မြန်မာ့အုန်းဆီကို အီးယူနှင့် အာရှနိုင်ငံများသို့ တင်ပို့နိုင်ရန်အတွက် စီစဉ်လျက်ရှိနေကြောင်း မြန်မာ နိုင်ငံ အုန်းသီးအစုအဖွဲ့မှ သိရပါ တယ်။
Learn more >>>>
မြန်မာ့အုန်းသီးကို တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် အုန်းဆီပြုလုပ်ပြီးအီးယူနိုင်ငံနဲ့အာရှ နိုင်ငံများကို တင်ပို့ နိုင်ရန်အတွက်ကို စီစဉ်လျက် ရှိနေတယ်လို့ မြန်မာနိုင်ငံအုန်းသီးအစုအဖွဲ့မှ အထွေထွေအတွင်းရေးမှူး ဒေါ်စန်းစန်းဟန်ကပြောပါတယ်။
“မြန်မာ့အုန်းသီးကို တန်ဖိုးမြှင့်ထုတ်ကုနအဖြစ်အုန်းဆီပြုလုပ်ပြီးတော့ အီးယူနဲ့ အာရှနိုင်ငံတွေ ကို တင်ပို့နိုင်ဖို့ အတွက်စီစဉ်နေပါ တယ်။အုန်းဆီနမူနာတွေကိုတော့ အိုင်ယာလန်၊အမေရိကန် နဲ့ဂျပန်စတဲ့ နိုင်ငံတွေကိုတင်ပို့ထားပါတယ်။ သူတို့ဆီကအမှာစာတော့ မရရှိသေးပါဘူး”
အုန်းသီးမှတန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ဖို့အတွက်လည်း မြန်မာနိုင်ငံအုန်းသီးအစုအဖွဲ့မှ သင် တန်းများပို့ချနေကြောင်းလည်း သိရပါတယ်။
မြန်မာ့အုန်းဆီကို တရုတ်နိုင်ငံကိုအဓိကထားတင်ပို့နေကြောင်းသိရပြီး မြန်မာ့အုန်းသီးအလုံးလိုက်ကို ထိုင်းနိုင်ငံကိုတင်ပို့နေကြောင်း သိရပါတယ်။
ပြည်တွင်းရှိ အုန်းသီးတစ်လုံးကို ကျပ် ၅၀၀မှ ၈၀၀ ကျပ်အထိဈေးနှုန်းရှိနေကြောင်းသိရပါ တယ်။
အေးအေးကျော် (Pissaya Info)