BREAKING NEWS

FMK Business Support တည်ထောင်သူ ဒေါ်မြသွေးနှင့်တွေ့ဆုံမေးမြန်းခြင်း

မေး။            ။ FMK Business Support ရဲ့လုပ်ငန်းဆောင်ရွက်မှုအပိုင်းတွေကိုလည်းပြောပြ ပေးပါဦး။

ဖြေ။             ။အခုလက်ရှိလုပ်နေတာကတော့ နယ်သာလန်ကနေ လီလီနဲ့သစ္စာပန်းကိုတိုက်ရိုက် ပန်းမျိုးဥတွေသွင်းပြီးစိုက်တယ်။ ဟဲဟိုးမှာ မင်းသားကိုလွင်မိုးကလည်း သူကဝယ်ပြီးတော့ အမက Project Management လုပ်ပေးတယ်။ ပြင်ဦးလွင်မှာဆို ကိုမင်းရဲဆက်နဲ့ကျ တူတူစိုက်တယ်။ စိုက် ပျိုးရေးနဲ့ပတ်သတ်ပြီး Export ပြန်ထုတ်ပေးဖို့ဟာတွေကြိုးစားနေတယ်။

မေး။              ။နယ်သာလန်ပန်းမျိုးတွေကို အခုလက်ရှိ ဘယ်တွေကိုဖြန့်ပေးနေတာလဲဆိုတာ သိပါ ရစေ။

ဖြေ။               ။ပထမတစ်ခေါက်လည်းဖြစ်တယ်။ သစ္စာပန်းကတော့နေရာတိုင်းရတယ်။ လီလီက အေးတာကို ကြိုက်တဲ့အတွက် မေမြို့၊ရှမ်းတောင်၊ မြစ်ကြီးနား၊တိုက်ကြီးနားမှာတော့ ရန်ကုန်ရာသီဥ တုနဲ့ ဖြစ်နိုင်မဖြစ်နိုင်စမ်းထားတာရှိတယ်။

မေး။              ။နယ်သာလန်ကနေ ပန်းမျိုးတွေဖြန့်ပေးနေတယ်လို့သိရပါတယ်။လက်ရှိ အခြေအ နေကရော ဘယ်လောက်ထိရောက်နေ  ပြီလဲဆိုတာသိပါရစေ။

ဖြေ။                 ။လက်ရှိကတော့ ပေ၂၀ ကွန်တိန်နာတစ်လုံးစီတင်သွင်းထားတယ်။ လီလီ တစ်လုံး နဲ့ သစ္စာပန်းတစ်လုံးပေါ့နော်။လီလီကတော့ တစ်သိန်းစွန်းစွန်းလေးပါတယ်။ သစ္စာပန်းကတော့ ငါး သိန်း ဝန်းကျင်ပါတယ်။သစ္စာပန်းကအစာကျွေးစရာမလိုဘူး အခြောက်ပဲလာတာဆိုတော့။

မေး။                 ။ တရုတ်လီလီမျိုးနဲ့နယ်သာလန်က လီလီမျိုးကွာခြားချက်ကိုလည်း ပြောပြ ပေးပါဦး။

ဖြေ။                 ။ပုံမှန် ပထမမျိုးဥဆို ဘာမှမကွာဘူး။ တရုတ်ကလည်း နယ်သာလန်ကမျိုးဥကို ဝယ်သုံးကြတယ်။ ဥတွေကလည်းရာချီ     သန်းချီပြီးတော့သုံးကြတယ်။ ဒါပေမယ့် မြန်မာနိုင်ငံထဲကို တရုတ်က လာပို့တဲ့ အချိန်ကျတော့ သုံး၊လေးခါစိုက်ပျိုးတဲ့ဥတွေကို လာပို့တဲ့အတွက် အရည်အသွေး က အဲဒီမှာ ကွာသွားတယ် ကျန်တာတွေအကုန်လုံးက နယ်သာလန်က လာတာတွေချည်းပဲ။

၅။မေး။              ။လက်ရှိမျိုးတွေကို တောင်သူတွေကဝယ်တဲ့အခါ တောင်သူတွေအတွက် ဘယ်လို အာမခံစနစ်မျိုးတွေရှိလဲဆိုတာသိပါရစေ။

ဖြေ။                  ။အမရဲ့ပထမ ရည်ရွယ်ချက်ကတော့ မျိုးဥကို သွင်းမယ်၊သွင်းပြီးရောင်းလိုက်မယ်။ တရုတ်ကလည်းဒီတိုင်းပဲလုပ်နေကျတာ ပဲ။ ဒါပေမယ့် ဒီထဲရောက်လာတဲ့အချိန်မှာ လူတွေက စိုက်ချင် တယ်။ဒါပေမယ့် ဈေးကွက်ကိုဘယ်လိုရောင်းရမလဲ။ဈေးကွက်ကမရှိဘူးလားဆိုတော့ ရှိတယ်။ လတိုင်း၊နေ့တိုင်းမှာတရုတ်က လီလီကို ၁၀ဘီးကား ၆ စီးကနေ ၁၀ စီး ဆောင်းတွင်း ကတော့ အဝင်နည်း တာပေါ့။ ဟိုဘက်မှာ အေးနေတဲ့အတွက် အဝင်နည်းတယ်။ စိုက်ရခက်တဲ့အတွက်။ မိုးတွင်းမှာ အဲဒီလောက်ပို့တယ်။ ဈေးကွက်ကရှိနေတယ်။ လူတွေက ဘယ်လိုပြန်ရောင်းရမလဲဆိုတာ ကို သူတို့စိတ်ပူကြတယ်။ ပထမမျိုးအမဆီကယူသွားတဲ့ လူတွေဆို ပန်းပြန်သိမ်းမယ်။ အဲဒီလို မျိုးလုပ်ထားတယ်။ အာမခံပေးနိုင်တာကတော့ မျိုးမှန်တယ်ဆိုတာ အာမခံပေးနိုင်တယ်။ အခုလောေ လာဆယ် လည်း ဘဏ်တစ်ခုနဲ့ချိတ်ဆက်ပြီး အကျိုးတူလယ်ယာစနစ်အတွက် ချေးငွေချပေးဖို့ အဲဒါလေးတွေလုပ်ထားတယ်။

မေး။                   ။ဒီမှာရှိတဲ့ ဒေသမျိုးရင်းတွေအပေါ် ကာကွယ်ပေးမယ့်အစီအစဉ်ရှိမရှိ ဆိုတာ လည်းသိပါရစေ။

ဖြေ။                   ။ ဒေသမျိုးရင်းဆိုတာဘာတွေရှိသေးလဲဆိုတာအမလည်း သဘောမပေါက်ဘူး  ဖြစ်နေတယ်။ ဒေသမျိုးရင်ဆိုတာ ဂန္ဓာမာတို့နှင်းဆီတို့ဆိုတာဒီထဲမှာ စိုက်တယ်ဆိုပေမယ့် တရုတ်က လာတဲ့ ပြန်ပွားယူသွားတဲ့ဟာတွေချည်းပဲ။

၇။မေး။                ။မျိုးဝယ်တဲ့တောင်သူတွေဆီကနေ ပန်းတွေပြန်ဝယ်မယ်ဆိုပြီးတော့သိရပါတယ်။ ဘယ်လိုပုံစံမျိုးနဲ့ပြန်ဝယ်မလဲဆိုတာလည်းသိပါရစေ။

ဖြေ။                    ။အမရောင်းထားတဲ့ပထမမျိုးဥဆိုရင်တော့ပြန်ဝယ်ပေးမယ်။ ဒုတိယတစ်ကြိမ်၊တ တိယတစ်ကြိမ်ကိုတော့ အမပြန်ဝယ်မပေးတော့ဘူး။ ဘာလို့လဲဆိုတော့ အမက အရည်အသွေးကို သွားချင်တဲ့အတွက် နောက်ပိုင်းကျရင် အပြင်ထိ အမက မြန်မာတံဆိပ်အ နေနဲ့သွားမှာ ကိုရည်ရွယ် ထားတဲ့အ တွက်  အရည် အသွေးကို ပဲသွားမယ်။ ပြန်ဝယ်ပေးမယ်ဆိုတာကတော့ ဈေးကွက်ထဲမှာ ပေါက်ဈေးဆိုတာ ပွဲစားတွေရှိမယ်။ တရုတ်ကတော့ သီရိမင်္ဂလာဈေးမှာ ဆိုင်နှစ်ဆိုင်လာပြီးဖွင့်တယ်။ အမကတော့ အခုလောလောဆယ် ပွဲစားတွေနဲ့ ညှိကြည့်မယ်။ သူတို့လုပ်နိုင်မလား မလုပ်နိုင်ဘူးဆို ရင်တော့ ကိုယ့်ဟာကိုဆိုင်နဲ့ဖြန့်ပြီး ရောင်းရတာတွေလုပ်မယ်။ဒါကအမရဲ့ရည်ရွယ်ချက် မဟုတ်ပေ မယ့် တစ်ပတ်လည် လုပ်မပေးရင် တောင်သူတွေအနေနဲ့ ဒုက္ခရောက်လို့ပါ။အဲဒီလို လုပ်ဖို့ရည်ရွယ် ထားပါတယ်။

မေး။                ။နယ်သာလန်ပန်းမျိုးတွေကို ဖြန့်ရတဲ့ရည်ရွယ်ချက်ကိုလည်း ပြောပြပေးပါဦး။

ဖြေ။                ။ပန်းမှာတင်မဟုတ်ဘူး။ဟင်းသီးဟင်းရွက် အကုန်လုံးမှာဖြစ်နေတဲ့ပြဿာနာက စိုက်တယ်ရှုံးတယ်။ အရည်အသွေးကောင်းတဲ့ မျိုးစေ့တွေမရှိလို့ နည်းပညာတွေမရှိလို့ ဒီတော့ အမက စပြီးတော့ မြန်မာမျိုးစေ့အရည်အသွေးကောင်းတာ အမလည်းမရှာနိုင်ဘူး။အဲဒီအခါမှာ လီလီသည် တရုတ်ကဖြန့်နေတာဈေးကွက်ကအကြီးကြီးဖြစ်နေတယ်။အဲဒါကြောင့် နယ်သာလန်ကမျိုးကိုဖြန့် ဖို့စိတ်ကူးရသွားတာ။ သစ္စာပန်းဆိုပန်းမျိုးကတော်တော်အခြေအနေဆိုးသွားပြီ။ ဘယ်လိုလူစားမျိုး မရွေးသုံးနိုင်တဲ့ အခြေအနေမှာရှိတယ်။ ဒါကြောင့်မို့ ဒီဟာနှစ်ခုကိုရွေးပြီးလုပ်တာ။ နောက်ပိုင်းတော့ တခြားမျိုးတွေကို သွင်းဖို့ရည်ရွယ်ချက်ရှိတယ်။ ရှားပါးတဲ့အမျိုးတွေဖြစ်တဲ့ ကျူးလစ်တို့လို ကာလာ လီလီတို့လို မျိုးတွေ သွင်းဖို့တော့ရှိတယ်။

 

မေး။                ။တောင်သူတွေကို ဘဏ်ချေးငွေချိတ်ဆက်ပေးမယ့်ပုံစံကိုလည်းပြောပြပေးပါဦး။

ဖြေ။                    ။ အဲဒါကတော့ တောင်သူတွေကို ထုံးစံအတိုင်းတစ်ချို့ဘဏ်တွေမှာ တောင်သူ တွေကိုချေးငွေချပေးတယ်။ အစုအဖွဲ့တွေပေါ့၊သမဝါယမအဖွဲ့တွေ။ပန်းစိုက်တဲ့တောင်သူတွေကို ဒီမှာက စိတ်မဝင်စားကြဘူး။ အဲဒီလိုဖြစ်တဲ့အတွက် အမကတတ်နိုင်သရွေ့ပုဂ္ဂလိကဘဏ်တစ်ခုနဲ့ ညှိပြီးတော့ အယောက်(၂၀)စချေးမယ်။ အယောက်(၂၀)အစုအဖွဲ့လေးက အဆင် ပြေမယ်ဆိုရင်  ထပ်ထပ်ပြီးတော့ ထပ်တိုးသွားမယ်။ တစ်ယောက်ကို သိန်း ၁၀၀ လောက်တော့မှန်းထားတယ်။ အယောက် (၂၀) ဆို သိန်း (၂၀၀၀)ေ လာက်စချပေးမယ်လို့တော့ အဲဒီဘဏ်နဲ့ပြောထားပါတယ်။

မေး။                   ။နယ်သာလန်မျိုးတွေကို စိုက်ပျိုးချင်တဲ့ တောင်သူတွေအနေနဲ့ ဘယ်လို ဆက်သွယ်ရမလဲ ဆိုတာပြောပြပေးပါဦး။

ဖြေ။                   ။အမ FMK Business Support Page မှာဝင်ကြည့်ရင် သိပါလိမ့်မယ်။ ပန်းဥသွင်း လာကတည်းက ပန်းမျိုးတင် မဟုတ်ဘဲ နည်းပညာတွေပါပြသနေတာပါ။အကုန်တင်ပေးထားပါတယ်။

မေး။                ။ပြည်တွင်းလီလီပန်းရဲ့ဈေးကွက်ကိုလည်း သုံးသပ်ပြောကြားပေးပါဦး။

ဖြေ။                     ။ပြည်တွင်းလီလီပန်းစိုက်ပျိုးမှုဆိုတာကတော့ ပြောရခက်တယ်။ အရင်တုန်းက တော့ နဲနဲပါးပါး ဈေးကွက် ၀.၊၀.၅ ရာခိုင်နှုန်းလောက်တောင်မရှိတဲ့ တရုတ်ကလာတဲ့ လီလီဥတွေသူတို့ သုံး၊လေး ၊ ငါးခါစိုက်ပျိုးပြီးသား ပန်းဥတွေကို အလုအယက်ဝယ်ကြရတယ်။ စိုက်နေရတဲ့လူတွေရှိ တယ်။ အဲဒါလည်းလိုသလောက် မရတဲ့အပြင် ပေါက်ချင်လည်းပေါက်မယ်၊ပေါက်ချင်မှလည်းပေါက် မယ်၊ကြိုက်တဲ့အရောင်ဖြစ်ချင်မှဖြစ်မယ်ဆိုတဲ့အခြေအနေမျိုးနဲ့ဝယ်နေရတာရှိတော့ ပြည်တွင်း စိုက်ပျိုး တဲ့ ဈေးကွက် ဆိုတာကတော့ မရှိဘူးနီးပါး    ပြောလို့ရတယ်။ အခုမှစစိုက်တယ်။ ဒါပေမယ့် တရုတ်ကဝင်လာတဲ့ လီလီတွေကတော့ ဈေးကွက်ရှိပြီးသား ။ပွဲတွေမှာသုံးကြတယ်။ဘုရားပန်းထိုးတာ လည်းဈေးကွက်ရှိပြီးသားပေါ့နော်။ဒီပေါ်မှာမူတည်ပြီးတော့ ဒီတစ်ခေါက် ပန်းထွက်လာမှပဲပြောလို့ရ မယ်။ သုံးသပ်ချက်ဆိုတာကတော့ ဈေးကွက်ကရှိတယ်။ ဒါပေမယ့် ဒီကောင်ကိုတရုတ်နဲ့ဘယ်လို ယှဉ်ပြီးလုပ်မလဲဆိုတာကို ကြိုးစားပြီးလုပ်နေတယ်။ ဒီပေါ်မှာပြန်ရောင်းပေးမယ်။

မေး။              ။တရုတ်လီလီ၊မြန်မာလီလီနဲ့ နယ်သာလန်မျိုးတွေကဘယ်လိုတွေကွာခြားချက်တွေ ရှိပါလဲ။

ဖြေ။               ။တရုတ်ကလီလီဆိုတာက သူတို့သည်နယ်သာလန်ကနေ နှစ်တိုင်း မျိုးဥကို ပြန်ယူ ရတယ်။ပြန်ဝယ်ရတယ်။ပန်းထိုးတဲ့လူတွေကအစB အဆင့်ပဲသုံးတာ။ A အဆင့်ကိုမသုံးနိုင်ဘူး။ အရည်အသွေးကောင်းတဲ့ ဟာကျတော့  သူတို့ဆီကနေ တခြားနိုင်ငံဆီရောက်သွားမယ်။ သူတို့ထဲမှာ သုံးတာလည်းဖြစ်ချင်ဖြစ်မယ်။ အမတို့ထဲဝင်လာတယ်ဆိုတာအညံ့ဆုံးအရာပေါ့နော်။ အခုနယ်သာလန်ကနေ တိုက်ရိုက်ပန်းဥကိုသွင်းတယ်ဆိုတာ သူတို့ဆီကနေ သုံး၊လေး၊ငါးခါစိုက်ပြီး သားဥကိုပေးလာပြီးစိုက်တဲ့အခါမှာ သူတို့ဆီကနေ နောက်ဆုံး Cအဆင့်နဲ့တောင် ယှဉ်လို့မရဘူး မျိုး ကပြတ်သွားပြီ။ ပြီးရင်မြေသြဇာတွေစွတ်ကျွေးရတဲ့အတွက်အမတို့မြေကြီးလည်းနာတယ်။ ဒီအတွက် ကြောင့် နယ်သာလန်မျိုးဥကို ယူပြီးလုပ်တာ။အဲဒီတော့ အမ ပထမမျိုးဆက်ကိုသွင်းတယ်။

မေး။                ။နယ်သာလန်ကမျိုးဥကဘယ်လိုလဲဆိုတာလည်းပြောပြပေးပါဦး။

ဖြေ။                ။နိုင်ငံတိုင်းမှာ ၂၀၁၇ ပန်းစိုက်မယ်ဆိုရင် ၂၀၁၆ ကမြေထဲမှာမြုပ်ထားပြီးသားမျိုးဥကို ပြန်ဖော်ရတယ်။ ၂၀၁၆ကဥကိုစိုက်ရတယ်။၂၀၁၈ အတွက်ဆိုရင် ဒုတိယကွန်တိန်နာမှာဖို့အတွက် မျိုး ဥကို စောင့်နေရတယ်။ မျိုးဥက ၂၀၁၈ အတွက်ဥကိုစတူးပြီ။ နိုဝင်ဘာကနေ ဒီဇင်ဘာလကြားမှာ မျိုးဥကို စဖော်တယ်။ ဒီကောင်တူးပြီးပြီဆိုရင် ဒီကောင်ကိုစိုက်။ ဒါမှမဟုတ်ရင် Cold Store မှာသိမ်း ရတယ်။ first generation ဆိုတာ တစ်ခါမှမစိုက်ရသေးတဲ့မျိုးဥကိုပြောတာပါ။

မေး။                ။လီလီ၊သစ္စာပန်းတွေနဲ့ပတ်သတ်ပြီးတော့လည်း သုတေသနတွေလုပ်တယ်လို့သိရ ပါတယ်။ဘယ်လိုပုံစံမျိုးနဲ့လုပ်ဆောင်နေတာလဲဆိုတာပြောပြပေးပါဦး။

ဖြေ။                ။အဓိကကသုတေသနဆိုတာ ဈေးကွက်ရဲ့အခြေအနေပေါ့နော်။ ဒီဈေးကွက်ထဲမှာ ဘာ အချက်အလက်မှမရှိဘူး။ပန်းစိုက်တဲ့သူတွေ ဘယ်နားမှာရှိလဲလည်း ဘယ်သူမှရေရေရာရာမပြော နိုင်ဘူး။ရှိတယ်တစ်နိုင်ငံလုံးမှာရှိတယ်။အဲဒီလိုပဲပြောလို့ရတယ်။ဘယ်ဒေသမှာဘယ်လောက်ဆိုတာက တော့ မရှိဘူး။ ဘယ်လိုတွေထွက်ပြီး ဘယ်ဈေးနဲ့ရောင်းနေတဲ့ဆိုတဲ့အချက်အလက်လည်း လုံးဝမရှိ ဘူး။ ပန်းကဏ္ဍပိုင်းမှာ ဘယ်လိုတွေဖြစ်နေလဲ။စိုက်တဲ့သူတွေက ဘယ်လိုတွေကြုံနေရလဲ။ ဒါတွေကို ဘယ်လို ဖြေရှင်းပေးနိုင်မလဲ။ ဈေးကွက်ရဲ့အခြေအနေက ဘယ်လိုဖြစ်နေလဲ။ ဘယ်လိုမြှင့်တင်နိုင်မ လဲ။ ပန်းဆိုရင်ဟင်းသီးဟင်းရွက်လုပ်နေတဲ့ပုံစံတွေအတိုင်းတွေ့ရတယ်။ တခြားနိုင်ငံမှာ ပန်းဆိုတာ ယုယုယယလုပ်ကြတာ။ Cold Store တွေမရှိဘူး။လယ်သမားတွေဘယ်လိုအဆင်ပြေ မယ်။ တခြား ရင်းနှီးမြုပ်နှံမှုတွေ လာလုပ်နိုင်မယ်ဆိုတာကို လေ့လာနေတယ်။

မေး။              ။တောင်သူတွေက နယ်သာလန်ကမျိုးတွေကို ဝယ်စိုက်လိုက်တဲ့အခါ တောင်သူတွေ ကို ဈေးကွက်အနေနဲ့ လုပ်ဆောင်ပေးနေတဲ့အစီအစဉ်ရှိရင်လည်းပြောပေးပါဦး။

ဖြေ။              ။သစ္စာပန်းကကျတော့ နှစ်(၃၀၊၄၀)လောက်ကို ဒီမျိုးတွေကို ပြန်စိုက် ၊ ပြန်ပွားလိုက် တော့ သစ္စာပန်းလေးတွေကိုမြင်မှာပါ။တစ်ခါတစ်လေကျ ပွင့်တောင်မပွင့်တော့ဘူး။ အခုချိန်မှာ အမရဲ့ မျိုးဥကို ဈေးကြီးတယ်လို့မြင်တယ်။ ပြည်တွင်းမှာ ပြည်တောင်းနဲ့ ရောင်းကြတာဆိုတော့။ ပန်းထွက် တဲ့အထိစောင့်နေရတယ်။ ပန်းရဲ့အရည်အသွေးပေါ်မူတည်ပြီး ဈေးက ကွာတယ်။ ပန်းပြန်သိမ်းပေး မယ်။ သစ္စာပန်းဆို ဒီတိုင်းချပေးမယ်။ စိုက်ပါ။ စိုက်ပြီးတော့မှ ဈေးကွက်ပေါ်မှာ မူတည်ပြီးတော့ ပထမတစ်ကြိမ်တော့ ဈေးကဆွဲတင်လို့ရမှာမဟုတ်ဘူး။ ပန်းဥအတွက် ဈေးကို သုံးချိုးတစ်ချိုးဖြတ်တာ မျိုးစသဖြင့်ပေါ့။ လီလီကကျတော့လွယ်တယ်။ လီလီကအရင်းလည်းများတယ်။အမြတ်လည်းများ တယ်။ လီလီတစ်ပင်ရဲ့ အမြတ်က ၂၀၀ ကျပ်ကနေ ၅၀၀ ကျပ်လောက်ထိဖြစ်နိုင်တယ်။ ဒါကြောင့် အမဆီက ဝယ်တဲ့လူတွေကို ပြောတယ်။ တရုတ်ကမိုးတွင်းဝင်တယ်ဆို သူတို့နဲ့ရှောင်စိုက် သူတို့ နဲ့ ပြိုင်ရရင် ကိုဈေးကွက်ကျမှာပဲ။ ဝယ်လိုအားကောင်းနေရင် ဈေးကကျမှာပဲ။ သူတို့စိုက်လို့မရတဲ့ အချိန် ဆို ကိုယ်စိုက်ပေါ့။ လီလီကဝယ်သွားကြတယ်။စိုက်တယ်။ဒါပေမယ့် အမကပန်းပြန်သိမ်းပေးမယ်။

မေး။              ။အမအနေနဲ့ဖြည့်စွက်ပြောချင်တာများရှိရင်ပြောပေးပါဦး။

ဖြေ။               ။အခုလောလောဆယ်ဖြစ်နေတဲ့ပြဿာနာက တောင်သူတွေဒုက္ခရောက်နေတယ်။ နယ်စပ်ကုန်သွယ်ရေးမှာဆို လေယာဉ်နဲ့ဖြတ်ပန်းတွေမဝင်တာတွေ တော်တော်ကြာပြီ။ကား၁၀ စီး လောက်ဝင်တယ်။ပိုးပါတာမပါတာ ဘယ်လိုတွေစစ်ကြလဲဆိုတာ မသိဘူး။ အစိုးရအနေနဲ့လည်း ပူးပေါင်းပါဝင်ပေးပါလို့လည်း တောင်းဆိုချင်ပါတယ်။

ဖြေကြားမှုအတွက်ကျေးဇူးတင်ပါတယ်။

အေးအေးကျော်(Pissaya Info)





Leave a Reply

Your email address will not be published. Required fields are marked *