BREAKING NEWS

မှိုနဲ့ ပတ်သက်တဲ့ နည်းလမ်းများကိုသိရှိစေရန် မှိုသင်တန်း ဖွင့်လှစ်

မှိုနဲ့ ပတ်သက်တဲ့ နည်းလမ်းများကို သိရှိစေရန် မှိုသင်တန်း အမှတ်စဉ် (၃) ကိုဖွင့်လှစ်ခဲ့တယ် လို့ သစ်သီးဝလံပန်းမန်နှင့်ဟင်းသီးဟင်းရွက်၊ စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းရဲ့  မှိုစိုက် ပျိုးထုတ်လုပ်သူများ အစုအဖွဲ့မှ သိရပါတယ်။
 
အဆိုပါ သင်တန်းကို ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံ မြို့ နယ်၊ ပတ္တမြားမြို့  သစ်မှာ ဒီကနေ့ ကျင်းပ ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ၆ ရက်တာကြာမြင့်မှာဖြစ်တယ်လို့လည်း သိရပါတယ်။
 
မှိုစိုက်ပျိုးမှုကနေ တန်ဖိုးမြင့်ထုတ်ကုန်ထုတ်လုပ်နိုင်ဖို့နဲ့ စိုက်ပျိုးမယ့်တောင်သူတွေ အပိုဝင်ငွေရရှိစေ ရန် ရည်ရွယ်ဖွင့်လှစ်ခဲ့တာ ဖြစ်တယ်လို့ မှိုစိုက်ပျိုးထုတ်လုပ်သူများ အစုအဖွဲ့ရဲ့  အတွင်းရေးမှူး ဦးတင်အောင် ကပြောပါတယ်။
 
“စပါးစိုက်တဲ့အခါမှာ ရိတ်ပြီးရင် လူစားတာက ၄၅ ရာခိုင်နှုန်းပေါ့။ ကျန်တာက ဘေးထွက်ပစ္စည်းတွေ ပေါ့။ တစ်ချို့ ဆို မီးရှို့ ပစ်ရတယ်။ ကောက်ရိုးတို့ ဖွဲတို့ စပါးခံွံတို့ပေါ့။ ဒါတွေကို မှိုစိုက်တဲ့အခါမှာ အသုံး ချလို့ရတယ်။ တောင်သူတွေ လယ်နားချိန်မှာ မပင်ပန်းပဲနဲ့ အပိုဝင်ငွေရနိုင်တယ်။ နေရာကျဉ်းကျဉ်းနဲ့ စိုက်လို့ရတယ်။ ပတ်ဝန်းကျင်လည်း ထိန်းပြီးသားဖြစ်တယ်။ အခု သင်တန်းမှာက စိုက်နည်း၊ ပျိုးနည်း တင်မကဘူး။ ချက်ပြုတ်စားသောက်နည်း အမျိုးမျိုး၊ ရောဂါ ကာကွယ်နိုင်နည်းတွေ ပေါ့ လက်တွေ့ သင်ပြပေးပါတယ်။ မှိုကနေ တန်ဖိုးမြင့်ထုတ်ကုန်ထုတ်လုပ်နိုင်ဖို့အတွက်လည်း ပါပါတယ်”
 
အဆိုပါသင်တန်းကို အမှတ်စဉ် (၅)ထိ သင်ကြားဖွင့်လှစ်မှာဖြစ်ပြီး တစ်လလျှင်တစ်ကြိမ်နှုန်းနဲ့ တစ်ကြိမ်လျှင် သင်တန်းသား ၁၅ယောက် ကန့်သတ်ထားပြီး ၂၀၁၈ ဖေဖော်ဝါရီလအထိ သင်တန်းဖွင့် လှစ်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။
ဝေဖြိုးနိုင်(Pissaya Info)




Leave a Reply

Your email address will not be published. Required fields are marked *