BREAKING NEWS

အွန်လိုင်းကနေ ဖြန့်ချိတဲ့ မိစန္ဒီရဲ့ သီချင်းသစ်

ဇန်နဝါရီ ၁၃ ရက်က အွန်လိုင်းတွင် စတင်ရောင်းချခဲ့ သည့် သီချင်းသစ်ဖြစ်သော Brainless (ဦးနှောက်မဲ့ငတုံး) သီချင်းတွင် ဖွဲ့နွဲ့ထားသည့် စာ သားများသည် လူငယ်ဆန်သော ကြောင့် လူငယ်ပရိသတ်အများစု က သဘောကျကြောင်း အဆို တော် မိစန္ဒီက ပြောသည်။

‘‘Brainless ကတော့ ပုံစံက ဟစ်ဟော့ပ်သီချင်းပါပဲ။ မယ်လိုဒီ ကတော့ နည်းနည်းရော့ခ်ဆန် တယ်။ ‘ရေခဲရိုက်အပြုံး’နဲ့ ခပ်ဆင် ဆင်သွားပြီးတူတဲ့ ပုံစံမျိုးပါ။ သို့ သော် သူက ရက်ပ်တွေပိုများ တယ်။ ပိုပြီးတော့ ပေါက်ကွဲ တယ်။ ပြီးတော့ စကားလုံးတွေက ပိုပြီး တိုက်ရိုက်ကျတယ်။ နားစွဲ လွယ်တဲ့ သီချင်းမျိုးတော့ မဟုတ် ဘူး။ ဒါပေမဲ့ ရက်ပ်တွေကိုတော့ သေချာရေးထားတယ်။ ပရိသတ် အတွက် ရသတစ်မျိုးပေးနိုင်မယ် လို့တော့ ထင်ပါတယ်’’ဟု ၎င်းက ပြောသည်။

Brainless သီချင်းသည် ကောင်မလေးကို ကောင်လေးက အရူးလုပ်သောကြောင့် ကိုယ့် ကိုယ်ကိုယ် အသုံးမကျလေခြင်း၊ ပိန်းလေခြင်း၊ တုံးလေခြင်းဟု နာ ကြည်းသောပုံစံနှင့် ရေးသားထား ခြင်းဖြစ်သည်။

‘‘ဒီသီချင်းက မိစန္ဒီ လွန်ခဲ့တဲ့ တစ်နှစ်ခွဲကတည်းက ရေးထား တာပါ။ မိစန္ဒီက နှစ်သစ်မှာ ပရိ သတ်တွေကို အသစ်ပေးချင်တာ ကြောင့် အဲဒီသီချင်းကိုပဲ ပြန်ပြင် ရေးပြီး သေချာအကြောင်းအရာ လေးနဲ့ နည်းနည်းဆန်းအောင်ရေး ပြီး ပရိသတ်ကို ပေးဖြစ်တာပါ’’ ဟု မိစန္ဒီက ပြောသည်။

အဆိုပါ သီချင်းသည် ယခင် က ပရိသတ်များ ကြိုက်နှစ်သက် သည့် ‘ရေခဲရိုက်အပြုံး’၊ ကျေးကျွန် စသည့်သီချင်းများနှင့် ပုံစံတူမည် ကို စိုးရိမ်သောကြောင့် ၎င်း၏ တတိယအခွေဖြစ်သော ‘အသည်းလေး’အခွေတွင် မထည့်တော့ဘဲ ယခုမှသာ တစ်ပုဒ်တည်း သီးသန့် ထုတ်ခြင်းဖြစ်သည်။

source_7 days

 





Leave a Reply

Your email address will not be published. Required fields are marked *