BREAKING NEWS

ဝန်ကြီးချုပ်အသစ်ခန့်အပ်မည့် ဧရာဝတီတိုင်းလွှတ်တော်အရေးပေါ်အစည်းအဝေး ရက်ရွှေ့ဆိုင်

လစ်လပ်နေတဲ့ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နေရာ အစားထို့ခန့်အပ်ဖို့အတွက် ဒီကနေ့ ဇန်နဝါရီလ ၁၅ ရက်နေ့မှာ တိုင်းဒေသကြီး လွှတ်တော် အရေးပေါ်အစည်းအဝေး ခေါ်ယူထားပေမယ့် လွှတ်တော်အစည်းအဝေးကို ဇန်န၀ါရီ ၁၈ ရက်ကို ရက်ရွှေ့ဆိုင်းလိုက်ပါ တယ်။

သမ္မတရုံးက ဝန်ကြီးချုပ်နာမည်စာရင်း အဆိုပြုစာ မရောက်ရှိသေးတဲ့အတွက် ရက်ရွှေ့လိုက်တာလို့ လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင် က ပြောပါတယ်။

လွှတ်တော်ကိုယ်စားလှယ်တွေ မီဒီယာတွေ လေ့လာသူတွေ ရောက်ရှိစောင့်ဆိုင်းနေ ကြပေမယ့် မနက် ၁၀ နာရီကျော်မှာ အစည်းအဝေး ရက်ရွှေ့ဆိုင်းကြောင်း လွှတ်တော်က ကြေညာခဲ့တာပါ။





Leave a Reply

Your email address will not be published. Required fields are marked *