BREAKING NEWS

မှတ်ပုံတင်ဖို့လိုတဲ့ လယ်ယာေ⁠မြ နဲ့ ထိုလယ်ယာေ⁠မြအတွက် ခံစားပိုင်ခွင့်များ

မှတ်ပုံတင်ဖို့ လိုအပ်တဲ့ လယ်ယာမြေတွေ

(၁) လက်ရှိလုပ်ကိုင်နေကြတဲ့ လယ်ယာမြေတွေ။

(၂) ပြန်လည်သိမ်းယူထားတဲ့လယ်ယာမြေတွေနဲ့ နိုင်ငံတော်က အခါ အားလျော်စွာ ဖော်ထုတ်တဲ့ လယ်ယာမြေတွေ။

(၃) လယ်ယာမြေလုပ်ပိုင်ခွင့်ကို ၀ယ်ယူတာ၊ လဲလှယ်ရယူတာ၊ ဒါမှမဟုတ် ပေးကမ်းတာ၊ အမွေဆက်ခံတာ၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများလုပ်ပိုင်ခွင့် အသုံးပြုခွင့်ရရှိပြီး စိုက်ပျိုးမြေအဖြစ် ဖေါ်ထုတ်စိုက်ပျိုးကာ လုပ်ပိုင်ခွင့် လျောက်ထားတာတွေ။

အမှတ်စဉ်        – (၁) နဲ့ (၂) အတွက် လျှောက်ထားတာမျိုးဆိုရင် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့ အနေနဲ့  ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့ရဲ့ သဘောတူညီချက်နဲ့ လယ်ယာမြေလုပ်ပိုင်ခွင့် ပြုလက်မှတ်ကို ထုတ်ပေးမှာ ဖြစ်သလို

အမှတ်စဉ် –  (၃) အတွက် လျှောက်ထားမျိုးဆိုရင် မြို့နယ်လယ်ယာမြေစီမံခန့်ခွံမှု အဖွဲ့က လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ကို လျှောက်ထားသူအား ထုတ်ပေးမှာဖြစ်တယ်။

 

မှတ်ပုံတင်ထားတဲ့ လယ်ယာမြေတွေအတွက် ခံစားပိုင်ခွင့်ရှိတဲ့ အခွင့်အရေးတွေ

  • လက်ရှိထားပိုင်ခွင့်၊ လုပ်ပိုင်ခွင့်၊ အကျိုးအမြတ် ခံစားပိုင်ခွင့်တွေ။
  • ရောင်းချခွင့်၊ ပေါင်နှံခွင့်၊ ငှားရမ်းခွင့်၊ လဲလှယ်ခွင့် နဲ့ ပေးကမ်းခွင့်တွေ။
  • အမွေဆက်ခံတာတွေနဲ့ ပတ်သက်ပြီး အငြင်းပွားမှုတွေ ဖြစ်လာရင် စီရင်ပိုင်ခွင့်ရှိတဲ့ တရားရုံးမှာအဆုံးအဖြတ်ခံယူပိုင်ခွင့်တွေ။
  • စည်းကမ်းချက်တွေကို မဖောက်ဖျက်သရွေ့ လယ်ယာမြေလုပ်ပိုင်ခွင့်တွေ။
  • ရင်းနှီးမြှုပ်နှံသူတွေနဲ့ အကျိုးတူလုပ်ကိုင်ခွင့်တွေ။
  • နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေနဲ့ ညီညွတ်ရင် နိုင်ငံခြားသား ဒါမှမဟုတ် နိုင်ငံခြားသား ပါဝင်တဲ့ အဖွဲအစည်းတွေနဲ့ အကျိုးတူလုပ်ကိုင်ခွင့်တွေ စတာတွေကို ခံစားပိုင်ခွင့်ရှိပါတယ်။

စိုက်ပျိုးသုတ ပစ္စယ (Pissaya Info)




One thought on “ေ⁠မြ⁠နုကျွန်းေ⁠မြလုပ်ပိုင်ခွင့်ချထား⁠ပေး⁠ခြင်း

  1. Aye Shwe

    လယ်ယာမြေရော်ကြေးပေးသင့်သောစည်းမျဉ်းများမပေးသင့်သောစီးမျဉ်းများကိုခွဲခြားသိချင်ပါတယ်ကျေးဇူးပြု၍ရှင်းပြပေးပါ

    Reply

Leave a Reply

Your email address will not be published. Required fields are marked *