ကွင်းလယ်လူ ဒေးဗစ်ဆေးလ်ဗားကို မန်စီးတီးစာချုပ်သက်တမ်းတိုး

စပိန်ကွင်းလယ်လူ ဒေး ဗစ်ဆေးလ်ဗားကို မန်စီးတီးက ၂၀၂၀ အထိ ဆက်ရှိနေစေမည့် တစ်နှစ်သက်တမ်းရှိ စာချုပ်တစ် ရပ်ချုပ်ဆိုခဲ့ သည်။

ဆေးလ်ဗား (၃၁)နှစ်သည် ၂၀၁၀ က ဗလင်စီယာမှ ပေါင် ၂၄ သန်းဖြင့် မန်စီးတီးသို့ ရောက် လာပြီး ပရီးမီးယားလိဂ်ဖလားနှစ်လုံး၊ အက်ဖ်အေဖလားတစ်လုံး နှင့် လိဂ်ဖလားနှစ်လုံးရရှိထား သည်။

နည်းပြဂွာဒီယိုလာ၏ မန် စီးတီးသည် ဆောက်သမ်တန်ကို နောက်ဆုံးစက္ကန့်တွင် အနိုင်ရပြီး နောက် ၁၂ ပွဲဆက်တိုက်အနိုင် ဖြင့် ပရီးမီး ယားလိဂ်၌ ရှစ်မှတ် ဖြတ်ဦးဆောင်နေသည်။

ယခုရာသီတွင် ဂိုးဖန်တီးမှု ရှစ်ကြိမ်ဖြင့် ပရီးမီးယားလိဂ်၌ ဂိုးဖန်တီးမှုအများဆုံးပြုလုပ်ထား သော ဆေးလ်ဗားသည် မန်စီးတီး နှင့်အတူ နောက်ထပ်ဖလားများ ရယူရန် မျှော်လင့်ကြောင်း ပြော သည်။

ဂွာဒီယိုလာ ကိုင်တွယ်နေမှု နှင့်အတူ ယခုရာသီနှင့် လာမည့် ရာသီများတွင် မိမိတို့သည် ဖလားရရှိနိုင်သည့် အခြေအနေ ကောင်းတစ်ရပ် ၌ရှိနေသည်ဟု ခံစားရကြောင်း ဆေးလ်ဗားက ပြောသည်။

source_7 days





Leave a Reply

Your email address will not be published. Required fields are marked *