BREAKING NEWS

လယ်ယာမြေလုပ်ပိုင်ခွင့်ကို မှတ်ပုံတင်လျှောက်ထားတဲ့ အခါ ဘယ်လိုလုပ်ကိုင်ရမလဲ။

(၁) လက်ရှိအသုံးပြုခွင့် ရရှိထားတဲ့ လယ်ယာမြေ ( မှတ်ပုံတင်ဖို့ လျှောက်ထားနိုင်သူတွေ)

  • လက်ရှိ အသုံးပြုခွင့်ရရှိထားတဲ့ တောင်သူလယ်သမားအိမ်ထောင်သားစု ဒါမှမဟုတ် အိမ်ထောင်သားစုဝင်၊
  • လက်ရှိအသုံးပြုခွင်ရရှိထားတဲ့ အိမ်ထောင်သားစု အကြီးအကဲ ဒါမှမဟုတ် အိမ်ထောင်သားစုမှာ ပါဝင်သူတစ်ဦး၊ ဒါမှမဟုတ် အုပ်ထိန်းသူ၊
  • ပစ္စည်းမခွဲဝေရသေးတဲ့ တောင်သူလယ်သမား အိမ်ထောင်သားစုမှာ ပါဝင်သူ တစ်ဦးဦးရဲ့ နာမည်နဲ့ရှိတဲ့ လယ်ယာမြေအားလုံးကို အဲဒီအိမ်ထောင်သားစုမှာ ပါဝင်သူအားလုံးက ပူးတွဲလက်ရှိ အသုံးပြုခွင့်ရရှိထားရင် အကျိုးတူခံစားခွင့်ရှိတဲ့ တောင်သူလယ်သမား အိမ်ထောင်သားစု၊
  • ဒီဥပဒေအာဏာမတည်မီ လယ်ယာမြေနဲ့ သက်ဆိုင်တဲ့ ထည်ဆဲဥပဒေအရ တရားဝင် လက်ရှိလက်ငုတ် လုပ်ကိုင်နေသူ၊
  • ဒီဥပဒေ ပြဌန်းပြီးနောက် ဒီဥပဒေနဲ့ အညီပဲဖြစ်ဖြစ်၊ ဒီဥပဒေအရပြုလုပ်တဲ့ နည်းဥပဒေအရပဲဖြစ်ဖြစ်၊ တရားဝင်အကျိုးခံစားခွင့်ရှိသူ၊
  • လျှောက်ထားတဲ့ လယ်ယာမြေမှာ အမှန်တကယ်လုပ်ကိုင်နေသူဖြစ်တယ်လို့ ရပ်ကွက် ဒါမှမဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနဲ့ လယ်နီးချင်းသက်သေ နှစ်ဦးတို့က ထောက်ခံသူ၊
  • ဦးစီးဌာနရဲ့ မှတ်တမ်းတွေအရ လယ်ယာမြေကို အသုံးပြုခွင့်ရရှိထားသူဖြစ်တယ်လို့ အတည်ပြုခံရသူ၊
  • လယ်ယာမြေကို အသုံးပြုခွင့်ရရှိနိုင်ဖို့ အထောက်အထားတင်ပြနိုင်သူ၊ (နည်း ၃)
  • လယ်ယာမြေကို လက်ရှိအသုံးပြုခွင့်ရထားတဲ့ အဖွဲ့အစည်း ။ (နည်း ၄)

“လယ်ယာမြေလုပ်ပိုင်ခွင့် ကို လယ်ယာမြေလုပ်ပိုင်ခွင့် လျှောက်လွှာ (ပုံစံ – ၁)” နဲ့ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု လယ်ယာမြေစီမံ ခန့်ခွဲမှု အဖွဲ့က တစ်ဆင့် မြို့နယ်ကြေးတိုင် နှင့် မြေစာရင်းဦးစီးဌာနမှာ လျှောက်ထားရမယ်။  (နည်း ၃၊ ၄)

မြို့နယ် ကျေးတိုင်နှင့် မြေစာရင်းဦးစီးဌာနက အဲဒီ့လျှောက်ထားတာနဲ့ ပတ်သက်လို့ ကန့်ကွက်နိုင်ဖို့ ထုတ်ဆင့်တဲ့ ကြော်ငြာစာကို ရက်      ပေါင်း (၃၀) အတွင်း ကန့်ကွက်နိုင်တဲ့ အကြောင်းကြေငြာရပါမယ်။ (နည်း ၆(ဂ))

ကန့်ကွက်ချက် မရှိရင် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲအဖွဲ့က ခရိုင်လယ်ယာမြေစီမံခန့်ခွဲအဖွဲ့ကို တင်ပြပြီး ခရိုင်က ခွင့်ပြုရင် လျှောက်ထားသူက မှတ်ပုံတင်ကြေးကို မြို့နယ်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန ရုံးမှာ ပေးသွင်းပြီးတဲ့ အခါ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့ကို ဆက်လက်တင်ပြရမယ်။ (နည်း ၁၃(က))

အဲဒီ့နောက် ခရိုင်ရဲ့ အကြောင်းကြားချက်အတိုင်း မြို့နယ်လယ်ယာမြေ စီမံခန့််ခွဲမှု အဖွဲ့က လျှောက်ထားသူကို “လယ်ယာမြေ ပိုင်ဆိုင်    ခွင့်ပြုလက်မှတ် (ပုံစံ ၇) ကို ထုတ်ပေးမှာဖြစ်တယ်။ (နည်း ၁၄(က))

ကန့်ကွက်ချက်ရှိရင် မြို့နယ်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနရုံးအနေနဲ့ အဆင့်ဆင့် စုံစမ်း စစ်ဆေးတာတွေလုပ်ပြီး မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့နဲ့ ခရိုင်လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့ကို တင်ပြရမှာဖြစ်တယ်။ ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က ငြင်းပယ်ရင် မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့က လျှောက်ထားသူထံ “ငြင်းပယ်ကြောင်း အကြောင်းကြားစာ” (ပုံစံ – ၈) ကို ပေးပို့ရပါမယ်။ (နည်း ၉၊ ၁၀၊ ၁၁၊ ၁၂၊ ၁၄(ခ))

 

() ပြန်လည်သိမ်းယူတဲ့ လယ်ယာမြေနဲ့ အသစ်ဖော်ထုတ်တဲ့ လယ်ယာမြေတွေ

 

  • ပြန်လည်သိမ်းယုတဲ့ လယ်ယာမြေနဲ့ အသစ်ဖော်ထုတ်တဲ့ လယ်ယာမြေတွေနဲ့ ပတ်သက်လို့ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့က တာဝန်ပေးအပ်တဲ့ လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့က လယ်ယာမြေလုပ်ပိုင်ခွင့်ကို လျှောက်ထားနိုင်တယ်လို့ ကြေညာတဲ့ အခါ လယ်ယာမြေလုပ်ပိုင်ခွင့် ရရှိလိုသူက အဲဒီလယ်ယာမြေမှာလယ်ယာမြေလုပ်ပိုင်ခွင့်ကို လျှောက်ထားခွင့် ရှိပါတယ်။ (နည်း ၁၆)

 

လျှောက်ထားနိုင်သူတွေ

(၁) လူပုဂ္ဂိုလ်

(၂) အဖွဲအစည်း

 

လူပုဂ္ဂိုလ်က လျှောက်ထားရင်

 

  • လျှောက်ထားသူဟာ အသက် (၁၈) နှစ် ပြည့်ပြီးသူ၊
  • နိုင်ငံသားဖြစ်သူ၊
  • လယ်ယာမြေကို အသုံးပြုပြီး စိုက်ပျိုးရေးလုပ်ငန်းမှာ ပါဝင်ဆောင်ရွက်နေသူ၊
  • အကြောင်းမထူးရင် သက်ဆိုင်ရာရပ်ကွက် ဒါမှမဟုတ် ကျေးရွာအုပ်စုမှာ အခြေချနေထိုင်သူ၊
  • လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့ အဆင့်ဆင့်က သက်မှတ်ထားတဲ့ စည်းမျဉ်း၊ စည်းကမ်းတွေကို လိုက်နာဆောင်ရွက်နိုင်သူ (နည်း ၁၈(က))

အဖွဲ့အစည်းကလျှောက်ထားရင်

  • စိုက်ပျိုးရေးလုပ်ငန်းကို အမှန်တကယ်လုပ်ကိုင်လိုတဲ့ ရည်ရွယ်ချက်နဲ့ အမှန်တကယ်စိုက်ပျိုး နိုင်တဲ့ အခြေအနေရှိတာ။
  • စိုက်ပျိုးရေးလုပ်ငန်းကို အဓိကအသက်မွေးဝမ်းကျောင်းအဖြစ် လုပ်ကိုင်နိုင်တဲ့ အခြေအနေရှိ တာ၊
  • လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အဆင့်ဆင့်က သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာဆောင်ရွက်နိုင်တဲ့ အဖွဲ့အစည်း ဖြစ်တာတွေကို စိစစ်ပြီး ခွင့်ပြုမှာဖြစ်တယ်။(နည်း ၁၈(ခ))

လျှောက်ထားတဲ့အခါမှာ “လယ်ယာမြေလုပ်ပိုင်ခွင့် လျှောက်လွှာ(ပုံစံ – ၁)”နဲ့မြို့နယ်ကြေးတိုင်နဲ့ မြေစာရင်းဦးစီးဌာနမှာ လျှောက်ထားရပါမယ်။(နည်း ၁၇)

မြို့နယ် ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန ရုံးအနေနဲ့ မြို့နယ်လယ်ယာစီမံခန့်ခွဲမှုအဖွဲ့ ၊ အဲဒီကတ ဆင့် ခရိုင်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့တွေထံ အဆင့်ဆင့် တင်ပြရပါမယ်။ခရိုင်ရုံးက ခွင့်ပြု၊မပြုကို အဆုံးအဖြတ်ပေးပြီး အဲဒီဆုံးဖြတ်ချက်ကို မြို့နယ်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနရုံးကို အကြောင်းကြားမှာဖြစ်တယ်။(နည်း ၁၉ ၊ ၂၀ ၊ ၂၁)

ခရိုင်ကခွင့်ပြုရင် လုပ်ပိုင်ခွင့်ရရှိသူက မှတ်ပုံတင်ကြေးကို မြို့နယ်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန မှာပေးသွင်းရမှာဖြစ်ပါတယ်။အဲဒီနောက် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က လျှောက်ထားသူ ကို “လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ – ၇)”ထုတ်ပေးမှာဖြစ်တယ်။(နည်း ၂၂ (က) ၊ ၂၃ (က))

ငြင်းပယ်ခံရရင် “ငြင်းပယ်ကြောင်းအကြောင်းကြားစာ(ပုံစံ – ၈)”ကို မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲ မှုအဖွဲ့က လျှောက်ထားသူထံပေးပို့ရမှာဖြစ်တယ်။(နည်း ၂၃ (ခ))

(၃) လွှဲပြောင်းလက်ခံတဲ့ ၊အမွေဆက်ခံတဲ့ ၊ မြေလွတ် ၊ မြေလပ်နှင့်မြေရိုင်းမှပြောင်းလဲသတ်မှတ် တဲ့လယ်ယာမြေတွေ

လွှဲပြောင်းလက်ခံတဲ့လယ်ယာမြေ

လယ်ယာမြေလုပ်ပိုင်ခွင့်ကိုရောင်းချမယ် ၊ လဲလှယ်မယ်  ဒါမှမဟုတ်ပေးကမ်းမယ်ဆိုရင် လယ်ယာ မြေတည်ရှိတဲ့ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု  လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ရှေ့မှာ လွှဲပြောင်း သူနဲ့ လက်ခံသူတွေအနေနဲ့ စာချုပ်ချုပ်ဆိုရပါမယ်။(နည်း ၂၄ (က))

အဲဒီစာချုပ်ကို ရက်ပေါင်း(၁၂၀)အတွင်းမှာ မြိ့နယ်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနမှာ မှတ်ပုံတင် သွင်းရပါမယ်။(နည်း ၂၄(ခ))

မှတ်ပုံတင်သွင်းတဲ့အခါ စာချုပ်စာတမ်းမှတ်ပုံတင်ခကို လျှောက်ထားသူက ပေးသွင်းရမယ်။

အမည်ပြောင်းလဲဖို့လျှောက်ထားခြင်း

အဲဒီနောက်မှာ “အမည်ပြောင်းလဲပေးရန်လျှောက်လွှာ (ပုံစံ – ၉)”နဲ့ မြို့နယ်ကြေးတိုင်နှင့်မြေစာ ရင်းဦးစီးဌာနမှာပဲ လျှောက်ထားရပါမယ်။ လျှောက်ထားတဲ့အခါ မူလလယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ်မူရင်းနဲ့ မှတ်ပုံတင်စာချုပ်တွေကို ပူးတွဲတင်ပြဖို့လိုပါမယ်။(နည်း ၂၅ (က)(ခ))

မြို့နယ်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနအနေနဲ့ ဒီလိုလျှောက်ထားတာကို မြို့နယ်လယ်ယာမြေ  စီမံခန့်ခွဲမှုအဖွဲ့ကို တင်ပြရမယ်။အဲဒီက ခွင့်ပြုရင် လျှောက်ထားသူက မှတ်ပုံတင်ကြေးကို မြို့နယ် ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနရုံးမှာ ပေးသွင်းပြီးတဲ့အခါ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့က လျှောက်ထားသူကို “လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ – ၇)”ကို ထုတ်ပေးမှာဖြစ်တယ်။ အဲဒီရုံးက ထုတ်ပေးပြီးကြောင်း ခရိုင်ကို တင်ပြရမှာဖြစ်တယ်။ (နည်း ၂၆ ၊ ၂၇ ၊ ၂၈ (က)(ခ))

အမွေဆက်ခံတဲ့လယ်ယာမြေ

အမွေဆက်ခံသူတွေအနေနဲ့ အမွေဆက်ခံတဲ့ အထောက်အထားနဲ့ မူလလယ်ယာမြေလုပ်ပိုင်ခွင့် ပြုလက်မှတ်မူရင်း ပူးတွဲပြီး “အမည်ပြောင်းလဲပေးရန်လျှောက်ထားခြင်း (ပုံစံ – ၉)”နဲ့ မြို့နယ်ကြေး တိုင်နှင့် မြေစာရင်းဦးစီးဌာနမှာ လျှောက်ထားရပါမယ်။(နည်း ၂၉)

မြို့နယ် ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနက ရက်ပေါင်း (၃၀)အတွင်းမှာ ကန့်ကွက်နိုင်တဲ့ အ ကြောင်း ကြေညာစာထုတ်ပြန်ရမယ်။(နည်း ၃၀ (ဂ))

ကန့်ကွက်ချက်မရှိရင်ကန့်ကွက်ချက်မရှိကြောင်း မှတ်ချက်ရေးသားပြီး မြို့နယ်လယ်ယာမြေစီမံခန့် ခွဲမှုအဖွဲ့ကို တင်ပြရပါမယ်။ အဲဒီကခွင့်ပြုရင် လျှောက်ထားသူက မှတ်ပုံတင်ကြေးကို မြို့နယ်ကြေး တိုင်နှင့် မြေစာရင်းဦးစီးဌာနမှာ ပေးသွင်းပြီးတဲ့အခါ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့က “လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ – ၇)”ကို လျှောက်ထားသူအား ထုတ်ပေးမှာ ဖြစ်တယ်။(နည်း ၃၁ (ခ) ၊ ၃၂ ၊ ၃၃ (က) ၊ ၃၄ (က))

လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် ထုတ်ပေးတဲ့ကိစ္စကို မြို့နယ်ကြေးတိုင်နှင့် မြေစာရင်း ဦးစီး ဌာနကလျှောက်ထားသူကို အကြောင်းကြားမှာဖြစ်တယ်။(နည်း ၃၄ (ဂ))

ကန့်ကွက်ချက်ရှိရင်

ကန့်ကွက်တဲ့ကိစ္စဟာ အထောက်အထားခိုင်ခိုင်လုံလုံနဲ့ ကန့်ကွက်တာ ဟုတ်မဟုတ် စိစစ်ပြီး အထောက်အထားခိုင်လုံမှုရှိရင် ရှိကြောင်း မှတ်ချက်နဲ့ လျှောက်ထားချက်ကို ငြင်းပယ်သင့်ကြောင်း မြို့နယ်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနက မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ကို တင်ပြရမယ်။ (နည်း ၃၁ (က)(ခ))

မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က “လယ်ယာမြေလုပ်ပိုင်ခွင့်ငြင်းပယ်ကြောင်း အကြောင်းကြားစာ (ပုံစံ – ၈)”နဲ့ လျှောက်ထားသူကို အကြောင်းကြားရမယ်။ အဲလိုအကြောင်းကြားတဲ့ကိစ္စကို မြို့နယ် ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနက ဆောင်ရွက်ရမှာဖြစ်တယ်။ (နည်း ၃၄ (ခ)(ဂ))

 စိုက်ပျိုးသုတပစ္စယ (Pissaya Info)




One thought on “ေ⁠မြ⁠နုကျွန်းေ⁠မြလုပ်ပိုင်ခွင့်ချထား⁠ပေး⁠ခြင်း

  1. Aye Shwe

    လယ်ယာမြေရော်ကြေးပေးသင့်သောစည်းမျဉ်းများမပေးသင့်သောစီးမျဉ်းများကိုခွဲခြားသိချင်ပါတယ်ကျေးဇူးပြု၍ရှင်းပြပေးပါ

    Reply

Leave a Reply

Your email address will not be published. Required fields are marked *