BREAKING NEWS

လယ္ယာ⁠ေ⁠ျမ⁠ေတြကုိ ⁠နိုင်ငံ⁠တော်ကသိမ်းယူတဲ့အခါ ဘာ⁠တွေကို ⁠ဆောင်ရွက်⁠ပေးမလဲ (လယ်ယာေ⁠မြလုပ်ပိုင်ခွင့် အ⁠ငြင်းပွားမှုေ⁠ဖြရှင်း⁠ခြင်း⁠နှင့် အယူခံ⁠ခြင်း )

လယ်ယာမြေလုပ်ပိုင်ခွင့် အငြင်းပွားမှုဖြေရှင်းခြင်းနှင့် အယူခံခြင်း

လယ်ယာမြေလုပ်ပိုင်ခွင့်နဲ့ပတ်သက်ပြီး အငြင်းပွားမှုဖြစ်လာရင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့က မှုလမှုခင်းဖွင့်လှစ်ပြီး စုံစမ်းစစ်ဆေးတာတွေ၊ ကြားနာတာတွေကို ဆောင်ရွက်ရမယ်။ (နည်း ၅၉) အဲဒီနောက် အမှုစတင်ဖွင့်လှစ်တဲ့နေ့က (၁၅) ရက်အတွင်းမှာ အမိန့် ဒါမှမဟုတ် ဆုံးဖြတ်ချက်ကို ချမှတ်ရပါမယ်။ (နည်း ၆၀(က))

ဆုံးဖြတ်ချက်ကို မကျေနပ်သူအနေနဲ့ ရက်ပေါင်း(၃၀) အတွင်းမှာ မြို့ နယ်လယ်ယာမြေစီမံခန့်ခွဲမှုအ ဖွဲ့ထံ အယူခံဝင် ရောက်နိုင်တယ်။ မြို့ နယ်က ရက်ပေါင်း(၃၀) အတွင်းမှာပဲ အဲဒီ ဆုံးဖြတ်ချက်ကို အ တည်ပြုတာ၊ ပြင်ဆင်တာ ဒါမှ မဟုတ် ပယ်ဖျက်တာတွေ လုပ်လို့ရတယ်။ (နည်း ၆၀(ခ))

မြို့ နယ်ရဲ့ အမိန့်ကို မကျေနပ်သူတွေအနေနဲ့ ရက်ပေါင်း(၃၀)အတွင်းမှာ ခရိုင်လယ်ယာမြေစီမံခန့်ခွဲ မှုအဖွဲ့ထံ အယူခံဝင်ရောက်နိုင်တယ်။ ခရိုင်ကလည်း ရက်ပေါင်း(၃၀) အတွင်းမှာ မြို့ နယ်ရဲ့ ဆုံးဖြတ်ချက်ကို အတည်ပြုတာ၊ ပြင်ဆင်တာ၊ ဒါမှမဟုတ် ပယ်ဖျက်တာတွေကို လုပ်လို့ရတယ်။ (နည်း ၆၀(ဂ))

ခရိုင်အမိန့်ကို မကျေနပ်သူအနေနဲ့ ရက်ပေါင်း(၆၀) အတွင်းမှာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လယ် ယာမြေစီမံခန့်ခွဲမှုအဖွဲ့ထံ ဆက်လက်အယူခံဝင်ရောက်နိုင်တယ်။ အဲဒီအမိန့်ကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က ရက်ပေါင်း(၆၀) အတွင်းမှာ အတည်ပြုတာ၊ ပြင် ဆင်တာ ဒါမှမဟုတ် ပယ်ဖျက် တာတွေကို လုပ်လို့ရတယ်။ (နည်း ၆၀(ဃ))

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ရဲ့ အဆုံးအဖြတ်ဟာ အပြီးအပြတ် ဖြစ်တယ်။ (ဥပဒေပုဒ်မ- ၂၅(ဂ))

စိုက်ပျိုးသုတ ပစ္စယ (Pissaya Info)




One thought on “ေ⁠မြ⁠နုကျွန်းေ⁠မြလုပ်ပိုင်ခွင့်ချထား⁠ပေး⁠ခြင်း

  1. Aye Shwe

    လယ်ယာမြေရော်ကြေးပေးသင့်သောစည်းမျဉ်းများမပေးသင့်သောစီးမျဉ်းများကိုခွဲခြားသိချင်ပါတယ်ကျေးဇူးပြု၍ရှင်းပြပေးပါ

    Reply

Leave a Reply

Your email address will not be published. Required fields are marked *