စေရန်နှင့် ကျေးလက်နှင့် မြို့ပြဒေသ ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်မှုကို အထောက် အကူပြုစေရန်တို့အတွက် ဘဏ္ဍာရေး အကူအညီပေးရန် ဖြစ်ပါကြောင် ဒုတိယ၀န်ကြီး ဦးမောင်မောင်ဝင်းက ဒီကနေ့ ကျင်းပတဲ့ လွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။
#Agro_News
#Pissaya_Info




Leave a Reply

Your email address will not be published. Required fields are marked *