BREAKING NEWS

မြန်အောင်အမတ် ဦးလှမိုးအောင်ကို ဧရာဝတီ ဝန်ကြီးချုပ်အဖြစ် အမည်သွင်း

ကျန်းမာရေးကြောင့် တာဝန်မှ နှုတ်ထွက်သွားသည့် ၀န်ကြီးချုပ် မန်းဂျော်နီအစား မြန်အောင် မဲဆန္ဒနယ်မှလွှတ်​​တော်​ ကိုယ်​စားလှယ် ဦးလှမိုးအောင်အား တာဝန်ပေး ခန့်ထားရန် နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ဧရာဝတီတိုင်း ဒေသကြီး လွှတ်တော်သို့ အမည်စာရင်း ပေးပို့ခဲ့သည်။

NLDအစိုးရသက်တမ်း(၂) နှစ်နီးပါးရှိချိန်၊ ၂၀၁၈ခုနှစ် နှစ်ဆန်းပိုင်းတွင် တိုင်းဒေသကြီး (၃)ခုမှ ၀န်ကြီးချုပ် တစ်ဦးနှင့် ၀န်ကြီး(၅)ဦး တို့ကို တာဝန်မှ နှုတ်ထွက်ခွင့် ပြုခဲ့ပြီး အစိုးရအဖွဲ့၏ စွမ်းဆောင်ရည်ကို မြှင့်​တင်ရန် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ဧရာဝတီတိုင်း​ဒေသကြီး ဝန်​ကြီးချုပ်​ နေရာအတွက်​ ဦးအောင်ကျော်ခိုင်၊ လူမှုရေးဝန်ကြီး ဒေါက်​တာလှမြတ်သွေးနှင့် လ​ပွတ္တာအမတ် ဒေါ်စန်းစန်းမြင့်တို့ ရေပန်းစားခဲ့ပြီး နိုင်ငံတော်သမ္မတ က ဦးလှမိုးအောင်ကို အမည်စာရင်း တင်သွင်းခဲ့ခြင်း ဖြစ်သည်။

လစ်လပ်​နေ​သော ဝန်ကြီးချုပ်​နေရာကို အစားထိုးခန့်အပ်ရန် ဧရာဝတီ တိုင်း​ဒေသကြီး လွှတ်​​တော်​၏ အရေးပေါ် အစည်းအဝေးကို ဇန်နဝါရီ(၅)ရက်နေ့က ခေါ်ယူခဲ့သော်လည်း သမ္မတရုံးက အမည်​စာရင်း မ​ပေးပို့သဖြင့် ဇန်နဝါရီ (၁၈)ရက်နေ့သို့​ပြောင်းရွှေ့ ကျင်းပ ခဲ့ရသည်။

source_The Nyang News




Leave a Reply

Your email address will not be published. Required fields are marked *