BREAKING NEWS

(၁၀)ကြိမ်မြောက် အောင်ဘာလေထီ၌ ကျပ်သိန်းငါးရာ နှစ်ဆုလျှော့၍ ကျပ်တစ်သိန်းဆုအရေအတွက် တစ်ထောင်တိုးမည်

ဇန်နဝါရီ ၁ ရက်ဖွင့်မည့် (၁၀)ကြိမ်မြောက် အောင်ဘာ လေထီတွင် ကျပ်သိန်းငါးရာ နှစ် ဆုလျှော့၍ ကျပ်တစ်သိန်းဆု အ ရေအတွက် တစ်ထောင်တိုးပေး မည်ဖြစ်ကြောင်း အောင်ဘာလေ သိန်းဆုဌာနခွဲက ထုတ်ပြန်သည်။

(၉)ကြိမ်မြောက် အောင်ဘာ လေထီတွင် ကျပ်သိန်းငါးရာဆု ၁၀ ဆု တိုးမြှင့်ဖွင့်လှစ်ခဲ့ရာ (၁၀)ကြိမ်မြောက်၌ ရှစ်ဆုသာ ဖွင့်လှစ်မည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြ ထားသည်။

အဆိုပါဆုနှစ်ဆု လျှော့ချ သော်လည်း (၁၀)ကြိမ်မြောက် တွင် ကျပ်တစ်သိန်းဆုကို ဆုတစ် ထောင်တိုး၍ ကျပ်တစ်သိန်းဆု အရေအတွက် ၁၃,၀၀၀ အထိ ခွဲ ဝေချီးမြှင့်မည်ဟုဆိုသည်။

‘‘ဆုအရေအတွက်က တိုး သွားပေမယ့် ဆုငွေပမာဏက တော့ အပြောင်းအလဲမရှိပါဘူး။ ကျပ်သိန်းငါးရာနှစ်ဆုက ကျပ် သိန်းတစ်ထောင်ကို ကျပ်တစ် သိန်းဆုတွေနဲ့ အစားထိုးလိုက်တဲ့ သဘောပဲ။ အဲဒီအတွက်ကြောင့် ထီပေါက်နိုင်တဲ့ အခွင့်အလမ်း တွေ ပိုများသွားစေတာပေါ့’’ဟု ပင်ရင်း ထီအရောင်းကိုယ်စားလှယ် တစ်ဦးက ပြောသည်။

အဆိုပါဆုနှစ်မျိုး အပြောင်း အလဲပြုလုပ်သော်လည်း အခြား ဆုနှင့် ဆုမဲအရေအတွက်တို့ အ ပြောင်းအလဲမရှိပေ။

ထိုသို့ ကျပ်သိန်းငါးရာနှင့် ကျပ်တစ်သိန်းဆုမဲအရေအတွက် ပြောင်းလဲခြင်းကြောင့် (၁၀)ကြိမ်မြောက် အောင်ဘာလေထီတွင် စုစုပေါင်း ဖွင့်လှစ်ပေးမည့် ဆုပေါင်း ၁၂၄,၂၀၄ ဆု အထိရှိမည်ဖြစ်ကြောင်း အောင်ဘာလေသိန်းဆုဌာန ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

အောင်ဘာလေသိန်းဆု ဌာနက ဖွင့်လှစ်မည့် ဆုမဲအရေအတွက် ထုတ်ပြန်ခဲ့သော်လည်း ဒီဇင်ဘာအတွင်း ရောင်းချထားသည့် ထီလက်မှတ်အရေအတွက် ကို ထုတ်ပြန်ခြင်း မရှိသေးပေ။
source_7Day News Journal





Leave a Reply

Your email address will not be published. Required fields are marked *