BREAKING NEWS

ချန်ပီယံလိဂ် စီအက်စ်ကေအေမော်စကိုနှင့်ပွဲတွင် မန်ယူ၌ပေါ့ဂ်ဘာပါဝင်မည်

အာဆင်နယ်နှင့် ပွဲတွင် အနီကတ်ထိခဲ့သော်လည်း စီအက်စ်ကေအေမော်စကိုနှင့် ပွဲ ၌ ပေါလ်ပေါ့ဂ်ဘာပါဝင်ကစား မည်ဟု နည်းပြမော် ရင်ဟိုက ပြောကြားပြီး ဂိုးသမားဒီဂီယာနှင့် အီဗရာဟီမိုဗစ်တို့ကို အနားပေးမည် ဖြစ်သည်။

မန်ယူသည် ချန်ပီယံလိဂ် အုပ်စု(A) ထိပ်ဆုံးနေရာမှ နောက်တစ်ဆင့်သို့ တက်ရန် အိုးထရက်ဖို့ဒ်တွင် ကစားမည့် စီအက်စ်ကေအေနှင့် ပွဲ၌ တစ်မှတ်ရရန် လိုအပ် နေသည်။ ယခုသီတင်းပတ်ကုန်တွင် မန်စီးတီးနှင့် ကစားရန်လည်း ရှိနေသဖြင့် အသင်းလူစာရင်းကို အပြောင်းအလဲလုပ်မည်ဟု မော်ရင်ဟိုက ပြောသည်။အာဆင်နယ် နှင့် ပွဲတွင် အထူးလက်စွမ်းပြကာကွယ်ခဲ့သော ဒီဂီယာနေရာ၌ရိုမီရိုကို အသုံးပြုမည်ဖြစ်သည်။

စီအက်စ်ကေအေနှင့် ပွဲကို ဖီးလ်ဂျုံးစ်၊ဘိုင်လီ၊ ဖယ်လိုင်နီ၊ မိုက်ကယ်ကာရစ်၊ အီဗရာဟီမို ဗစ်တို့လည်း လွဲချော်မည်ဟု မော် ရင်ဟိုက ထုတ်ဖော်ပြောသည်။

‘‘ပေါ့ဂ်ဘာက ချန်ပီယံလိဂ် မှာ ပွဲပယ်မခံရပါဘူး။ သူကစားပါမယ်။ နောက်ဆုံးပွဲ မကစားနိုင်ခဲ့တဲ့ ကစားသမားအားလုံးလည်း စီအက်စ် ကေအေနဲ့ ပွဲကို လွှဲချော် ပါမယ်’’ဟု မော်ရင်ဟိုက ပြောကြားပြီး အီဗရာဟီမိုဗစ်သည် ဒဏ်ရာရမနေသော်လည်း ပြင်းပြင်း ထန်ထန် ကစားပြီးပါက ဒူးပြဿနာအနည်းငယ်ရှိကြောင်း ပြောကာ ကြံ့ခိုင်မှုပြည့်ရန်နှင့် ပွဲကစားရန် တစ်လှည့်စီ ကြိုးစားနေရ သည်ဟု ပြောသည်။

သို့သော်မန်ယူကစားသမား များအနေဖြင့် စီအက်စ်ကေအေ နှင့် ပွဲကို ကျော်လွန်မစဉ်းစားရန် သတိပေးပြောကြားပြီး ၎င်းအနေ ဖြင့်လည်း မန်စီးတီးနှင့် ပွဲ၌ မည်သို့ကစားရမည်ဖြစ်ကြောင်း အသင်းနှင့် မဆွေးနွေးသေးဟု ပြော သည်။

Source – 7Days Daily





Leave a Reply

Your email address will not be published. Required fields are marked *