BREAKING NEWS

အင်္ဂလန်ငါးသင်းလုံး ချန်ပီယံလိဂ် ရှုံးထွက်အဆင့်သို့ သမိုင်းဝင်တက်လှမ်း

လီဗာပူးကစပါးတပ်မော်စကိုကို၇၀ဂိုးဖြင့်ချေမှုန်းခဲ့ပြီးနောက်အင်္ဂလန်သည်ချန်ပီယံလိဂ်ရှုံးထွက်အဆင့်သို့အသင်းငါးသင်းပို့ဆောင်နိုင်ခဲ့သော ပထ မဆုံးနိုင်ငံဖြစ်လာသည်။

ဥရောပ၏ ထိပ်တန်းပြိုင်ပွဲ တွင် ငါးကြိမ်အနိုင်ရခဲ့သော လီ ဗာပူးသည် ကွင်းလယ်လူ ဖိလစ် ကော်တင်ဟို၏ ကလပ်အတွက် ပထမဆုံး ဟက်ထရစ်ဖြင့် အုပ်စု (E)အုပ်စုဗိုလ်ဖြစ်လာသည်။
လီဗာပူးနှင့်အတူ ချန်ပီယံ ဟောင်း ပေါ်တို၊ ဆီဗီလာနှင့် ရှက်တာဒိုးနက်စ်တို့လည်း နောက်တစ်ဆင့် တက်နိုင်ခဲ့ပြီး ဖီယင်နု ကို ၂-၁ ဂိုးဖြင့် ရှုံးသော နာပိုလီ ကျန်ရစ်ခဲ့သည်။

လီဗာပူးကဲ့သို့ပင် မန်စီးတီး၊ မန်ယူနှင့် စပါးတို့လည်း အုပ်စု ဗိုလ်များဖြစ်ကာ ချယ်လ်ဆီး လည်း နောက်တစ်ဆင့် တက်နိုင် ခဲ့ပြီး အင်္ဂလိပ် အသင်းများပြန် လည်အင်အားကောင်းလာခြင်း ကို အချက်ပြခဲ့သည်။

‘‘ဒီလိုညမျိုးမှာ ဘာဖြစ်မယ် ဆိုတာ ပြောလို့မရပါဘူ။ နှစ်သင်း စလုံးအတွက် အကုန်ရရင်ရ မရ ရင် အကုန်ဆုံးရှုံးမယ့် အနေအထားပါ။ ကျွန်တော်တို့ ပွဲကို အကောင်းဆုံးစတင်နိုင်ခဲ့ပြီး အန်ဖီးလ်အတွက် လှပတဲ့ ညဖြစ်ခဲ့ပါ တယ်’’ဟု လီဗာပူးနည်းပြ ဂျာဂန် ကလော့ပ်ကပြောသည်။

စပါးနည်းပြပိုချက်တီနိုက မိမိတို့သည့် ယမန်နှစ်က ကစား ပုံနှင့် ပတ်သက်၍ အလွန်စိတ် ပျက်ခဲ့ရပြီး ယခုအခါခြေစွမ်းပိုင်း ကြီးကြီးမားမား ပြောင်းလဲပြီဟု ပြောသည်။

ဆီဗီလာသည် မာရီဘော ကို ဦးဆောင်ဂိုးခွင့်ပြုခဲ့ရသော် လည်း ဒုတိယပိုင်းတွင် ခြေစွမ်းပြ ပြီး တစ်ဂိုးစီသရေကျကာ ရှုံးထွက် အဆင့် တက်ရောက်နိုင်ခဲ့သည်။

ဆီဗီလာလက်ထောက် နည်းပြ အာနက်စတိုမာကူခီက တစ်ခုတည်းသော အရေးအကြီး ဆုံးအရာမှာ နောက်တစ်ဆင့် တက်ရန်ဖြစ်ပြီး အလုပ်ပြီးမြောက် ခဲ့ပြီဟု ပြောသည်။

အုပ်စု (F)တွင် ရှက်တာဒိုး နက်စ်က မန်စီးတီးကို ၂-၁ ဂိုး ဖြင့် အနိုင်ယူကာ မန်စီးတီး၏ ပြိုင်ပွဲအားလုံးရှုံးပွဲမရှိ စံချိန်ကို ချိုး ဖျက်ခဲ့ပြီး မန်စီးတီးနှင့်အတူ ရှုံး ထွက်အဆင့်တက်ရောက်နိုင်ခဲ့ သည်။ မန်စီးတီးကို ၂-၁ ဂိုးဖြင့် နိုင်ခဲ့ပြီးနောက် ရှက်တာဒိုးနက်စ် နည်းပြ ပေါ်လိုဖွန်ဆီကာက ယခု ပြုလုပ်သော သတင်းစာရှင်းလင်း ပွဲသည် မိမိ၏ နည်းပြဘဝတစ် လျှောက် ပျော်စရာအကောင်းဆုံး သတင်းစာရှင်းလင်းပွဲဖြစ်သည် ဟု ပြောသည်။

ယင်းအုပ်စုအခြားပွဲစဉ် တွင် ဖီယင်နုက နောက်ကလိုက် ကစားပြီး နာပိုလီကို ၂-၁ ဂိုးဖြင့် အနိုင်ယူခဲ့သဖြင့် နာပိုလီသည် နောက်တစ်ဆင့် မတက်နိုင်ဘဲ ယူရိုပါလိဂ်၌ ကစားရမည်ဖြစ်သည်။

ပေါ်တိုအိမ်ကွင်းတွင် မိုနာကိုကို ၅-၂ ဂိုးဖြင့် ချေမှုန်းကာ အုပ်စု(G)အုပ်စုဗိုလ် ဘီဆစ်တက်နှင့်အတူ နောက်တစ်ဆင့် တက်နိုင်ခဲ့သည်။ တူရကီမှ ဘီဆစ်တက်က လိုက်ပ်ဇစ်ကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

မိုနာကိုအသင်းချန်ပီယံလိဂ် မှ ထွက်ခဲ့ရပြီးနောက် အသင်း၏ ထိပ်တန်းဂိုးသွင်းရှင် ဖယ်ကာအို က အသင်းသည် နွေရာသီက များစွာပြောင်းလဲခဲ့ပြီး အင်အားပိုကောင်းလာစေရန် အချိန်လိုသည် ဟု ပြောသည်။

အုပ်စု(H)တွင် ရီးရဲလ်မက်ဒ ရစ်က ဒေါ့မွန်ကို ၃-၂ ဂိုးဖြင့် အ နိုင်ရရှိပြီး ရော်နယ်ဒိုလည်း အုပ် စုပွဲခြောက်ပွဲစလုံးတွင် ဂိုးသွင်းယူ နိုင်ခဲ့သော ပထမဆုံးကစားသ မားဖြစ်လာသည်။ သို့သော် ရီးရဲလ်သည် အေပိုးလ်ကို ၃-၀ ဂိုးဖြင့် နိုင်သော စပါးအသင်းနောက်ဒုတိယနေရာမှ နောက်တစ်ဆင့် တက်နိုင်ခဲ့သည်။

source_7 days





Leave a Reply

Your email address will not be published. Required fields are marked *