ယခင်ဘဏ္ဍာနှစ်ထက်ပြောင်းတန်ချိန် ၂ သိန်းကျော်ပိုမိုတင်ပို့နိုင်ခဲ့

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှာ ပြောင်းတန်ချိန် ၂သိန်းကျော်ပိုမို တင်ပို့နိုင် ခဲ့ကြောင်း စီးပွားရေး နှင့်ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန မှသိရပါတယ်။

တရုတ်နိုင်ငံကနေ ပြောင်းတန်ချိန်များပိုမိုဝယ်ယူတဲ့အတွက် ယခုဘဏ္ဍာနှစ် မှာ ပြောင်းတန်ချိန် ၂သိန်းကျော် ပိုမိုတင်ပို့နိုင်တယ်လို့ စီးပွားရေး နှင့်ကူး သန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင် ကပြောပါတယ်။

“လက်ရှိအခြေအနေမှာ တရုတ်နိုင်ငံကို နယ်စပ်ကနေ တင်ပို့တဲ့ ပြောင်းက စက်တင်ဘာလ (၈) ရက် နေ့ထိ တန်ချိန် ၄သိန်း ၃ထောင် ကျော်လောက် တင်ပို့ပြီးသွားပြီ။ပြီးခဲ့တဲ့ဘဏ္ဍာနှစ်က တန်ချိန် ၂သိန်းလောက်ပဲတင်ပို့ နိုင်တယ်။ တရုတ်အစိုးရကနေ ဒီနှစ်မှာ ပဲအစား ထိုးသီးနှံအဖြစ် ပြောင်းကို ပိုမိုဝယ်ယူတဲ့အတွက် ဒီဘဏ္ဍာနှစ်မှာ တန်ချိန်ပိုမိုမြင့်တက်လာတယ်”

ယခုလက်ရှိအခြေအနေအရ စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီး ဌာနမှ ပြောင်းတန်ချိန်ပိုမိုတင်ပို့နိုင်ရန် အတွက် ဈေးကွက်သစ် များ ရရှိရန် လုပ်ဆောင်နေကြောင်းသိရပါတယ်။

နိုင်ငံတကာပြောင်းဈေးနှုန်းများမြင့်တက်နေတဲ့အတွက် လက်ရှိ ပြည်တွင်းမှ တင်ပို့နေတဲ့ ပြောင်းဈေးနှုန်းများမှာလည်း မြင့်တက်နေ ကြောင်းသိရ ပါတယ်။

ဝေဖြိုးနိုင် (Pissaya Info)




Leave a Reply

Your email address will not be published. Required fields are marked *

WordPress spam blocked by CleanTalk.