BREAKING NEWS

တရုတ်- မြန်မာနယ်စပ်ကုန်သွယ်ရေး ကျင်းပသွားမည်

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ၊ ယူနန်ပြည်နယ် ၊ ရွှေလီ (ကျယ်ဂေါင်)မြို့မှာ (၁၆) ကြိမ်မြောက် တရုတ် – မြန်မာနယ်စပ်ကုန်သွယ်ရေး ပြပွဲကို ဒီဇင်ဘာလ (၂၆) ရက်မှ (၂၈) ရက်နေ့ထိ ကျင်းပသွားမှာ ဖြစ် ကြောင်း မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ သိရပါတယ်။

မြန်မာ – တရုတ် နှစ်နိုင်ငံအကြား အပြန်အလှန် ကုန်သွယ်မှု ၊ ရင်းနှီးမြုပ်နှံမှုတိုးတက်လာစေရန် ရည်ရွယ်တာ ဖြစ်ကြောင်း မြန်မာ့ကုန်  သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူး ဦး တေဇကျော်က ပြောပါတယ်။

“နှစ်နိုင်ငံ  ကုန်သွယ်မှုအနေနဲ့ မြန်မာ့ထုတ်ကုန်တွေကို ပြသသွားမှာပါ။ပြပွဲမှာ (၁၂) ကြိမ်မြောက် နယ်စပ်ကုန်သွယ်မှု ပူးပေါင်းညှိနှိုင်း       ရေးကော်မတီအစည်းအဝေးလည်းပါပါတယ်။ တရုတ်ဘက် ကတော့ ပြခန်း (၃၀)အခမဲ့ ပေးထားပေမယ့် (၃၀) ကျော်သွားရင်တော့ တစ်ခန်းကို တရုတ် ယွမ် (၁၅၀၀) ပေးသွင်းရမှာပါ”

အဆိုပါပြပွဲမှာ မြန်မာ့ထုတ်ကုန်များဖြစ်တဲ့ ဌက်သိုက်၊ တိုင်းရင်းဆေးဝါး ၊ ကော်ဖီ ၊ ကြိမ် ၊ ဗေဒါ ၊ ရေထွက်ကုန် ၊ စားသောက်ကုန် ၊ လျှော်  ဖြူ ၊ သစ်သီးဝလံ  ၊ အိမ်သုတ်ဆေး နဲ့ သစ်အခြေခံပရိ ဘောဂများ စတာတွေ ပါဝင်ပြသသွားမှာဖြစ်ကြောင်း သိရပါတယ်။

အဲဒီ့ပြပွဲကို စိတ်ပါဝင်စားတဲ့ မြန်မာလုပ်ငန်းရှင်များအနေနဲ့ မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ နေပြည်တော်ဖုန်းနံပါတ်များဖြစ်တဲ့ ၀၆၇ -၄၃၀၁၂၈၊ ၀၆၇-၄၃၀ ၄၄၇၊ email:moctradefair@ gmail.com နဲ့ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်ဖုန်းနံပါတ်ဖြစ်တဲ့ ၀၁-၂၅၄၀၂၄၊ email:itpic.moc@gmail.com ကို ဆက်သွယ်မေးမြန်း နိုင်ကြောင်း သိရပါတယ်။

အေးအေးကျော် (Pissaya Info)





Leave a Reply

Your email address will not be published. Required fields are marked *