BREAKING NEWS

ကရဝေး စိုက်ပျိုးနည်း

ကရဝေး (Caraway – Carum carvi)

ကရဝေးပင်သည် နှစ်ချင်းစား သို့မဟုတ် ၂ နှစ်ခံ အပင်ဖြစ်ပြီး အစေ့၊ အရွက်နှင့် အမြစ်တို့ကို စားသုံးရသည်။ အပင်အမြင့် ၁၂ – ၁၈ လက်မ နှင့် အကျယ် ၁၈ လက်မ ရှိသည်။ ကရဝေးပင်သည် ရေခဲအမှတ်အောက် ၂၀ံ F မှ အပူချိန် ၄၀ံ F အထိ ဖြစ်ထွန်းသည်။

ခါကျက်ဥမျိုးရင်းဝင်သီးနှံများကဲ့သို့ ကရဝေးပင်သည် ပျော့ပြောင်းရိုးတံပေါ်တွင် ချောမွတ်သော အရွက်များရှိသည်။ အဖြူရောင် အပွင့် များသည် မျက်နှာညီနေသော ပန်းပွင့်အုံပေါ်တွင်ရှိသည်။ အမြောင်းကလေးများပါသော ၁/၄ လက်မရှည်သည့် လခြမ်းပုံရှိ အညိုရောင် အသီးများကို အစေ့ဟု ခေါ်ဝေါ်သည်။ ကရဝေးကို လွန်ခဲ့သော နှစ်ပေါင်း ၅၀၀၀ ကျော်ကတည်းက ဟင်းခက်အမွှေးအကြိုင်နှင့် ဆေးဘက်ဝင် သီးနှံအဖြစ် သုံးစွဲခဲ့ ကြသည်။

စိုက်ပျိုးခြင်း

နွေဦးပေါက် အစောပိုင်းတွင်ဖြစ်စေ၊ ဆောင်းရာသီတွင် ဖြစ်စေ၊ အစေ့ကို မြေချစိုက်ပျိုးနိုင်သည်။ နေရောင်ခြည်အပြည့်အ၀ ရရှိသော နေရာ၊ ထယ်ရေးနက်နက်နှင့် ရေထုတ်အားကောင်းသော မြေကွက်တွင် စိုက်ပျိုးရသည်။ ကရဝေးကို ၈ လက်မ ခြားချန်၍ သားခွဲရသည်။

ဆောင်းရာသီတွင် ကောက်ရိုး ဖုံးအုပ်ပေးရသည်။

ရိတ်သိမ်းခြင်း

အရွက်နုများကို လိုအပ်သလိုဆွတ်ခူးရသည်။  အစေ့အုံကိုမူ အညိုရောင်သန်းလာမှ ဆွတ်ခူးရသည်။ ၄င်းတို့ကို အခြောက်လှန်း၍ သိမ်း ထားနိုင်သည်။ အစေ့များကို ရိတ်သိမ်းပြီးနောက် ဆောင်းဦးပေါက်တွင် အမြစ်များကို တူးဖော်သိမ်းဆည်းရသည်။

ပိုးမွှားရောဂါ

ပိုးမွှားရောဂါ အနည်းငယ်သာ ကျရောက်တတ်သည်။

Source – စားဖို့ စိုက်စို့ ဈေးကွက်တိုးချဲု့ဗျို့





Leave a Reply

Your email address will not be published. Required fields are marked *