အာရှအင်​အားကြီးအသင်းများပါဝင်​သည့်​ M150 Cupပြိုင်​ပွဲကို MRTV မှတိုက်​ရိုက်​ ပြသမည်

အာရှအင်​အားကြီးအသင်းများ ဝင်​​ရောက်​ယှဉ်​ပြိုင်​သွားမည့်​ ယူ-၂၃ M150 Cup ဖိတ်​​ခေါ်ဖလားပြိုင်​ပွဲမှ မြန်​မာအသင်းပွဲစဉ်​များကို MRTVမှတိုက်​ရိုက်​ ပြသသွားမည်​ ဖြစ်​သည်​။

အဆိုပါပြိုင်​ပွဲကို ဒီဇင်​ဘာ၉ရက်​မှ ၁၅ရက်​အထိ ထိုင်းနိုင်​ငံတွင်​ ကျင်းပသွားမည်​ဖြစ်​ပြီး ဂျပန်​၊ ​မြောက်​ကိုရီးယား၊ ဥဇဘတ်​ကစ္စတန်​၊
ထိုင်း၊ ဗီယက်​နမ်​၊ မြန်​မာ အသင်းများ ဝင်​​ရောက်​ယှဉ်​ပြိုင်​သွားကြမည်​ဖြစ်​သည်​။ မြန်​မာအသင်းက ဗီယက်​နမ်​၊ ဥဇဘတ်​ကစ္စတန်
အသင်းများနှင့်​ တစ်​အုပ်​တည်းကျ​ရောက်​​နေပြီး အုပ်​စုပွဲစဉ်​များအဖြစ်​ဒီဇင်​ဘာ၉ရက်​တွင်​ ဗီယက်​နမ်​အသင်း၊ ၁၁ရက်​တွင်​ ဥဇဘတ်​ကစ္စတန်​အသင်းများနှင့်​ မြန်​မာစံ​တော်​ချိန်​ ည​နေ ၃နာရီခွဲနှင့်​ ည၇နာရီခွဲအချိန်​များ၌ ယှဉ်​ပြိုင်​ကစား သွားရမည်​ဖြစ်​သည်​။

အုပ်​စုနှစ်​ခုမှ ပထမနှစ်​သင်း ဗိုလ်​လုပွဲ ကစားမည်​ဖြစ်​ပြီးအုပ်​စုဒုတိယနှစ်​သင်း တတိယ​နေရာလုပွဲ ကစားရမည်​ ဖြစ်​သည်​။
ဖိုင်​နယ်​နှင့်​ တတိယ​နေလုပွဲစဉ်​များကိုဒီဇင်​ဘာ၁၅ရက်​တွင်​ ကျင်းပသွားမည်​ဖြစ်​သည်​။

မြန်​မာအသင်းသည်​ ထိုပြိုင်​ပွဲအတွက်​ ပြီးခဲ့​သောလကတည်းကကြိုတင်​ပြင်​ဆင်​မှုများပြုလုပ်​ထားခဲ့ပြီး ပြိုင်​ပွဲအကြို ​ခြေစမ်းပွဲများ
အဖြစ်​ မွန်​ဂိုလီးယားလက်​​ရွေးစင်​အသင်း၊ မြန်​မာ​နေရှင်​နယ်​လိဂ်ညွန့်​​ပေါင်းအသင်းတို့နှင့်​ယှဉ်​ပြိုင်​ ကစားခဲ့ရာတွင်​ တစ်​ပွဲရှုံး၊ တစ်​ပွဲ
သ​ရေရဒ်​ထွက်​​ပေါ်ခဲ့သည်​။

source_pyi myanmar





Leave a Reply

Your email address will not be published. Required fields are marked *