BREAKING NEWS

လယ်ယာမြေကို အခြားနည်းနဲ့ အသုံးပြုခြင်း

လယ်ယာမြေကို အခြားနည်းနဲ့ အသုံးပြုတယ်ဆိုတာ ဘယ်လိုအသုံးပြုတာသလဲဆိုတာ  

အောက်မှာ ဖေါ်ပြထားတဲ့လုပ်ငန်းတွေဖော်တာဟာ လယ်ယာမြေကို အခြာနည်းနဲ့ အသုံးပြုတာတွေ ဖြစ်ပါတယ်။

၁။ စီမံကိန်းလုပ်ငန်းကြီးတွေဖေါ်ဆောင်တာ

နိုင်ငံတော်ရဲ့ အကျိုးစီးပွားအတွက် စီမံကိန်းလုပ်ငန်းကြီး တစ်ခုခုကို ဖေါ်ဆောင်လိုရင် ပြည်ထောင်စုဝန်ကြီးဌာန သို့မဟုတ် နေပြည်တော်ကောင်းစီ သို့မဟုတ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ ဗဟို လယ်ယာမြေစီမခန့်ခွဲမှုအဖွဲ့ရဲ့ မှတ်ချက်နဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ကို တင်ပြရမယ်။ ပြည်ထောင်စု အစိုးရအဖွဲ့က ခွင့်ပြုရင် စီမံကိန်းလုပ်ငန်းတွေကို ဖော်ဆောင်နိုင်ပါတယ်။ (နည်း ၇၈(က)(ခ))

၂။ အိမ်ရာတည်ဆောက်တာ

ကျေးလက်ဒေသ သို့မဟုတ် မြို့ပြဒေသတွေမှာ တိုးတက်လာတဲ့ လူဦးရေနဲ့ တိုးပွားလာတဲ့ အိမ်ထောင်စုတွေအတွက် လယ်ယာမြေတွေကို အိမ်ရာတည်ဆောက်ဖို့ အသုံးပြုနိုင်ပါတယ်။ အဲဒီစီမံချက်ဟာနေပြည်တော်ကောင်စီ သို့မဟုတ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့အလိုက် ကျွမ်းကျင်ပညာရှင်တွေ ရေးဆွဲပြုစုပြီး သက်ဆိုင်ရာပြည် ထောင်စုဝန်ကြီးဌာနက အတည်ပြုချက်နဲ့ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ကို ကြိုတင်ပေးပို့ထားတဲ့ လုပ်ငန်း စီမံချက်ဖြစ်ရပါမယ်။ (နည်း ၇၉)

လူနေမှုဘ၀ဖွံ့ဖြိုးတိုးတက်ရေးနဲ့ သက်ဆိုင်ရာ စာသင်ကျောင်း၊ ကျန်းမာရေးဌာန၊ ဆေးရုံ၊ ဆေးပေးခန်း၊ စာကြည့် တိုက်၊ လမ်း၊ တံတား၊ ကျေးလက်ဈေး၊ ဘာသာရေးအဆောက်အအုံ၊ သုဿန်နဲ့ အခြားလိုအပ်တဲ့ အဆောက် အအုံတွေ ဆောက်လုပ်တာတွေအပြင် အခြားကိစ္စရပ်တွေအတွက်လည်း လယ်ယာမြေကို အသုံးပြုခွင့်ရှိပါတယ်။ အဲလို အသုံးပြုတဲ့အခါ သက်ဆိုင်တဲ့ ပြည်ထောင်စုဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်နဲ့ ရန်ပုံငွေရရှိနိုင်မှုကလည်း အရေးပါတယ်။ (နည်း ၈၀)

၃။ အဆောက်အအုံတွေဆောက်လုပ်တာ

လယ်ယာသုံးစက်ကိရိယာတွေထားရှိနိုင်ဖို့ အဆောက်အအုံတွေဆောက်လုပ်တာ၊ ဆန်စက်တွေတည်ဆောက်တာ၊ သီးနှံသိုလှောင်တဲ့ ဂိုဒေါင်တွေဆောက်လုပ်တာ၊ လိုအပ်တဲ့ ကုန်ထုတ်လမ်းတွေနဲ့ အခြေခံ အဆောက်အအုံ တည်ဆောက်တာတွေအတွက်လည်း  လယ်ယာမြေကိုအသုံးပြုနိုင်ပါတယ် (နည်း ၈၁)

စိုက်ပျိုးသုတ ပစ္စယ (Pissaya Info)




One thought on “ေ⁠မြ⁠နုကျွန်းေ⁠မြလုပ်ပိုင်ခွင့်ချထား⁠ပေး⁠ခြင်း

  1. Aye Shwe

    လယ်ယာမြေရော်ကြေးပေးသင့်သောစည်းမျဉ်းများမပေးသင့်သောစီးမျဉ်းများကိုခွဲခြားသိချင်ပါတယ်ကျေးဇူးပြု၍ရှင်းပြပေးပါ

    Reply

Leave a Reply

Your email address will not be published. Required fields are marked *