ခွဲစိတ်မှုနဲ့ ပတ်သက်ပြီး မဝေဖန်ချင်ဘူးဆိုတဲ့ အေးမြတ်သူ

လက်ရှိမှာ  မြန် မာဝတ်စုံလေးနဲ့ မြင်ရသူစိတ်အေးပြီး ပရိသတ်တွေရဲ့ ချစ်ခင်မှုကို ရရှိနေတဲ့ သရုပ်ဆောင်အေးမြတ် သူကခွဲစိတ်မှုနဲ့ ပတ်သက်ပြီး မဝေဖန်ချင်ဘူးလို့ ပြောပြခဲ့ပါတယ်။

သူက¯ခဏခဏလဲ မေးကြပါ တယ်၊ အနုပညာရှင်တွေအပေါ် ခွဲစိတ်မှု နဲ့ ပတ်သက်လို့ အစ်မအနေ နဲ့ ခွဲစိတ်ပြုပြင်တာ နဲ့ ပတ်သက်ပြီး မဝေဖန် ချင်ဘူး၊ ကောင်းတယ်လို့ လဲ လက်မခံပါဘူး၊ ခွဲစိတ်ပြုပြင်တာကို စိတ်ဝင်စားတယ်၊ BOT- OX တို့ filler တို့တော့ လုံးဝမကြိုက်ပါဘူး။ ဒီဆေးထိုး လိုက်ရင် အနည်းဆုံး  ရှစ်လတစ်နှစ်ခံမယ်၊ အဲဒါက ပြယ်သွားတဲ့ အချိန်ကျရင် ပြန် ထိုးရမှာပဲလေ၊ ဥပမာ သားရေကွင်းတစ်ကွင်းကို ဆွဲကြည့်လိုက်ကွာ တင်းသွားပြီး ပြန်လျော့သွားတဲ့ အချိန် ကျရင် သားရေကွင်းက အရင်ဆိုက် မဟုတ် တော့ဘူးလေ၊  ကျယ်သွားတယ် မဟုတ်လား၊  လူလဲ အဲဒီလိုပါပဲ ချဲ့တဲ့အခါ ရွဲ့သွားတယ်လို့ အဲဒီလို ခံစားရတယ်၊  သဘာဝအတိုင်း ရှိနေတာက အဆင်ပြေ လိမ့် မယ်လို့ ထင်ပါတယ်။

လူတစ်ယောက်က ကိုယ့်မျက်နှာကို အလှအပ ပြုပြင်ပြီးသွားရင် အဲဒီမျက်နှာ ကိုပဲလိုချင်ကြတယ်၊  အဲဒီမျက်နှာ မရမှာ စိုးရိမ်တဲ့စိတ်နဲ့ အချိန်တိုင်းလုပ်နေတဲ့အခါ ပိုက်ဆံတွေ ပိုပြီး  ကုန်လာမယ်၊ လိုချင်တပ်မက် စိတ်ကလဲ ပိုများလာတယ်  ပိုလှသွားတဲ့ မျက်နှာ ပြင်ပြီးသွားရင် အရင်မျက် နှာ ကို မလိုချင်ကြတော့ဘူးလေ ပိုလှသထက်လှအောင် ပိုပိုလုပ်ချင် တော့ လုပ်နေရတယ်၊ ကိုယ်က စမိသွားပြီဆိုတော့  မလုပ်ရင် မရ တော့ဘူး၊ အဲဒီတော့ လုပ်ချင်ရင် မေးရိုးကားမလား၊ မျက်ရစ် ဖော်မလား တစ်ခါတည်း လုပ်ချ ပစ် လိုက်ပါ၊ အဲဒါတွေက  သေရာပါတွေဆိုတော့  လက်ခံတယ်၊ ကိုယ်တိုင်  လဲစဉ်းစားတယ်၊  လုပ်ဖို့ ကမ်းလှမ်းရင်လဲ ဘာမှမလုပ်ချင်ပါ ဘူး၊ ကိုယ့်ခန္ဓာကိုယ်က တစ်ခုချင်းစီကြည့်ရင်တော့ မလှ ဘူးပေါ့၊ ပိုက် ဆံအရမ်းချမ်းသာရင်တော့  လုပ်မယ်၊ အားလုံးခြုံကြည့်ရင်တော့  ကိုယ်မျက်နှာကို သဘောကျပါတယ်” လို့ သရုပ်ဆောင်အေးမြတ်သူက ပြောပါတယ်။

လက်ရှိမှာ  အသက် ၃၂ နှစ်  အ ရွယ် မိန်းမတစ်ဦး ဖြစ်ပေမဲ့ လက်ရှိ အချိန်တွေကို ဘဝမှာ တန်ဖိုးအရှိ ဆုံး အချိန်တွေ အဖြစ် သတ်မှတ်ထားပြီးအဖိုးတန်  မိတ်ဆွေတွေနဲ့ အနားမှာ စောင့်ရှောက်ပေးကြတဲ့ ချစ်ရသူတွေရဲ့ အေးချမ်းတဲ့ အရိပ်မှာ ခိုနားခွင့်ရတဲ့ အချိန်တွေကိုလည်း တန်ဖိုးထားတယ်လို့ အေးမြတ်သူ က ပြောပါတယ်။

Source by – Kumudra




Leave a Reply

Your email address will not be published. Required fields are marked *

WordPress spam blocked by CleanTalk.