BREAKING NEWS

ဖလားရယူရန် လီဗာပူးသို့⁠ရောက်လာဟု တိုက်စစ်မှူးဆာလက် ⁠ေ⁠ႂကြး⁠ေ⁠ကြာ်

လီဗာပူးမှ အီဂျစ်တိုက် စစ်မှူး ဆာလက်က အိမ်ကွင်း တွင်ဆွမ်းဆီးနှင့် ရင်မဆိုင်မီ မိမိ သည် ဆုဖလားများရယူရန် လီဗာ ပူးသို့ရောက် လာခြင်းဖြစ်သည်ဟု ပြောသည်။

ဆာလက်သည် ပရီးမီးယား လိဂ်ဂိုးသွင်းအများဆုံးကစားသ မားစာရင်းကို ဟယ်ရီကိန်းနှင့်အ တူ ၁၅ ဂိုးစီဖြင့် ဦးဆောင်ထားပြီး ၎င်း ရထားသမျှ ဆုတံဆိပ်အားလုံး တွင် နောက်ထပ်ဆုတံဆိပ်များ ကို ထပ်ပေါင်းလိုနေသည်။

‘‘ကျွန်တော်ဒီမှာ ဆုဖလား တွေရချင်ပါတယ်။ ဆုဖလားတွေ ရဖို့ ကျွန်တော်ဒီကို ရောက်လာ တာပါ။ အသင်းအတွက်၊ ကျွန်တော် တို့အတွက်၊ ပရိသတ်တွေ အတွက် တစ်ခုခုအနိုင်ရဖို့ ရောက်လာတာဖြစ်ပါတယ်’’ဟု ဆာ လက်ကပြောသည်။

ထိုအတောအတွင်း ယခုရာ သီတွင် ပရီးမီးယားလိဂ်၌ ရှုံးပွဲ မရှိသေးသော မန်စီးတီးအသင်း ၏ နည်းပြဂွာဒီယိုလာသည် ဘိုင်ယန်နှင့် အတူ ၎င်းတင်ထားသော နိုင်ပွဲစံချိန်ကို လိုက်မီရန် နှစ်ပွဲသာ လိုတော့သည်။

ရာသီထက်ဝက်ကျိုးချိန်အ ထိ ရှုံးပွဲမရှိသေးသော မန်စီးတီး သည် အဲဗာတန်နှင့်သာ သရေကျခဲ့ပြီး အမှတ်ပြည့်ပွဲ များ ရရှိခဲ့သည်။ ဘောက် ဆင်ဒေးပွဲများတွင် နယူးကာဆယ်ကို အနိုင်ရပါက မန်စီးတီးသည် ဥရောပလိဂ်ကြီး ငါးခုအနက် တစ်ခု၌ ဆက်တိုက် နိုင်ပွဲ အရေအတွက် စံချိန်တင်ရန်တစ်ပွဲသာလိုတော့မည်ဖြစ်သည်။အမှတ်ပေးဇယား နံပါတ် (၅)နေရာ၌ရှိနေသော စပါးက အိမ်ကွင်းတွင် ဆောက်သမ်တန် ကို လက်ခံကစားရန်ရှိစဉ် တိုက်စစ်မှူး ဟယ်ရီကိန်းသည် အလန်ရှီးယား၏ ပရီးမီးယားလိဂ် သွင်းဂိုးစံချိန်ချိုးရန် တစ်ဂိုးသာ လိုတော့ သည်။ ထိုအတောအတွင်း စပါး နည်းပြ ပိုချက်တီနိုက ယခုရာသီ တွင် ထိပ်ဆုံးလေးသင်းဝင်ဖြစ်ရုံ ဖြင့် မိမိကျေနပ်မည်မဟုတ် ကြောင်း ကစားသမားများအား သတိပေးထားသည်။

Ref:Agencies

Source – 7Day Sports





Leave a Reply

Your email address will not be published. Required fields are marked *