BREAKING NEWS

ဒေသထွက်ကုန်အသုံးပြု တန်ဖိုးမြှင့်လူသုံးကုန်ထုတ်လုပ်နည်း သင်တန်းဖွင့်လှစ်

ဒေသထွက်ကုန်များကို အခြေခံပြီး တန်ဖိုးမြှင့် လူသုံးကုန်များ ထုတ်လုပ်နည်း သင်တန်းကို ဧရာဝတီတိုင်းဒေသကြီး ဒေးဒရဲမြို့ ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန သင်တန်းခန်းမမှာ ဇန်နဝါရီ ၆ ရက်မှ စတင် ဖွင့်လှစ်ထားပြီး ဇန်နဝါရီ ၉ ရက်အထိ လေးရက်ကြာ ဖွင့်လှစ်သင်ကြားနေ တာဖြစ်ကြောင်းသိရပါတယ်။

အုန်းစိုက်ပျိုးလုပ်ကိုင်သူတွေနဲ့ စိတ်ပါဝင်စားသူများကို ပိုမိုသိ ရှိလေ့ လာနို င်အောင်သင်တန်းကိုဖွင့်လှစ် ရတာဖြစ်တယ်လို့ မြန်မာနိုင်ငံ အုန်းသီးစိုက်ပျိုး ထုတ်လုပ် တင်ပို့ရောင်းချသူများအစုအဖွဲ့ရဲ့ အထွေထွေ အတွင်းရေး မှူးဒေါ်စန်းစန်းဟန်က ပြောပါတယ်။

“ သင်တန်းမှာတော့ ဒေသထွက်ကုန်ဖြစ်တဲ့ အုန်းပင်များမှရရှိတဲ့ ကုန်ကြမ်းတွေကို အသုံးပြုပြီး အော်ဂဲနစ်အုန်းစိုက် ပျိုးနည်းတွေ အော်ဂဲ နစ်မြေသြဇာပြုလုပ်နည်း၊ စီးပွားဖြစ် အုန်းပင်စိုက်ပျိုးနည်း၊ အုန်းပင်မှ ရတဲ့ အုန်းသား၊ အုန်းမှုတ်ခွက်တွေကို အသုံးပြုပြီး တန်ဖိုးမြှင့် လူ့အ သုံး အဆောင် ပစ္စည်း ပြုလုပ်နည်း တွေကိုသင်ကြားပေးနေပါတယ်။ ပြည်ပတင်ပို့ဖို့အတွက်လည်း မိရိုးဖလာ အုန်းစိုက်ပျိုး ထားရှိမှုမှ ပိုမိုပြီး တိုးချဲ့ စိုက်ပျိုးလာနိုင်အောင် လည်း အကူအညီတွေပေးနေပါတယ်။”

သင်တန်းကိုဒေးဒရဲမြို့နယ် အတွင်းရှိ ကျေးရွာများမှ သင်တန်းသား သင်တန်းသူ ၂ဝ တက်ရောက်နေ ပြီး မြန်မာနိုင်ငံ အုန်းသီးစိုက်ပျိုး ထုတ်လုပ်ရောင်းချ သူများအသင်းနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနတို့က ပူးပေါင်းလုပ်ဆောင်တာဖြစ်ကြောင်းလည်း သိရပါတယ်။

#Agro_News
#Pissaya_Info ဝေဖြိုးနိုင်





Leave a Reply

Your email address will not be published. Required fields are marked *