သ⁠ကြားတင်သွင်းမှုကို စက်တင်ဘာ ၂၂ ရက်⁠နေ့တွင် ယာယီရပ်ဆိုင်းမည်

ပြည်ပမှသကြားတင်သွင်းမှု(Re-Export) စနစ်ကို ၂၀၁၇ ခုနှစ် စက်တင်ဘာ ၂၂ ရက်နေ့မှစတင်ကာ ယာယီရပ်ဆိုင်း သွားမှာဖြစ် ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှသိရပါတယ်။

လက်ရှိ ပြည်တွင်းမှာ သကြားထွက်တဲ့ရာသီဖြစ်နေတဲ့အတွက် ပြည်ပ ကနေ သကြားတင်သွင်းမှု(Re-Export) စနစ်ကို ယာယီရပ်ဆိုင်း ရခြင်းဖြစ်တယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်ကပြောပါတယ်။

“သကြားရာသီလည်းဖြစ်တဲ့အတွက်ကြောင့် လောလောဆယ် နိုင်ငံခြားက သကြားသွင်းတာကို ရပ်ဆိုင်းတာပါ။ သကြား စိုက်တောင် သူတွေ အခွင့်အလမ်းရရှိလာအောင် ၊ သကြားထုတ်လုပ်သူတွေ တိုးတက် လာစေဖို့အတွက် ရည်ရွယ်ပြီး လောလောဆယ် ယာယီ ပိတ်သိမ်းတာပါ”

သကြားတင်သွင်းခွင့် (Re – Export) စနစ်ကို ယာယီရပ်ဆိုင်းမှာဖြစ် သော်လည်း လုပ်ငန်းလိုအပ် ချက်အရ တင်သွင်းမှုကို ခွင့်ပြု ပေးသွား မှာဖြစ်တယ်လို့လည်း သိရပါတယ်။

အခုလက်ရှိသကြားဈေးကွက်မှာလည်း တည်ငြိမ်လျက်ရှိနေကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှသိရပါတယ်။

အေးအေးကျော် (Pissaya Info)




Leave a Reply

Your email address will not be published. Required fields are marked *

WordPress spam blocked by CleanTalk.