BREAKING NEWS

ကဏ္ဍစုံပူးပေါင်းပါဝင်တဲ့စိုက်ပျိုးရေး၊စီးပွားရေးဖြစ်လာရန် ဆွေးနွေး

ကဏ္ဍစုံပူးပေါင်းပါဝင်တဲ့စိုက်ပျိုးရေး ၊ စီးပွားရေး ဆွေးနွေးပွဲကို ပြည်လမ်းရှိ မြန်မာ့အသံဝင်းတွင် မနေ့က ဆွေးနွေးခဲ့ကြောင်း မြန်မာ့စိုက်ပျိုးရေး ကွန်ယက်မှ သိရ ပါတယ်။

စိုက်ပျိုးရေးကဏ္ဍမှာ အများနဲ့အကြုံးဝင်တဲ့ စိုက်ပျိုးရေး ၊စီးပွားရေး ဖြစ်စေဖို့ အတွက် အဓိကထား ဆွေးနွေးခဲ့တယ်လို့ မြန်မာ့စိုက်ပျိုးရေး ကွန်ယက်မှ အတွင်းရေးမှူး ဦးအောင်လွင်ကပြောပါတယ်။

“ကဏ္ဍစုံပူးပေါင်းပါဝင်တဲ့စိုက်ပျိုးရေး ၊ စီးပွားရေး (Inclusive Business)ဆို တာကတစ်ယောက်ထဲ လုပ်လို့မရဘူး။ကဏ္ဍတစ်ခုတိုးတက်ဖို့အတွက်က အကုန်လုံး ပူးပေါင်းပါဝင်ဖို့လိုတယ်။ အဓိက အစိုးရ ကအားပေးဖို့လိုတယ်။ အများစုပေါင်းလုပ်တဲ့ ပရောဂျက်မျိုးတွေဖန်တီးဖို့လိုတယ်။ အဲဒါက သိပ်ပြီး တော့ များများစားစားမရှိသေးဘူးပေါ့နော်။တခြားsector တွေမှာလည်း တိုးတက်လာစေချင်တယ်”

ကဏ္ဍစုံပါဝင်တဲ့စီးပွားရေး( Inclusive Business) လုပ်လာနိုင်ပါက ဈေးကွက်ခိုင်မာမှုများ ရှိလာ နိုင်ပြီး ထုတ်ကုန်များကိုလည်း ထိထိရောက်ရောက်ထုတ်လုပ်လာနိုင်ကြောင်းနဲ့ အရည်အသွေး ထိန်းချူပ်မှု များကို လုပ်လာနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီ့ဆွေးနွေးပွဲမှာ Dana Facility မှ ကဏ္ဍစုံစီးပွားရေးအကြံပေး Dr.Armin Bauer ၊ အသင်းခေါင်း ဆောင် Dr.Peter Brimble၊ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးရဲမင်း အောင် ၊မြန်မာ့စိုက်ပျိုးရေး ကွန်ယက်မှ အတွင်းရေးမှူးဦးအောင်လွင်နဲ့ သြစတြေးလျ အပြည်ပြည်ဆိုင် ရာစိုက်ပျိုးရေးသုတေသနစင်တာမှ ဦးဆောင်အရာရှိ ဒေါက်တာဥမ္မာခိုင် တို့တက်ရောက်ဆွေးနွေးခဲ့ ကြောင်းသိရပါတယ်။

အေးအေးကျော်(Pissaya Info)





Leave a Reply

Your email address will not be published. Required fields are marked *