BREAKING NEWS

လယ္ယာ⁠ေ⁠ျမ⁠ေတြကုိ ⁠နိုင်ငံ⁠တော်ကသိမ်းယူတဲ့အခါ ဘာ⁠တွေကို ⁠ဆောင်ရွက်⁠ပေးမလဲ

ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ ဆောင်ရွက်ပေးရန်လိုခြင်း

နိုင်ငံတော်အကျိုးရှိစေမယ့် ကိစ္စအတွက်ပဲဖြစ်ဖြစ်၊ အများပြည်သူအကျိုးရှိစေမယ့် ကိစ္စအတွက်ပဲဖြစ်ဖြစ်၊ သိမ်း ယူတဲ့လယ်ယာမြေနဲ့ မူလလယ်ယာမြေလုပ်ပိုင်ခွင့်ရရှိထားသူ ဆောင်ရွက် ထားတဲ့ကိစ္စတွေအတွက် မနစ်နာရအောင် လျော်ကြေးပေးတာတွေနဲ့ အခြားနည်းစီမံဆောင်ရွက်ပေး တာတွေကို နှောင့်နှေး၊ ကြန့်ကြာမှုမရှိဘဲ သက်ဆိုင်ရာက ပြုလုပ်ပေးနိုင်ဖို့ ဗဟိုလယ်ယာမြေ စီမံခန့်ခွဲ မှုအဖွဲ့က လိုအပ်သလိုညှိနှိုင်းဆောင်ရွက်ပေးရမယ်။ (ပုဒ်မ ၂၆)

အဲ့လိုသိမ်းယူတဲ့ကိစ္စမျိုးတွေမှာ ရထိုက်ခွင့်ရှိတဲ့ လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူများ အား နစ်နာကြေးနဲ့ လျော်ကြေးငွေ ကို နိုင်ငံတော်က ပေးမှာဖြစ်ပါတယ်။ (နည်း ၆၆)

ဒါပေမယ့် အဲ့ဒီနစ်နာကြေးနဲ့လျော်ကြေးကို အောက်ပါကိစ္စရပ်တွေအတွက် ပြန်လည် ရုပ်သိမ်းခံရသူက မရထိုက်ပါ။

  • လယ်ယာမြေဥကဒေပါ စည်းကမ်းချက်တစ်ခုခုကို မလိုက်နာလို့ လယ်ယာမြေပေါ်က နှင်ထုတ်ခံရတာ ဒါမှ မဟုတ် လယ်ယာမြေပေါ်မှာ ခွင့်ပြုချက်မရှိဘဲဆောက်လုပ်ထားတဲ့ အဆောက်အအုံကို ဖယ်ရှားခံရတာ။
  • အခြားနည်းအသုံးပြုခွင့်ရပြီး ခွင့်ပြုတဲ့နေ့ရက်က (၆) လအတွင်းမှာ သတ်မှတ်တဲ့နည်းလမ်း တွေနဲ့ စတင်အသုံးမပြုလို့ဖြစ်ဖြစ်၊ သတ်မှတ်ကာလအတွင်းမှာ လုပ်ငန်းပြီးစီးမှုမရှိလို့ဖြစ်ဖြစ်၊ လယ်ယာမြေကို ပြန်လည်သိမ်းယူခံရတာ။
  • လယ်ယာမြေလုပ်ပိုင်ခွင့် အားလုံးကိုဖြစ်ဖြစ်၊ တစ်စိတ်တစ်ပိုင်းကိုဖြစ်ဖြစ်၊ နိုင်ငံတော်အစိုးရရဲ့  ခွင့်ပြုချက်မရှိဘဲ နိုင်ငံခြားသား ဒါမှမဟုတ် နိုင်ငံခြားသားပါဝင်တဲ့အဖွဲ့အစည်းကို ရောင်းချတာ၊ ပေါင်နှံတာ၊ ဌားရမ်းတာ၊ လဲလှယ်တာ ဒါမှမဟုတ် ပေးကမ်းတဲ့အတွက် လယ်ယာမြေလုပ်ပိုင် ခွင့်ကို ပြန်လည်သိမ်းယူခံရတာ။ (နည်း ၆၅ (က)(ခ)(ဂ))

လယ်ယာမြေကို သိမ်းယူတဲ့အခါ စီမံကိန်းကိုအကောင်အထည်ဖော်မယ့် သက်ဆိုင် ရာဝန်ကြီးဌာနအနေနဲ့ အကောင် အထည်ဖော်မယ့်စီမံကိန်းအတွက် အမှန်တကယ်လိုအပ်တဲ့ အနည်းဆုံးပမာဏကို သိမ်းယူနိုင်ဖို့ ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ကိုတင်ပြရမယ်။ (နည်း ၉၆)

ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ကလည်း လယ်ယာမြေတွေ မလိုအပ်ဘဲ ဆုံးရှုံးမှုမရှိ ဖို့နဲ့ ဆန်စပါးဖူလုံမှုကို ထိခိုက်မှု မရှိစေဖို့စိစစ်ပြီး စီမံကိန်းကိုအကောင်အထည်ဖော်မယ့် သက်ဆိုင် ရာ ဝန်ကြီးဌာနအတွက်သိမ်းယူသင့်တဲ့ လယ် ယာမြေကို အနည်းဆုံးပမာဏဖြစ်စေဖို့ သဘောထား မှတ်ချက်နဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ကို တင်ပြရမယ်။ (နည်း ၉၇)

ပြည်ထောင်စုအစိုးရအဖွဲ့က ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ရဲ့  ထောက်ခံတင်ပြချက် ကိုစီစစ်၊ သုံးသပ်ပြီး သိမ်းယူ သင့်တဲ့ မြေပမာဏလောက်ကိုပဲ သိမ်းယူရမယ်။ (နည်း ၉၈)

နစ်နာကြေးနှင့်လျော်ကြေးတောင်းခံခြင်း

မြို့ နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က နိုင်ငံတော်ကပေးရမယ့် နစ်နာကြေးနဲ့ လျော်ကြေးငွေကို တွက်ချက်ပြီး နစ် နာကြေးနှင့်လျော်ကြေးပေးဆောင်ရန် တွက်ချက်မှု (ပုံစံ-၁၂) ကို ခရိုင်လယ်ယာ မြေစီမံခန့်ခွဲမှုအဖွဲ့နဲ့ နေပြည်တော် ကောင်စီ သို့မဟုတ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လယ် ယာမြေ စီမံခန့်ခွဲမှုအဖွဲ့တွေက တစ်ဆင့် ဗဟို လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ကို တင်ပြရပါမယ်။ (နည်း ၆၇)

နစ်နာကြေးနဲ့ လျော်ကြေးငွေတွေကို တွက်ချက်တဲ့အခါ အောက်မှာဖော်ပြထားတဲ့အ တိုင်း တွက်ချက်ရမှာ ဖြစ်တယ်။

သီးနှံနှင့်အဆောက်အအုံအတွက် နစ်နာကြေးတွက်ချက်ပုံ

  • လက်ရှိစိုက်ပျိုးထားတဲ့ စပါးနဲ့အခြားရာသီသီးနှံတွေအတွက် တစ်ဧကပျမ်းမျှ အထွက်နှုန်းကို အခြေခံပြီး ဒေသရဲ့ ကာလပေါက်ဈေးတန်ဖိုးရဲ့  ၃ ဆ။
  • စိုက်ပျိုးထားတဲ့နှစ်ရှည်ပင်အတွက် လက်ရှိအပင်တန်ဖိုးကိုအခြေခံပြီး ဒေသရဲ့ ကာလပေါက် ဈေး တန်ဖိုးရဲ့  ၃ ဆ။
  • အဆောက်အအုံတွေအပါအဝင် အခြားဆောင်ရွက်ထားချက်တွေအတွက် ဒေသရဲ့ ကာလ ပေါက်ဈေးတန်ဖိုးရဲ့  ၂ ဆ။ (နည်း ၆၇(က))

မြေအတွက်လျော်ကြေးတွက်ချက်ပုံ

  • အကျိုးအမြတ်မရှိတဲ့ တည်ဆောက်ရေးလုပ်ငန်းတွေနဲ့ နိုင်ငံတော်ရဲ့ လုံခြုံရေးကိစ္စရပ်တွေအ တွက် သိမ်းယူခံရတဲ့ လယ်ယာမြေတွေကို ဒေသရဲ့ ကာလပေါက်ဈေးတန်ဖိုး။
  • အကျိုးအမြတ်ရှိတဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် အသုံးပြုရင် လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူ မနစ်နာအောင် ညှိနှိုင်းသဘောတူတဲ့ ငွေကြေးပမာဏ၊ ဒါမှမဟုတ် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့က ဖွဲ့စည်းပေးတဲ့ “လျော်ကြေးငွေသတ်မှတ်ရေးအဖွဲ့” က စီးပွားရေးလုပ်ငန်းအမျိုးအစား အလိုက်ဆုံးဖြတ်တဲ့ ဒေသရဲ့ ကာလပေါက်ဈေးတန်ဖိုးအောက်မနိမ့်တဲ့ ငွေကြေးပမာဏ။ (နည်း ၆၇ (ခ))

ကျေနပ်မှုမရှိလျှင်တိုင်ကြားနိုင်ခြင်း

နစ်နာကြေး၊ လျော်ကြေးပေးတာတွေနဲ့ပတ်သက်ပြီး ကျေနပ်မှုမရှိလို့ တိုင်ကြားလာရင် နေပြည် တော်ကောင်စီ သို့မဟုတ် သက်ဆိုင်တဲ့တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအ ဖွဲ့က ဥပဒေနဲ့အညီ ပြီးပြတ်အောင် စိစစ်၊ ဆုံးဖြတ်၊ ဆောင်ရွက်ပေးမှာဖြစ်တယ်။

အဲ့လိုဆောင်ရွက်တဲ့အခါမှာ လိုအပ်ချက်တွေရှိလာရင် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က လို အပ်သလို ညှိနှိုင်းပေါင်းစပ် ကြီးကြပ် ဆောင်ရွက်ပေးမှာဖြစ်တယ်။ (နည်း ၆၈(က)(ခ))

လယ်ယာမြေအားပြန်လည်ပေးအပ်ခြင်း

နိုင်ငံတော်အကျိုးဖြစ်ထွန်းစေမယ့် စီမံကိန်းတွေအတွက် လယ်ယာမြေကို သိမ်းယူတဲ့အခါမှာ လိုအပ်မယ့် အနည်းဆုံးပမာဏကိုပဲ သိမ်းယူရမယ်။ စီမံကိန်းကိုလည်း သတ်မှတ်ကာလအတွင်းမှာ ပြီး စီးအောင်ဖော်ဆောင်ဖို့ လိုအပ်မှာဖြစ်သလို စီမံကိန်းတွေကို မလုပ်တော့ရင် မူလလယ်ယာမြေလုပ်ပိုင် ခွင့် ရရှိထားတဲ့ ပုဂ္ဂိုလ်၊ အဖွဲ့အစည်းထံ မိမိတို့သိမ်းယူခဲ့တဲ့ လယ်ယာမြေတွေကို ပြန်လည်ပေးအပ်ရ မယ်။

ကျွဲ၊ နွား၊ စားကျက်တွေနဲ့ ရွာဘုံမြေတွေကို ထိမ်းသိမ်းထားခြင်း

ပြည်ထောင်စုအစိုးရအဖွဲ့ကဖြစ်ဖြစ်၊ ပြည်ထောင်စုအစိုးရအဖွဲ့က ခန့်အပ်တဲ့ အာဏာပိုင်ကဖြစ် ဖြစ်၊ အခြားနည်း နဲ့အသုံးပြုဖို့ အမိန့်ကြော်ငြာစာနဲ့ ထုတ်ပြန်တဲ့ကိစ္စကလွဲလို့ ကျွဲ၊ နွား၊ စားကျက်တွေနဲ့ ရွာဘုံမြေတွေကို မပျက်စီးအောင် ထားရှိရမယ်။ (ဥပဒေပုဒ်မ- ၃၃)

လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အဆင့်ဆင့်ကို ဆက်လက်ဖော်ပြပေးပါမည်။





One thought on “ေ⁠မြ⁠နုကျွန်းေ⁠မြလုပ်ပိုင်ခွင့်ချထား⁠ပေး⁠ခြင်း

  1. Aye Shwe

    လယ်ယာမြေရော်ကြေးပေးသင့်သောစည်းမျဉ်းများမပေးသင့်သောစီးမျဉ်းများကိုခွဲခြားသိချင်ပါတယ်ကျေးဇူးပြု၍ရှင်းပြပေးပါ

    Reply

Leave a Reply

Your email address will not be published. Required fields are marked *