BREAKING NEWS

မ⁠န္တ⁠လေးတိုင်း⁠ဒေသ⁠ကြီးတွင် ပန်းပွဲ⁠တော်⁠ပြုလုပ်မည်

မြန်မာ-နယ်သာလန်သံတမန်ချစ်ကြည်ရေး နှစ်(၇၀) ပြည့်အထိမ်းအမှတ်အနေနဲ့ မန္တလေးတိုင်း ဒေသကြီးမှာပန်းပွဲတော်ကို ကျင်းပပြု လုပ်ရန် စီစဉ်လျက်ရှိနေကြောင်း FMK Business Group မှသိရပါတယ်။

မြန်မာ-နယ်သာလန်သံတမန်ချစ်ကြည်ရေး နှစ်(၇၀)ပြည့်ကို ရည်ရွယ်တာ ရယ် မြန်မာလက်မှု အနုပညာကိုလည်း ဖော်ထုတ်ချင်တဲ့ အတွက်ပန်းပွဲတော်ကျင်းပပြုလုပ်ရန် စီစဉ် နေတာဖြစ်တယ်လို့  FMK Business Group မှ တည်ထောင်သူ ဒေါ်မြမြသွေးကပြော ပါတယ်။

“မြန်မာ-နယ်သာလန် နှစ်(၇၀)ပြည့်ကို ရည်ရွယ်ပြီး လုပ်ချင်တာရယ် မြန်မာလက်မှုအနုပညာနဲ့လုပ်ထားတဲ့ပစ္စည်းလေးတွေ၊ ကားတွေ၊ ထရပ်ကားတွေအပေါ်မှာ ပန်းအလှတွေဆင်ပြီးပြုလုပ်ဖို့ရည်မှန်း ထားပါတယ်။နာမည်ကိုတော့လမ်းလျှောက်ပန်းပွဲတော်လို့တော့ နာမည်ပေးထားပါတယ်”

အဆိုပါပွဲကို မန္တလေးတိုင်းဒေသကြီး ကျုံးဘေးပတ်လည်မှာကျင်းပပြုလုပ်သွားဖို့ ရည်ရွယ်ထား ကြောင်းလည်းသိရပါတယ်။

အေးအေးကျော် (Pissaya Info)





Leave a Reply

Your email address will not be published. Required fields are marked *