BREAKING NEWS

တရုတ်ကို မြန်မာ့ချဉ်ပေါင်ဖာလာ တန်ချိန် ၅၀၀ တင်ပို့သွားမည်

မြန်မာ့ချဉ်ပေါင်ဖာလာကို တန်ချိန်(၅၀၀)ကို တရုတ်ကိုတင်ပို့ သွားမှာဖြစ် တယ်လို့ မြန်မာ့ချဉ်ပေါင် ဖာလာအသင်းမှ သိရပါတယ်။

အခုလိုတင်ပို့မှုအပြင် မြန်မာ့ချဉ်ပေါင်ဖာလာကို ပိုမိုဈေးကောင်းရစေဖို့ အရည်အသွေးကောင်းအသီး များရစေဖို့ ကြိုးစားသွား မှာဖြစ်ကြောင်း မြန်မာ့ချဉ်ပေါင်ဖာလာအသင်းမှ ဒုတိယဥက္ကဌ ဦးမြင့်အောင် က ပြောပါတယ်။

“ကျွန်တော်တို့ဘက်ကနေ တရားဝင်သွားတာကနည်းတယ်။ တရားဝင်ဆွေးနွေးမှုကတော့ (၅၀၀) ပေါ့ ဒါပေမယ့် တရုတ်ကို သွားနေ တာက တန်ချိန်ထောင်နဲ့ချီတယ်။ မှုဆယ်ကနေတင်ပို့ပြီး ဟိုဘက်ရောက် မှခွဲသွားတာပေါ့။ ကျွန်တော်တို့ကမနှစ်ကလည်း တင်ပို့ ဘူးတယ်။ တရုတ်ကိုပို့တဲ့ဈေးနှုန်းက ဗီယက်နမ်နဲ့ လာအိုတို့ ထက်နည်းနေတယ်။ အရည်အသွေးကတစ်ခြားနိုင် ငံတွေထက် ညံ့နေ တယ်ပေါ့။ ဒါတွေကို စိုက်ပျိုးတဲ့တောင်သူတွေ အနေနဲ့ ပြင်ဆင် ရမယ်။ စိုက်ပျိုးတဲ့တောင်သူတွေကိုလည်း ကျွန်တော်တို့အနေနဲ့ ကူညီမှုတွေ ပေးသွားမယ်”

အခုလက်ရှိဈေးကွက်အတွင်း ချဉ်ပေါင်ဖာလာ တစ်ပိဿာကို ၁၄၀၀၀ ဝန်း ကျင်သာရရှိနေပြီး ယခင် နှစ်က မြန်မာ့ချဉ်ပေါင်ဖာလာ တစ်ပိဿာကို ၂၂၀၀၀ ကျပ်ရှိခဲ့တာကြောင့် ဈေးနှုန်းမှာကျဆင်းနေ ကြောင်းလည်း သိရပါတယ်။

မြန်မာ့ချဉ်ပေါင်ဖာလာကို ပြည်တွင်းအဓိက စိုက်ပျိုးထုတ်လုပ်မှုအဖြစ် ကရင်ပြည်နယ်၊သံတောင်ကြီး မြို့ နယ်မှထွက်ရှိပြီး ပြည်ပတင် ပို့မှု အဖြစ် တရုတ်နိုင်ငံကို အဓိကတင်ပို့နေရကြောင်း မြန်မာ့ချဉ်ပေါင် ဖာလာ အသင်းမှသိရပါတယ်။

#Agro_News
#Pissaya_Info ဝေဖြိုးနိုင်





Leave a Reply

Your email address will not be published. Required fields are marked *